fbpx

This is digital planet.

Tech NewsZTE

Black Shark 2 ရဲု့ပြိုင်ဘက် Nubia Red Magic 3 April မှာ ထွက်ရှိနိုင်

Xiaomi မှ Snapdragon 855 အသုံးပြု Black Shark 2 ကို တရုတ်မှာမိတ်ဆက်ပေးခဲ့ပြီး မကြာခင်မှာပဲ Nubia General Manger တစ်ဦးဖြစ်တဲ့ Ni Fei က နောက်လာမဲ့ Nubia Red Magic 3 မှာပါဝင်မဲ့ အဓိက Feature ၆ ခုကို Weibo မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါအပြင် Nubia Red Magic 3 ကိုနောက်လာမဲ့ April လမှာ တရားဝင်မိတ်ဆက်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

Nubia Red Magic 3 မှာတော့ Liquid + Air cooling technology ကိုထည့်သွင်းပေးလာမှာဖြစ်ပါတယ်။ Weibo မှာဖော်ပြချက်ကိုမြင်တွေ့ရရင် Turbo fan လည်းပါဝင်လာမယ်လို့သိရပါတယ်။ ဒီ Cooling Fan feature ကတော့ အရင်က Nubia အနေနဲ့ မူပိုင်ခွင့် တင်ခဲ့တာဖြစ်ပါတယ်။

Nubia Red Magic 3 Features
Red Magic 3 မှာတော့ Snapdragon 855 နဲ့ 12 RAM ပါဝင်မယ်လို့သိရပြီး Refresh rate အနေနဲ့ Gaming PC တစ်လုံးထက်ပိုမိုသာလွန်မယ်လို့သိရပါတယ်။ ခန့်မှန်းချက်အရ Razer Phone မှာပါဝင်တဲ့ 120 Hz နီးပါးလောက် မြင့်မားတဲ့ Refresh rate လည်းပါဝင်လာဖွယ်ရှိနေပြီး Eye Protection features ကိုလည်းအဆင်မြင့်တင်ပေးထားမယ်လို့လည်းသိရပါတယ်။

Nubia Red Magic နဲ့ Red Magic Mars မှာတော့ 3800 mAh ဘက်ထရီပါဝင်ခဲ့ပြီး Red Magic 3 မှာတော့ အဆိုပါ ပမာဏထက်ပိုမိုများပြားလာဖွယ်ရှိနေပါတယ်။ ဒါအပြင် ပိုမိုကောင်းမွန်တဲ့ Gaming Experience ရရှိဖို့အတွက် 4D Vibration motor နဲ့ Haptic feedback ကိုလည်းပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးထားတယ်လို့သိရပါတယ်။

Nubia Red Magic 3 ရဲ့ Spec အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ Black Shark 2 အနေနဲ့ မနေ့ကမိတ်ဆက်ခဲ့တဲ့နေရာမှာတော့ ဈေးနှုန်းအနေနဲ့ ယွမ် ၃၁၉၉ (မြန်မာငွေ ၇ သိန်း ၄ သောင်းဝန်ကျင်) နဲ့စတင်ခဲ့တာဖြစ်ပြီး အခု Red Magic 3 အနေနဲ့လည်း အဆိုပါ ဈေးနှုန်းလောက်ထွက်ရှိလာဖွယ်ရှိတယ်လို့ခန့်မှန်းရပါတယ်။

Ref: Gizmochina

Photos: ZTE and Nubia