fbpx

This is digital planet.

NewsXiaomi

Black Shark 2 Pro Live Image နဲ့ AnTuTu benchmarks ထွက်ပေါ်လာ…

Black Shark ဟာ မကြာသေးခင်ကပဲ Black Shark 2 Pro ရဲ့ Design ကို Tease ခဲ့ပါတယ်။ အခု Live Image ထွက်ပေါ်လာတဲ့အတွက် Design ဘယ်လိုရှိလဲဆိုတာ သိရပါပြီ။ ပုံမှာက ဖုန်းရဲ့အနောက်ဘက် Design ကိုပဲပြထားပြီး Black Shark 2 နဲ့ ဆင်တယ်လို့ပြောရမှာပါ။ တစ်ချို့ Texture လေးတွေ Composition လေးတွေတော့ ပြောင်းထားပါတယ်။ House LED strips အစိမ်းရောင်တွေကို Black Shark logo ရဲ့ဘေးဘက် နဲ့ ထောင့်တွေမှာ ထားပေးထားပါတယ်။ အချို့အပိုင်းလေးတွေက ရိုးရိုး Black Shark 2 နဲ့ဆင်တူနေတာကိုတွေ့ရမှာပါ။

Black Shark 2 Pro appears in a live image, visits AnTuTu with Snapdragon 855+

အဲ့ Black Shark 2 Pro ရဲ့ နောက်ဘက် Cover က Black Shark 2 ထက် Glass arean ကို ပိုထည့်ထားတာတွေ့နိုင်ပါတယ်။ AnTuTu Benchmark အရ Performance အတွက် အသစ်ထွက်ထားတဲ့ Snapdragon 855 Plus ကို အသုံးပြုထားတယ်။ 12GB RAM ၊ Android Pie ၊ 256GB storage နဲ့ Full-HD+ စတဲ့ Specifications တွေကိုလည်း AnTuTu က Confirm သွားပါတယ်။

Image result for black shark 2 pro

Black Shark 2 Pro ရဲ့ AnTuTu’s test ရဲ့ Score က 405,598 points ရှိပြီး Black Shark 2 ထက် 30,000 points ပိုများပါတယ်။ Black Shark 2 Pro ကို July 30 မှာစတင်မိတ်ဆက်ဖို့ရှိနေပါတယ်။ အဲ့ဒီအချိန်မတိုင်ခင် နောက်ထပ် သတင်းတွေကို ကြားရလာနိုင်ပါတယ်။

Ref: GSMArena

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်