This is digital planet.

GamesTech News

Command & Conquer (C&C) Remastered Version ကြေညာလိုက်ပြီ

Command & Conquer (C&C) ကို သိတယ်မလား အဲ့လိုမပြောရင် ရွှေတူးစစ်တိုက်ကို မှတ်မိကျမယ် ဟုတ်တယ်ဟုတ်? ကျွန်တော်တို့ဆီမှာ ကွန်ပျူတာဂိမ်း ခေတ်မစားခင် အချိန်တုန်းက PlayStation (P1) ဆိုင်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် ကစားခဲ့ကြတဲ့ RTS ဂိမ်းလေး။

အဲ့ချိန်တုန်းက Multi-player ဆိုတာ JoyStick နဲ့ပဲ ကစားကြတာဆိုတော့ တစ်ယောက်နဲ့တယောက် ဖိုက်ချင်ရင် TV ၂ လုံးဆက်၊ ကိုယ်ကျွမ်းရင်ကျွမ်းသလို နယ်ချဲ့ ပိုက်ဆံများများရှာ၊ အင်အားကြီးလာတာနဲ့ သူငယ်ချင်း နယ်နိမိတ်ထဲ ဝင်တိုက် အနိုင်ယူရ ကစားရတာ အရသာရှိတာပါ။

Command & Conquer

Single-player ဆော့ရင်လည်း မှတ်မိသေးတယ်၊ ကျွန်တော်တို့က (တြိဂံ ၊ အဝိုင်း ၊ အမြောက်၊ လေးထောင့်) ကို ၁ ၊ ၂ ၊ ၃ ၊ ၄ ယူပြီး ပိုက်ဆံခိုးရင် ၁၁၄၂၂၂ နှိပ်ပြီး Cheat တယ်။ စာဖတ်သူတွေကို အခုလို မိတ်ဆက်နေတာ Command & Conquer ခေါင်းစဥ်အောက်မှာ ထွက်ရှိထားတဲ့ Red Alert ခေါ်တယ်ပေါ့။

Command & Conquer

Image: Gamespot

အဲ့တုန်း Russia ၊ Ukraine တွေက အသင်းကြီး England ၊ Germany တို့ဆိုတာ ဂိမ်းထဲမှာ ယှဥ်ကြည့်လိုက်ရင် Tesla Coil ၊ Heavy Tank ၊ Super Tank လို ၂ လုံးပြူးတင့်ကား၊ T92T Tesla Tank ၊ V2 Rocket Launcher လို တာဝေးပစ် Tank တွေနဲ့ လျှပ်စစ်တင့်ကားတွေ မပါခဲ့ဘူး (နည်းပညာကွာတယ် ပြောရမယ်ပေါ့)

Westwood Studios

ကျွန်တော်မှတ်မိသလောက် Red Alert ဂိမ်း Trivia လေးကို ပြောပြတာပါ။ ဘောဒါတွေနဲ့တိုက်ရင် Random ရွေးတာမှန်ပေမယ့် အသင်းကြီးကျရင် ကံကောင်းတယ်လို့ တွေးခဲ့ပေမယ့် သူ့နိုင်ငံနဲ့သူ ကစားလို့ ကောင်းပါတယ်။

Command & Conquer

Image: IndieDB

History လေးနွေးရရင် C&C ကို ဖန်တီးခဲ့တာ Westwood Studios ဖြစ်ပါတယ်။ Red Alert အပြင် Command & Conquer: Generals RTS ဂိမ်းရဲ့ Original Creator လို့လည်း ပြောနိုင်သလို PlayStation ခေတ်တုန်းက Red Alert အပြင် Tiberian Dawn ၊ Expansion Packs တွေဖြစ်တဲ့ Covert Ops, Counterstrike နဲ့ Aftermath စီးရီးတွေလည်း ထွက်ရှိခဲ့တာပါ။

Original Creators

ကျွန်တော်တို့ဆီမှာတော့ Red Alert ကို နှစ်ခြိုက်ခဲ့ကြပြီး ကွန်ပျူတာဂိမ်း ခေတ်စားလာတဲ့အခါမှာ Red Alert 2 ကို ဂိမ်းဆိုင်တိုင်းလိုလို လူငယ်၊ လူကြီး ကစားခဲ့ကြပါတယ်။ ၂၀၀၁ ခုနှစ် RA2 ထွက်ရှိပြီးနောက်ပိုင်း Westwood Studios ကို Electronic Arts ဝယ်ယူခဲ့သလို ခုနှစ်ခုမြောက်ဂိမ်းဖြစ်တဲ့ C&C: Generals ကို ၂၀၀၃ ခုနှစ်မှာ ထုတ်ပေးခဲ့ပါတယ်။

Command & Conquer

Original Poster: Image (MobyGames)

