fbpx

This is digital planet.

HuaweiTech News

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ

အစောပိုင်းတုန်းက Huawei Mate X Foldable smartphone ကို တရုတ်မှာ June လ ကတည်းက ထွက်ရှိဖို့ရှိခဲ့ပါတယ်။ အခု ဈေးကွက်ထဲမှာရောင်းချဖို့ကို September လထိ ရွေးဆိုင်းလိုက်တယ်လို့ Huawei ရဲ့ပြောပိုင်ခွင့်ရှိသူက Tech Radar ကိုပြောခဲ့ပါတယ်။ Huawei ရဲ့ ပထမဆုံး Foldable Phone ဟာ တရုတ်မှာ September လ နဲ့ November လကြားထဲ ထွက်ရှိမယ်လို့ ပြောခဲ့ပါသေးတယ်။ အရင်လတုန်းကလည်း Mate X ဟာ TENNA Listing မှာ ထွက်ပေါ်လာခဲ့ပါသေးတယ်။ အခုထွက်လာတဲ့ပုံမှာတော့ Update လုပ်ထားတဲ့ပုံစံနဲ့ ကြီးမားတဲ့ပြောင်းလဲမှုကိုတွေ့ရမှာပါ။

Power Button Design ပြောင်းလဲထား

အရင်လတုန်းက Listing မှာ Weight အနေနဲ့ 287 grams ပဲရှိခဲ့ပြီး အခု Updated listing မှာ 300 grams ရှိလာပါတယ်။ Dmensions 161.3 x 146.2 x 11mm ကတော့ပြောင်းလဲလာခြင်းမရှိပါဘူး။ အရင်လက Listing မှာ Mate X ရဲ့ ပုံကိုဖော်ပြထားခြင်းမရှိပါဘူး။ အခု Updated Listing မှာတော့ ပုံတွေကိုပါတွေ့ရလာပါတယ်။ ပုံအရ Power Bottom က ပြားပြီးကျယ်နေပါတယ်။ သတင်းတွေအရ Huawei အနေနဲ့ ဖုန်းရဲ့ ခေါက်လို့ရတဲ့အဆက်တွေကို Improve လုပ်လာမယ်လို့သိရပါတယ်။ Specifications မှာတော့ ပြောင်းလဲလာခြင်းမရှိပါဘူး။

 

Image result for huawei mate x new design

အရင်က Power Button Design

Ref: Gizmochina