fbpx

This is digital planet.

K News

Confident အပြည့်နဲ့ visual ကိုတွေ့မြင်ရမယ့် PRODUCE X 101’s Koo Jung Mo ရဲ့ profile ပုံအသစ်များ

Mnet survival show “Produce X 101″မှာ Starship entertainment က trainee ၅ယောက်ပါဝင်ခဲ့ပါတယ်။ အဲ့ဒီထဲက ၂ယောက်သာ final line up ထဲပါခဲ့ ပေမယ့် ၅ယောက်စလုံးကတော့ ပရိတ်သတ် အခိုင်အမာရရှိခဲ့ပါတယ်။

Koo Jung Mo ဟာဆိုရင်တော့ PRODUCE X 101 မှာ နံပါတ် ၁၃ချိတ်ခဲ့ပြီး X1 member ဖြစ်ဖို့ လွဲခဲ့ရသူပါ။ အသက် ၁၉နှစ်သာရှိသေးတဲ့ trainee idol တစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာသူနဲ့ လက်တွဲထားတဲ့ Starship Entertainment Agency ရဲ့ media account ကနေ JungMo ရဲ့ profile ပုံတွေကို ပရိတ်သတ်တွေဆီ ချပြလိုက်ပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ JungMo ကို အဖြူရောင် ဝမ်းဆက်၊ ပလတ်စတစ်ဘောလုံးလေးတွေနဲ့ တည်ငြိမ်ပြီး futuristicဆန်တဲ့ vibeနဲ့တွေ့ရမှာပါ။ ထပ်ပြီး တင်မယ့် profile ပုံတွေနဲ့ပတ်သက်လို့လဲ agency ကိုယ်တိုင်က သဲလွန်စပေးထားတာတွေလည်းရှိနေပါသေးတယ်။

Starship entertainment ကလည်း လာမယ့်နှစ် အစောပိုင်းမှာ boy group အသစ်တစ်ခုဖွဲ့ဖို့ အစီစဥ်ရှိနေတာကြောင့် ပရိသတ်တွေရင်ခုန်စရာဖြစ်လို့နေပါတယ်။

Ref: Soompi