fbpx

This is digital planet.

ArticlesCPU

CPU နဲ့ပက်သက်ပြီး အခြေခံသိထားသင့်တာလေးတွေ

Smartphone Fan တွေနဲ့ပက်သက်ရင် ကိုယ့် Page မှာ Audience အနေအထားတစ်ခုရှိပေမဲ့ PC ပက်သက်ရင် နည်းနေတာတွေ တွေ့ရပါတယ်။ Smartphone အကြောင်းပဲဖြစ်ဖြစ် PC အကြောင်းပဲဖြစ်ဖြစ် စာဖတ်သူအတွက် အဆိပ်အတောက်မဖြစ်စေတဲ့အကြောင်းအရာတွေမဟုတ်ဘူးဆိုတာတော့ အာမခံပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာလဲ CPU တွေနှင့် သက်ဆိုင်တဲ့ အသုံးအနှုန်း၊ လက်ရှိဈေးကွက်ထဲ မှာတွင်ကျယ်စွာအသုံးပြုတဲ့ ဝေါဟာရတွေအပြင် CPU တွေအကြောင်းသိကောင်းစရာတို့ကို လွယ်လွယ်နှင့် နားလည်လွယ်အောင် ရေးသားပေးထားပါတယ်။

Smartphone, Personal Computer, Laptop စတဲ့ Computing ပစ္စည်းတွေဟာ CPU (Central Processing Unit) ပေါ်အခြေခံ ပြီးအလုပ်လုပ်ပါတယ်။ ဒီ CPU ဟာ လူတွေထည့် သွင်း လိုက်တဲ့ Data တွေကို တွက်ချက်ပြီး Information အဖြစ်ပြောင်းလဲ ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ နားလည်ရလွယ်အောင်ပြောရရင် ဂဏန်းပေါင်း စက်တစ်ခုလိုပါပဲ လူတစ်ယောက်က 1 နှင့် 2 ကို ပေါင်းပါ ဆိုပြီး Data ထည့် လိုက် ရင် Information အဖြစ် 3 ဆိုပြီး အဖြေ ရလိုက်သလိုပါ။

Image result for cpu from sand

CPU တွေကို သဲ ကထုတ်လုပ်ပါတယ် (အံသြသွားသလား အဲ့အကြောင်းနဲ့ပက်သက်ပြီး CPU ဘယ်လိုဖြစ်ပေါ်လာလဲ ရေးသားပေးပါဦးမယ်)။ Silicon ရာနှုန်းမြင့်မားတဲ့ သဲတွေကိုအခြေခံ ပြီး Semiconductor အသေးလေးတွေထုတ်ရပါတယ်။ ရွှေကနေ ထုတ်တဲ့ Semiconductor ကို အခုနောက်ပိုင်း အသုံးပြုလာပါပြီ။ ဒီ Semiconductor တွေကနေ Transistors လေးတွေပြုလုပ်ပြီး Central Processing Unit (CPU) တစ်ခု ကို တည်ဆောက်ရပါတယ်။ CPU နှင့် Chipset ကို မတူညီပါ။ Chipset က CPU/GPU တွေနှင့် အခြားအရာ အားလုံးကို စုထားပေးတဲ့ Chip အပြားလေး ဖြစ်ပါတယ်။

CPU တွေ မှာ သုံးတဲ့ အသုံးအနှုန်း ဝေါဟာရတွေက ရှုပ်ထွေး ပြီး မှတ်ရခက်ပါတယ်။ ပိုပြီး လွယ်လွယ်မှတ်လို့ရအောင် အခြေခံ Key features တွေကို ပြုစုပေးထားပါတယ်။ ဒါဖတ်ပြီး Intel Website, AMD Website တို့က အရာတွေကို သေချာ ဖတ်ကြည့်လို့ရပါပြီ။

Image result for what is cpu clock speed

1. Clock Speed

CPU တွေရဲ့မြန်နှုန်းကို Hertz (Hz) လို့ခေါ်ရတဲ့ Clock-speed နှင့်တိုင်းပါတယ်။ Clock-speed ဆိုတာ 1 စက္ကန့် အတွင်းမှာ အလုပ် လုပ်နိုင်တဲ့ Clock Cycle အရေအတွက်ဖြစ်ပါတယ်။ 1 GHz = 1000000000 Clock Cycle Per Second နှင့် ညီမျှတယ်။ ဒီ Clock Cycle ဆိုတာ Clock လှိုင်းထုတ်လွင့်တဲ့နေရာက ထုတ်လွင့်ပေးတဲ့ အကြိမ်ရေ တစ်ကြိမ်ဖြစ်တယ်။ အရင်ခေတ် CPU တွေဟာ Clock Cycle တစ်ကြိမ်မှာ Instruction တစ်ခုသာ (1 instruction per cycle) သာပြုလုပ်နိုင်ပြီး ယခုခေတ် mid-range နှင့် high-end CPU တွေမှာတော့ Clock Cycle တစ်ကြိမ် ထဲမှာ Instruction အရေအတွက် ၂ ကြိမ် ကနေ ၃ ကြိမ်ထိပြုလုပ်နိုင်ပါတယ်။ သိပ်မရှင်း ရင် 2 ကြိမ် လောက်ဖတ်ပေးပါ။ 😀