စာဖတ်သူတွေ သိတဲ့အတိုင်း Generals မှာ 3D Graphics Engine အသုံးပြုထားလို့ ပိုပြီးအသက်ဝင်စေသလို Developer DICE ဖြစ်သွားတဲ့အတွက် လုံးဝ Electronic Arts ဂိမ်းလုံးလုံးဖြစ်ခဲ့တာပါ။

C&C: Generals 2

C&C: Red Alert နဲ့ ကွဲပြားမှုတွေ ရှိပေမယ့် သူ့ဟာနဲ့သူ အောင်မြင်မှုရခဲ့တယ်။ Generals: Zero Hour Expansion ထွက်လာတဲ့အထိ နှစ်ခြိုက်ခဲ့ကြသလို C&C စီးရီးကို ထပ်မံချဲ့ထွင်ဖို့ ကြိုးစားရင်း ၂၀၁၃ မှာ ဆုံးခန်းတိုင်ခဲ့ရတာပါ။

Command & Conquer

Image: StrategyGame

Generals 2 ကို Alpha Test ရောက်တဲ့အထိ ထွက်ရှိဖို့ တာဆူခဲ့ပေမယ့် Negative Feedback တွေကြောင့် နောက်ဆုတ်ခဲ့ရတယ်။ ကြားထဲမှာ ကျနော် ဖော်ပြဖို့ကျန်ခဲ့တာ Red Alert 3 ပဲဖြစ်ပြီး EA ထုံးစံ Hyper-tech တွေနဲ့ ဖန်တီးထားတဲ့ အနာဂတ်စစ်ပွဲပုံစံ ဗီဒီယိုဂိမ်းပါ။

၂၀၀၈ ၊ နိုဝင်ဘာမှာ ထုတ်ဝေခဲ့တာဖြစ်ပြီး Developer EA Los Angeles ကိုင်တွယ်ထားတယ်။ ဇာတ်လမ်းကျောရိုးက RA2 နဲ့ အတူတူပဲဆိုပေမယ့် ဒုတိယကမ္ဘာစစ်ကို Alternate Version တမျိုးနဲ့ တင်ဆက်ထားတော့ စိတ်ဝင်စားဖို့ကောင်းတယ်။

Command & Conquer

Image: Microsoft

RA3 Alternate Reality

RA2 မှာ Chronosphere လို့ခေါ်တဲ့ Time-machine သုံးပြီး မဟာမိတ်တွေ အနိုင်ရခဲ့တာ သိမယ်ထင်ပါတယ်။ ဒါကို Soviet တွေက မကျေနပ်ဘဲ Time-machine ထွင်တဲ့ Albert Einstein ကို ကောက်သတ်ပလိုက်တယ်၊ သူတို့အထင် ဒုတိယကမ္ဘာစစ်ပွဲ အောင်နိုင်သူဖြစ်မယ်ပေါ့။

တကယ်တမ်းကျ ထင်သလိုဖြစ်မလာဘဲ Rising Sun လို့ခေါ်တဲ့ ဂျပန်တပ်မဟာကြီးနဲ့ တည့်တိုးတယ်။ တတိယ အင်အားအကြီးဆုံးနိုင်ငံဖြစ်နေပြီး RA3 မှာ ဂျပန် ၊ မဟာမိတ် နဲ့ ရုရှား ၃ ဖက်ကနေ ကစားရတယ်။ Generals မှာကျ USA ၊ China နဲ့ GLA ၃ သင်းပဲ ပါဝင်ပြီး MODs တွေ အသားကုန်ထည့်နေလို့သာ တပ်မျိုးစုံဖြစ်နေတာပါ။

Command & Conquer

Red Alert 3 Gameplay Footage by EA (Image: MegaGames)

အခုလို တင်ဆက်ပေးတာက Command & Conquer Franchise တစ်ခုလုံးနဲ့ ရင်းနှီးသွားအောင်လို့ပါ။ စာဖတ်သူတွေထဲမှာလည်း ကိုယ့်အကြိုက်ကိုယ်စီ ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော့်အတွက်ဆိုရင် Red Alert ကို အနှစ်သက်ဆုံးဖြစ်ပြီး

Welcome Back! Commander

Electronic Arts ကြေညာပေးလိုက်တဲ့ Remastered Version ဆိုတာက Original Trilogy ဖြစ်တဲ့ C&C: Tiberian Dawns ၊ Red Alert နဲ့ Expansion Packs တွေပါ။ ဒီစီးရီး ၃ ခုလုံးကို PC အတွက် ထုတ်ဝေသွားမှာဖြစ်ပြီး Steam နဲ့ Origin Store တွေမှာ ၁၉.၉ ဒေါ်လာနဲ့ Pre-order နိုင်ပါပြီ။