fbpx

This is digital planet.

MediaTekTech News

144Hz Refresh Rate ထောက်ပံ့ပြီး 5G Enhanced Features ပါဝင်လာတဲ့ Dimensity 1000+

MediaTek ရဲ့ အသစ်စက်စက် Dimensity 1000+ မှာ ဘာထူးလာသလဲ? လိုရင်းမသွားခင် ဖြစ်နေတာလေး အရင် ပြောကြည့်တာပေါ့။

စမတ်ဖုန်းနဲ့ ဂိမ်းကစားတာ တွင်ကျယ်လာတဲ့ နောက်ပိုင်း ထုတ်လုပ်သူတွေ အနေနဲ့ရော Chip Maker ကြီးတွေ မပါမဖြစ် စဥ်းစားလာတာ Gaming Chip နဲ့ ဘယ်လို အရကျစ် ယူရင်ကောင်းမလဲ တွေးလာကြတာပါ။

MediaTek unveils Dimensity 1000+ chipset with 144Hz support, iQOO teases phone

Image: GSMArena

အထူးသဖြင့် 144Hz Refresh Rate နဲ့ 5G ကို စံပြုပြီး Chipset အသစ်က ဘယ်လောက် စွမ်းဆောင်နိုင်သလဲ ကြော်ငြာတယ်….

အထူးသဖြင့် မိုဘိုင်းသမားတွေ မက်လုံးပေးသလို တကယ်တမ်း သုံးတဲ့အခါ High Refresh Rate ရသလားဆိုတော့ ရပါတယ် (Unless you cook it up)

စခရင် ပွတ်တာနဲ့ Gesture ၊ Launcher ၊ App သုံးတဲ့အခါမှာ ချောမွေ့လျှင်မြန်တဲ့ အထိတွေ့ ခံစားရမယ်လို့ ပြောတာပါ။

Demanding ဂိမ်းကစားတဲ့အခါ ဆိုရင်တော့ 60fps ရဖို့မနည်း ရုန်းနေရသလို စာဖတ်သူတွေ သိစေချင်တာ ထုတ်လုပ်သူတွေ ကြော်ငြာနေတဲ့ 144Hz ဆိုတာ ဂိမ်းအတွက် မဟုတ်ပါ။

New Dimensity 1000+

ခုလည်း iQOO စမတ်ဖုန်းမှာ အသုံးပြုလာမယ့် Dimensity 1000+ ကို ကြွားလုံးထုတ်လာမယ့် အမြန်ဆုံး ဖြစ်လာမယ့် 144Hz Support ပါလာမယ်လို့ ဦးတိုက် ကြေညာထားပါတယ်။

မြုပ်ကွက်က 1000+ ထောက်ပံ့မယ့် Refresh Rate ဟာ Display က အမြင့်ဆုံး ပေးနိုင်မယ့် Refresh Rate ကို ဆိုလိုတာဖြစ်ပြီး Chipset Energy ဘယ်လောက် ရှိမလဲ ဖော်ပြတာ မဟုတ်ပါဘူး။

DImensity 1000+

ဒီတော့ Dimensity Chip အသစ်နဲ့ Gaming Performance ပိုကောင်းလာမယ်လို့ တွက်ထားလို့ ရပေမယ့် 144Hz ကို မစဥ်းစားရင် အိုကေမှာပါ။

1080+ Resolution မှာပဲ သုံးနိုင်မှာ ဖြစ်သလို 21:9 Aspect Ratio နဲ့အတူ HDR10+ အထောက်ပံ့ ပါလာမယ်။

with New Enhanced 5G Features

ထို့နည်းတူစွာ 1000+ မှာ 5G Support ပါဝင်ဦးမှာဖြစ်ပြီး ဖွဲ့စည်းတည်ဆောက်ပုံက 1000 နဲ့ အတူတူပဲ၊ ဒါမယ့် 1000+ မှာ Enhancement Features တွေ ပါမယ်ဆိုထားလို့ Technically အတူတူပဲလို့ ဆိုနိုင်ပါတယ်။

