fbpx

This is digital planet.

Articles

ကွယ်လွန်သွားပြီဖြစ်တဲ့ Cut, Copy & Paste တီထွင်သူကြီး Larry Tesler

ကွန်ပျူတာတစ်လုံး ၊ ဖုန်းတစ်လုံးအတွက် အရေးပါတာ Hardware လို့ (ယေဘူယျ) သတ်မှတ်ကျပေမယ့် လက်တွေ့မှာ Software ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေက ပိုအသက်ဝင်စေပါတယ်။

ဒါကို စာဖတ်သူတွေ Pixel ၊ HUAWEI ဖုန်းတွေမှာ Software နဲ့ အရည်သွေးကောင်းအောင် ရိုက်နိုင်တာကို မြင်ယောင်ကြည့်နိုင်ပြီး Hardware တစ်ခုလုပ်ဆောင်နိုင်စွမ်းကို မြင့်တင်ပေးနိုင်တယ်။

Larry Tesler

Image: The Verge

ဒီလိုပဲ ကွန်ပျူတာလောကမှာလည်း အထင်ကရဖြစ်စေခဲ့တဲ့ ပညာရှင်ကြီး Larry Tesler ဟာ Word Processor လုပ်ဆောင်ချက်တမျိုးကို ဖန်တီးပေးခဲ့ပါတယ်။
Larry ဟာ Steve Jobs ၊ Bill Gates တို့လို ပဲ့ကိုင်ရှင်မျိုး ဖြစ်ခဲ့တာမဟုတ်ပေမယ့် ဖန်တီးခဲ့မှုလေးက အနုပညာအသိုင်းဝိုင်းမှာ လေးစားသမှုပြုခံရတယ်။

ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ ပညာရပ်တစ်ခုခုကနေ ဘွဲ့ရထားတာမျိုး မရှိခဲ့ပေမယ့် Personal Computin (PC) ၊ Apple နဲ့ Android ဖုန်းတွေရဲ့ အရေးပါဆုံး တီထွင်မှုကို ဆောင်ကျဥ်းပေးခဲ့တယ်။

စာဖတ်သူတွေလည်း ဗဟုသုတရသွားအောင် Larry Tesler ရဲ့ အထ္တုပတ္တိကို အကျဥ်းလေး ဖော်ပြပါရစေ။

Larry Tesler Biography

Larry ကို ၁၉၄၅ ခုနှစ် နယူးယောက်မြို့မှာ မွေးဖွားပြီး Computer Science ပညာရပ်ကို ဆည်းပူးဖို့ Stanford University မှာ လေ့လာခဲ့ပါတယ်

Elon Musk ဟာလည်း Stanford မှာ Energy Physics/ Materials ပညာရပ်ကို ဆည်းပူးခဲ့ပါတယ်

ဘွဲ့ရသွားတော့ Larry ဟာ ဥာဏ်ရည်တု (A.I) နည်းပညာကို စိတ်ဝင်တစားဖြစ်ခဲ့တဲ့အတွက် အဲ့ခေတ်အဲ့အခါတုန်းက A.I Research မှာ အောင်မြင်နေတဲ့ IBM ဟာ Larry ရဲ့ ပြိုင်ဖက်ဖြစ်ခဲ့ပါတယ်။

၁၉၇၃ မှာ Xerox Palo Alto Research Center (PARC) မှာ အလုပ်ရခဲ့ပြီး ၁၉၈၀ အထိ လုပ်ကိုင်ခဲ့တယ်၊ PARC ဟာ ကွန်ပျူတာ Mouse ကို အသုံးပြုပြီး Graphical Interface ပိုင်းဆိုင်ရာ နည်းပညာတွေကို သုတေသနလုပ်နေတဲ့ နေရာပါ။

Gypsy Close!