Image result for core and thread

2. Core နှင့် Thread

Core ဆိုတာ CPU processor ရဲ့အတွင်းမှာ ရှိတဲ့ CPU အသေးလေးတွေပါ။ 2 cores ပါဝင်တယ်ဆိုတဲ့ CPU တစ်ခုဟာ CPU အငယ်နှစ်လုံး ကို Processor တစ်ခုထဲ ထည့်ထားပါတယ်။ ဒီထက်ပိုပြီးရှင်းရှင်းပြောပြရရင် CPU ကို ကားလမ်းမ တစ်ခုလို့မြင်လိုက် ကားလမ်းတစ်ခုပေါ်မှာ ကားတွေကို Core လို့သတ်မှတ်လိုက်ပါ ကားထဲက လူတွေကတော့ Thread ပေါ့။ Thread ဆိုတာ ကိုယ့်ရဲ့ Computer မှာ အသုံးပြုတဲ့ Software က ဘယ်နှစ်ခုသုံးမယ်ဆိုပြီး သတ်မှတ်တယ်။ CPU Hyperthreading မပါရင် One core one thread သာအလုပ်လုပ်နိုင်မှာ ဖြစ်ပြီး Hyper-threading ပါနေရင်တော့ မိမိ ကား(core) ပေါ်မှာ passenger(thread) တစ်ခုထက်ပိုပြီး တင်မောင်းလို့ရပါတယ်။ xD.

Image result for core i9

3. TDP

TDP ဆိုတာ Thermal Design Profile ဖြစ်တယ်။ ဒီ TDP က ကိုယ့် CPU ဘယ်လောက် အပူခံနိုင်လဲ ဘယ်လောက် Power သုံးမလဲ ဆိုတာကို ဖော်ပြပေးတဲ့နံပါတ်ဖြစ်ပါတယ်။ သူ့ကို Watt နှင့်ဖော်ပြလေ့ရှိပါတယ်။ Intel Core i9 9900K processor က TDP 95 watt ရှိပါတယ်။ ဒါကြောင့် ဒီ CPU ကိုဝယ်ရင် Power Supply အတွက် 95 watt ကိုထည့်သွင်း စဉ်းစားပေးရပါမယ် ဒါပါပဲ ။ TDP Watt များလေး Performance ကောင်းလေး ဖြစ်ပြီး အပူချိန်မြင့်လေလေဖြစ်သည်။ အပူချိန်မြင့်လေလေ Power ပိုစားလေပါ Power ပိုစားတော့ မီတာခက ပိုကျတာပေါ့ :P

Image result for cpu cache

3. CPU Cache

CPU အတွင်းမှာ ရှိတဲ့ Cache က RAM နှင့် CPU အကြားဆက်သွယ်မှုကို ပိုမြန်စေပါတယ်။ ယေဘုယျအားဖြင့် Cache အမျိုးအစား ၃ မျိုးရှိပါတယ်။ Level 1, Level 2 နှင့် Level 3 ပါ။ Intel ရဲ့ Smart cache ဆိုတာကတော့ Level 2 နှင့် Level 3 Cache 2 မျိုး ပါဝင်တဲ့ နည်းပညာဖြစ်ပါတယ်။

Related image

4. Overclocking or Turbo Boost 

Turbo boost ဟာ Dynamic Clock Speed Adjustment နှင့်အတူတူပါပဲ။ ကိုယ့် CPU ရဲ့ Clock Speed ကိုလိုအပ်တဲ့အခါ ပိုမြန်လာအောင် လုပ်ပေးတဲ့ Features တွေဖြစ်ပါတယ်။ ဒီ CPU က ဒီလောက်အထိ ခံ နိုင်ပါတယ် ဆိုပြီးအာမခံချက်ပေးထားတဲ့ အတိုင်းအတာအထိမြန်ပေးတာပါ။ Overclocking ကတော့ ကိုယ့် CPU ဘယ်လောက်အထိ Maximum မြန်နှုန်းရလဲ Official ရတဲ့ Speed ထက် ဘယ်လောက်ပိုမြန်သလဲ စမ်းလို့ရတဲ့အရာဖြစ်တယ်။ System Cooling နှင့် Load ဒဏ်က ဒီနေရာမှာ အရေးပါတယ်။ CPU Overclocking ကြောင့် Motherboard တွေ လောင်တာတို့ Heat Issues တွေကြောင့် ဂန့် သွားနိုင်ပါတယ်။

CPU တွေအကြောင်း ဒီလောက်ပြောယုံနှင့် မပြည့်စုံသေးပါဘူး။ အချို့အပိုင်းတွေ ဥပမာ Nanometer တို့ Chipset ကုမ္ပဏီတွေရဲ့ အကြောင်းတွေ Chipset တစ်ခုခြင်းဆီ ရဲ့ အကြောင်းတွကို မကြာခင်တင်ပြပေးနိုင်အောင်ကြိုးစားပါဦးမယ်။

Related posts
Articles

Smartphone Camera တွေပေါ်က အသုံးအများဆုံး Ratio တွေအကြောင်း

ArticlesRealmeRedmiSamsungXiaomi

Smartphone Camera တွေမှာ Megapixel တွေဘာလို့များများသုံးလာသလဲ?

ArticlesGoogleHuawei

စိတ်ဝင်စားဖို့ကောင်းသော Monster နဲ့ Evil

AppleArticlesMicrosoft

လွန်ခဲ့ တဲ့ နှစ် ၂၀ ကျော်လောက်က Apple ကို Microsoft က ဘယ်လိုကူညီခဲ့လဲ