နည်းပညာပိုင်း အားသာချက် တချို့ ပြောရမယ်ဆိုရင်တော့ 5G UltraSave သုံးထားတဲ့အတွက် စွမ်းအင်သုံးစွဲမှုကို ချွေတာနိုင်သလို Low & High Bandwidth Mode နှစ်မျိုး Dynamically ပြောင်းပေးနိုင်မယ့် Feature ပါဝင်ထားပါတယ်။

Dimensity 1000+

Image: GizmoChina

MediaTek အဆိုရ အခုလို Dynamic Switch ကြောင့် အသုံးပြုနေတဲ့ Apps လိုက် ပါဝါသုံးစွဲမှုကို ၃၂% အထိ လျှော့ချနိုင်တယ် ဆိုထားပါတယ်။

Appreciable 5G Speed

တကယ်လို့ Full Throttle ချမယ်ဆိုရင်တော့ Modem ဟာ 5G Sub-6GHz Links ၂ မျိုး ပေါင်းသုံးနိုင်ပြီး Downlink Speed ကို 4.7Gbps နဲ့ Uplink Speed ကို 2.5Gbps ချပေးနိုင်ပါတယ်။

ဒါ့အပြင် Dual SIM နှစ်ခုလုံး 5G ချိတ်ဆက် အသုံးပြုနိုင်တဲ့အတွက် VoNR (Voice over New Radio 5G) ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

Dimensity CPU GPU Refresh Rate (Hz) 5G
1000 4x 2.6GHz A77

4x 2GHz A55

Mali-G77 MC9 120@FHD+

90@QHD+

2 Carrier

SA & NSA

Sub-6GHz

1000+ 120@FHD+

144@FHD+
90@QHD+

5G UltraSave
2 CarrierSA & NSASub-6GHz

အခုလို 144Hz နဲ့ 5G ထောက်ပံ့မှုတွေအပြင် Chipset အသစ်အတွက် HyperEngine 2.0 ထည့်ပေးထားပြီး CPU နဲ့ GPU Frequencies တွေကို လိုသလို Scale Up လုပ်နိုင်မယ်။

အထူးသဖြင့် Best Performance ရဖို့ Software နဲ့ လုပ်ဆောင်စေမှာဖြစ်ပြီး Wireless Connection ပိုင်းအတွက်ပါ အားဖြည့်ထားပါတယ်။

Game Booster Pack

ဒိအတွက် Anti-Jamming နည်းပညာ အသုံးပြုထားပြီး Wi-Fi နဲ့ Bluetooth ချိတ်ဆက်မှုတိုင်းမှာ Latency ကို အတတ်နိုင်ဆုံး လျှော့ချပေးမှာပါ။

Jam the Signal လို့ ပြောကျတဲ့အတိုင်း Connection အနှောက်ယှက်ပေးမယ့် Interference ခံနိုင်ရည်အား ပိုကောင်းစေမှာလို့ နားလည်ထားနိုင်ပါတယ်

အဓိကအားဖြင့်တော့ ဂိမ်းကစားတဲ့အခါ ချိတ်ဆက်ထားတဲ့ Wireless Device တွေ Bluetooth Connection ခိုင်မြဲနေစေဖို့ အားဖြည့်ထားတဲ့ သဘောပါ။ iQOO အနေနဲ့ 1000+ ကို မကြာခင် ထွက်ရှိလာနိုင်တဲ့ စမတ်ဖုန်းမှာ ထည့်သွင်း အသုံးပြုသွားမယ်ဖြစ်တယ်လို့ ကြေညာထားပါတယ်။

Specs တွေ ဖတ် အားသာချက်တွေ ရွတ်ပြရင် ဟုတ်သယောင်ယောင် ရှိပေမယ့် Dimensity 1000+ ပါဝင်လာမယ့် ဖုန်းသစ်က Game Changer ဖြစ်လာနိုင်မလား? 144Hz ဆိုတာကို ဂိမ်းအတွက် မစဥ်းစားဘူးဆိုရင်ပေါ့

Source: GSMArenaGizmoChina