Larry ဟာ Tim Mott နဲ့အတူတူ Gypsy လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ Word Processor ကို သုတေသနလုပ်နေခဲ့ပြီး ရည်ရွယ်ချက်ကတော့ Remove ၊ Duplicate နဲ့ Repositioning လုပ်ဖို့ တနည်း CutCopy & Paste ကို ဖန်တီးခဲ့တာပါ။

အခုလို Larry တီထွင်မှုတစ်ခုက Operating System (OS) နဲ့ Text Editors တွေအတွက် အသုံးဝင်ဆုံး Conecpt ဖြစ်ခဲ့တဲ့အတွက် ကျော်ကြားမှုက တစ်ခါထဲ ပါလာခဲ့ပါတယ်။

Larry သရုပ်ပြထားတဲ့ Gypsy ဗီဒီယို

၁၉၈၀ မှာ Apple Computer ကုမ္ပဏီဆီကို ကူးပြောင်းခဲ့ပြီး Vice President of AppleNet ၊ Apple’s Chief Scientist စတဲ့ Position တွေကို ၁၉၉၇ အထိ တာဝန်ယူခဲ့ပါတယ်။

Larry Tesler! On the Verge of Apple

Apple မှာ လုပ်ကိုင်စဥ်တုန်းက QuickTimeLisa နဲ့ Newton Tablet ၊ Macintosh ထုတ်ကုန်တွေကို ကိုင်တွယ်ခဲ့ပြီး Copy ၊ Paste ၊ Cut လုပ်ဆောင်ချက်တွေက Macintosh ကွန်ပျူတာတွေနဲ့ Lisa တို့မှာ ထပ်လောင်း အောင်မြင်ခဲ့ပါတယ်။

AppleNet ကို နောက်ပိုင်းမှာ ဖျက်သိမ်းလိုက်တဲ့အတွက် Chief Scientist နေရာကို တာဝန်ယူခဲ့တယ်လို့ သုံးသပ်မိပါတယ်

Larry Tesler

Image: Archinect

Apple ကနေ ထွက်လိုက်ပြီးတဲ့နောက် ကလေးငယ်တွေ Programming ဆိုင်ရာ သဘောတရား Concept တွေ လေ့လာနိုင်ဖို့ Stagecast Software ဖန်တီးခဲ့ပါတယ်။
၂၀၀၁ မှာ Amazon ရဲ့ VP (Shopping Experience) အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၅ မှာ Yahoo ဆီ ရောက်သွားခဲ့ပါတယ်။

A Pro Consultant

အဲ့ဒီမှာလည်း User Experience နဲ့ Design Group အပိုင်းကို ကိုင်တွယ်ခဲ့ပြီး Larry နောက်ဆုံးလုပ်ကိုင်ခဲ့တာက 23andMe ဖြစ်ပါတယ်။
၂၀၀၉ နောက်ပိုင်းမှာ အကြံပေးအလုပ်ကိုင်တွေကိုပဲ လုပ်ကိုင်ခဲ့ပြီး Tesler ဖန်တီးမှုတစ်ခုကတော့ အချိန်မရွေး အကျိုးပြုနေဆဲပါ။

Larry ရဲ့ CV Form ကိုလည်း ဗဟုသုတအဖြစ် ဝေမျှေပေးလိုက်ပါတယ်

Apple ၊ Windows ပိုင်းတွေမှာသာမက Photoshop ၊ Video Editor အစရှိတဲ့ Application တိုင်းတွက် အရေးပါတဲ့ Cut ၊ Copy & Paste ကို ဖန်တီးခဲ့တာ တမျိုးတွေးကြည့်ရင် မပြောပလောက်တဲ့ အရွယ်စားလေးပါ။

ဒါပေမယ့်လည်း Larry သာ မလုပ်ပေးခဲ့ရင် တမျိုးတဖုံ ဖြစ်လာနိုင်သလို Word Processor အတွက် ချန်ထားခဲ့တဲ့ ဖန်တီးရှင်ကြီးက အသက် ၇၄ နှစ် အရွယ် အတိအကျ ပြောရင်တော့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ တနင်္လာနေ့မှာ ငြိမ်းချမ်းစွာ အနားယူသွားပြီ ဖြစ်ပါတယ်။

Credit: Andrew Liszewski (Gizmodo) ၊ The Verge