This is digital planet.

Tech NewsXiaomi

ဇူလိုင်လကုန်မှာ မိတ်ဆက်မယ့် Black Shark 3s မှာ ဘာထူးခြားလာမလဲ?

ဖုန်းတွေကို တမျိုးပြီးတမျိုး မရိုးရအောင် မိတ်ဆက်တယ် ဆိုတာထက် 2020 ဇူလိုင်လ တစ်လဲထဲမှာကို ဂိမ်းမင်းဖုန်း ၄ မျိုး လောက် မြင်လိုက်ရတယ်ဆိုရင် တအံတအား ဖြစ်ကြမှာပါ။

ကိုရိုနာ ဖြစ်ပွားနေလို့ စမတ်ဖုန်း စျေးကွက် အေးတိအေးစက် နိုင်တယ်ဆိုပေမယ့် သူ့ထက်ငါ အသာရအောင်ကိုပဲ အာရုံစိုက်နေတဲ့ ထုတ်လုပ်သူအတွက်ကျ မဆန်းတော့ဘူး ဆိုရမှာပါ။

တစ်ချိန်တုန်းက ဖုန်းတစ်လုံးဆိုရင် တန်ဖိုးကြီးကြီးမားမား ပေးဝယ်ရတာမျိုး မရှိပေမယ့် ခေတ်အားလျော်စွာ နည်းပညာတွေလည်း ဆန်းသစ်လာတယ်၊ ဖုန်းပြော အင်တာနက်ကြည့်ရုံလောက် အဆင့်ကနေ ဘက်စုံသုံး Device ဖြစ်လာတဲ့အခါမှာတော့ စွမ်းဆောင်ရည် တစ်ခါထက်တစ်ခါ ပိုကောင်းလာသလို စျေးလည်း ပိုကြီးလာပါတယ်။

Mobile Gaming Era

အထူးသဖြင့် ဖုန်းတစ်လုံးနဲ့ Multi-player ဂိမ်း ကောင်းကောင်း ကစားနိုင်တဲ့ခေတ် ရောက်လာတော့ စမတ်ဖုန်းကိုပဲ အာရုံထားလာကြတယ်၊ အရင်က PC ရှိမှ ၊ Console ရှိမှ ကစားလို့ရတဲ့ အခြေနေ ကျော်လွန်လာတဲ့အခါ ဂိမ်းမင်းဖုန်းဆိုထာလည်း မြင်တွေ့လာရပါတယ်။

Black Shark 3

Image: SlashGear

သာမန်ဖုန်းတွေနဲ့ မတူတဲ့အချက်က Overclocked Processor ၊ Advanced Cooling နည်းပညာတို့ ပါဝင်တာဖြစ်ပြီး ဂိမ်းကစားတဲ့အခါ အပူကြောင့် ၊ ကွန်နက်ရှင်ကြောင့် အနှောက်ယှက် မရှိအောင် ဖန်တီးရင်း ဒီတခါမှာတော့ Xiaomi ရဲ့ ဂိမ်းမင်းဖုန်း အသစ်မြင်ရဖို့ရှိနေပါတယ်။

Black Shark 3s

စာဖတ်သူတွေ ကြိုက်မကြိုက် မသိပေမယ့် 2020 မတ်လတုန်းကမှ Black Shark 3 မိတ်ဆက်ထားတာပါ။ ၃ လတာ ကာလပဲ ရှိသေးပေမယ့် မရှေ့မနှောင်း ထွက်ရှိလာတဲ့ ROG Phone 3 ၊ Lenovo Legion Duel ဂိမ်းမင်းဖုန်းတွေက ၃ လသားထက် ပိုသာသွားပြီလေ။

Black Shark 3 Pro မှာ 90Hz Refresh Rate ကို 3,040 x 1,440p (QHD+) Resolution မှာ ထောက်ပံ့ထားပေမယ့် ၃ လ ထက် ပိုမတောင့်နိုင်သလို 10% – 15% ဆိုရုံလောက်ပဲ ပိုစွမ်းဆောင်နိုင်တဲ့ Snapdragon 865+ ၊ LPDDR5 RAM တို့နောက် လိုက်ရပြီလေ။

Black Shark 3s

Image: Gizmochina

CEO “Luo Yuzhou” အနေနဲ့ Black Shark 3s ကို Tease လုပ်ထားပြီ ဆိုပေမယ့် တရုတ်နိုင်ငံမှာ မိတ်ဆက်မယ့်ရက် ဇူလိုင်လ (၃၁) ရက်နေ့မှာပါ။

Coming July 31st

အစောပိုင်း အနေနဲ့ 3 Pro ကိုပဲ အဆင့်မြင့်ထားမယ့် နောက်မော်ဒယ်တစ်ခု ထုတ်ပြလာမယ်လို့ Speculate လုပ်ခဲ့ကြပေယ့် 3s လို့သာ ဖြစ်သွားတာပါ။

အဆိုပါ 3s မော်ဒယ်ဟာ အရင်ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်း အတူတူပဲ ဖြစ်မယ်လို့ သုံးသပ်ရသလို ကျွမ်းကျင်သူတွေ ခန့်မှန်းချက်အရ ပိုမိုကောင်းမွန်တဲ့ sAMOLED Display ပါဝင်လာပြီး Refresh Rate မြင့်မြင့် (144Hz) ထောက်ပံ့မယ်လို့ သိရပါတယ်။

ဒါပေမယ့် 3s ရဲ့ Specification အပြည့်စုံ ပေါက်ကြားထားတာမျိုး မရှိသလို ထွက်ရှိပြီးဖြစ်တဲ့ ROG Phone 3 ၊ Legion Duel တို့ အနေထားနဲ့ ပြောရင်တော့ 6.67” Screen ၊ 144Hz Refresh Rate ၊ Snapdragon 865+ တို့ အသုံးပြုလာနိုင်ချေရှိပြီး 8GB LPDDR5 RAM (သို့) 16GB ပါဝင်လာနိုင်ပါတယ်။

Black Shark 3

Image: Engadget

အလားတူ 5G နည်းပညာစနစ် ထောက်ပံ့မယ့်အပြင် Black Shark 3 တုန်းကလို Triple Camera နဲ့ ပွဲထုတ်လာနိုင်ပြီး ရှေ့နှစ်တွဲလို အပြိုင်မြင်တွေ့လာရမယ့် နောက်ထပ် ဂိမ်းမင်းဖုန်းတစ်လုံးက Red Magic 5s ပါ။

အဆိုပါ 5s နဲ့ ပတ်သက်လို့ Nubia ဥက္ကဌ ကြွားလုံးထုတ်ထားတာရှိလို့ Black Shark 3s ရဲ့ Competitor ကောင်း ဖြစ်လာဦးမှာပါ။ Show-off လုပ်သွားတဲ့အထဲမှာတော့ ICY Silver အခေါ် 5s ရဲ့ Cooling System အသစ် ဖြစ်ပြီး ဝယ်တာ ၊ မဝယ်တာ အပထား သူတို့ မိတ်ဆက်တော့လည်း ထိုင်ကြည့်ရုံပေါ့။

Source: Gizmochina