fbpx

This is digital planet.

K News

BTS အဖွဲ့ရဲ့ကြည့်ရှုနှုန်း 600Million ပြည့်တာ ဒုတိယမြောက်ဖြစ်လာတဲ့ ‘FIRE’ MV

BTS အဖွဲ့ဟာဆိုရင်တော့ သီချင်းကောင်းမြောက်မြားစွာနဲ့ ကမ္ဘာတလွှားက လူတန်းစားပေါင်းစုံပါဝင်တဲ့ ပရိတ်သတ်ထုကြီးကို ပိုင်ဆိုင်ထားတဲ့ အနောက်နိုင်ငံတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်လာနိုင်တဲ့ Korean boy group တစ်ခုဖြစ်ပါတယ်။ လက်ရှိအနုပညာသက်တမ်း၆နှစ်မှာ BTS အဖွဲ့ဝင်တွေရဲ့ official music video ပေါင်း ၅၀ ပတ်ဝန်းကျင်ရှိပါတယ်။ အဲဒီအထဲက မေလ ၂ရက်နေ့၊ ၂၀၁၆ တုန်းကထွက်ရှိခဲ့တဲ့ သူတို့ရဲ့The Most Beautiful Moment in Life: Young Forever album မှာပါဝင်ခဲ့တဲ့ ‘FIRE’ music video ဟာဆိုရင် စက်တင်ဘာလ ၁၀ရက်နေ့မှာပဲ ကြည့်ရှုနှုန်း 600M ကျော်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

သူတို့အတွက် ကြည့်ရှုနှုန်း 600M ကျော်တဲ့ ဒုတိယမြောက် MV လည်းဖြစ်ပါတယ်။ ပထမတစ်ခုကတော့ နှစ်အစောပိုင်းလောက်မှာ အရင် 600 million ပြည့်သွားခဲ့တဲ့ DNA music video ပဲဖြစ်ပါတယ်။ သာမန်အနောက်တိုင်း artist တစ်ယောက်အတွက်တောင် များတယ်လို့ဆိုရမယ့် ဒီလောက် ကြည့်ရှုနှုန်းစံချိန်တင်ထားတာကတော့ kpop industry ရဲ့ သမိုင်းတလျှောက် လောလောဆယ်မှာ BTS အပြင် အခြားအဖွဲ့အနေနဲ့ Blackpink တစ်ဖွဲ့ပဲရှိပါတယ်။

Ref: SOOMPI