fbpx

This is digital planet.

Articles

Display တစ်ခုကောင်းမကောင်း ဘယ်လိုကြည့်မလဲ

Smartphone တစ်လုံးမှာ Display ဆိုတာ လူတွေနဲ့ထိတွေ့မှုအများဆုံး အစိတ်အပိုင်းဆိုရင်လည်း မမှားပါဘူး။ Touch Screen Smartphone မှသည် ဒီဘက်ခေတ် FullView တိုင်အောင် Display တွေရဲ့အရည်အသွေးနဲ့ လိုအပ်ချက်တွေဟာ တဖြည်းဖြည်းတိုးတက်လာကြတယ်။ ဆိုတော့ကာ ကောင်းမွန်တဲ့ Display တစ်ခုဖြစ်ဖို့ ဘယ်လိုသတ်မှတ်ချက်တွေလိုအပ်မလဲဆိုတာ စံသတ်မှတ်ချက်တစ်ချို့ကို အခြေခံပြီးပြောပြသွားပါ့မယ်။

Image result for samsung vs razer

Type of Display (AMOLED vs LCD)

ဒီအချက်ဟာ Smartphone Fan တွေကို အချင်းများပြီး အငြင်းပွားစေဆုံး အချက်တစ်ခုပါ။ ယေဘုယျအားဖြင့်ပြောရင် လက်ရှိ Smartphone Display တွေမှာ AMOLED က သာလွန်တယ်လို့ အများကလက်ခံထားကြတယ်။ သူ့ရဲ့ Color Saturation, True Black ရတာ၊ Power Consumption, LCD တွေထက် ပိုပါးတာ, Foldable လုပ်ရပိုလွယ်တာ နဲ့ နောက်ဆုံး In-Display Fingerprint သုံးလို့ရ စတဲ့အချက်တွေက လက်ရှိမှာ AMOLED ကို လူကြိုက်အများဆုံး Display ဖြစ်စေခဲ့ပါတယ်။

သို့ပေမယ့် LCD ဘက်ကကြည့်ပြန်တော့လည်း Color Accuracy ကောင်းမွန်တာ၊ Brightness Level ပိုမြင့်တာ၊ (လက်ရှိချိန်ထိ) Screen Refresh Rate (120Hz) ပိုမြင့်တာ၊ သက်တမ်းပိုခံတာ၊ ကုန်ကျစရိတ်သက်သာတာ စတဲ့အချက်တွေကြောင့် လက်ရှိ Flagship တစ်ချို့နဲ့ Mid-range အများစုမှာ IPS LCD တွေ ဆက်သုံးနေကြတာပါ။ ဒီတော့ LCD ဆိုတိုင်းလည်း ညံ့တယ်လို့တရားသေမပြောနိုင်သလို ဒီနှစ်ခုကြား ရွေးချယ်မှုကတော့ လူတစ်ဦးစီရဲ့ အကြိုက်ပေါ် ပိုမူတည်ပါလိမ့်မယ်။

Related image

Color Accuracy

ဒီအချက်ကတော့ Smartphone Display တစ်ခုကို ကောင်း၊ မကောင်းဆုံးဖြတ်တဲ့အခါ ပထမဆုံးကြည့်ဖြစ်တဲ့အချက်ပါ။ လူအတော်များများက Display ကောင်းဆိုတာ Color စိုရွှဲနေမှ လို့ မှတ်ယူတတ်ကြတယ်။ (AMOLED ကို လူကြိုက်များတဲ့ အကြောင်းရင်းထဲက တစ်ခုပေါ့) ဒါဟာ မှန်သင့်သလောက်မှန်ပေမယ့် ဖုန်းနဲ့ ဓာတ်ပုံအရိုက်များသူတွေ၊ Natural Tone ကိုမှ နှစ်သက်တဲ့ ကိုယ်တွေလိုလူတွေအတွက်ကျ Smartphone Display ဟာ Color မှန်ကန်နေဖို့ အရေးကြီးလာပါတယ်။ ဒီတော့ Color မှန်၊ မမှန်ဆိုတာ ဘာနဲ့ဆုံးဖြတ်လဲ?

ပထမဆုံးအနေနဲ့ မျက်လုံးနဲ့ကြည့်ပြီးဆုံးဖြတ်ရပါတယ်။ ဥပမာ ဓာတ်ပုံတစ်ပုံရိုက်ပြီး ရိုက်ထားတဲ့ပုံကို အပြင်က Color နဲ့ နှိုင်းယှဉ်ကြည့်တာမျိုးပေါ့။ ပြီးတော့ AMOLED တွေမှာယှဉ်ကြည့်ရင် Color Accurate ဖြစ်တဲ့ AMOLED တွေက သာမန် User တွေအမြင်မှာ Color အနည်းငယ်ဖျော့သလို ခံစားရတတ်တယ်။ (Quality မကောင်းဘူးလို့အပြောခံရတဲ့ Mi 8 Display ဟာ တကယ်တော့ Color Accurate အဖြစ်ဆုံး AMOLED Display ထဲ တစ်ခုအပါအဝင်ပါ)

ဒုတိယအချက်ကတော့ Color Standard တွေနဲ့ နှိုင်းယှဉ်ဆုံးဖြတ်တာပါ။ လက်ရှိမှာတော့ လူသိအများဆုံး Color Standard သုံးခုအဖြစ် sRGB, DCI P3 နဲ့ NTSC တို့နဲ့ တိုင်းတာကြပြီး Smartphone တွေမှာတော့ sRGB နဲ့ DCI P3 ကို အသုံးများကြတယ်။ DCI P3 Percentage များတဲ့ Display တွေဟာ ပိုပြီး ကျယ်ပြန့်တဲ့အရောင်အသွေးတွေကို ဖော်ပြနိုင်စွမ်းရှိလို့ ပိုကောင်းတဲ့ Display တွေအဖြစ် ယူဆတတ်ကြတယ်။

လိုရင်းကို သွားပါ့မယ်။ ကိုယ်တိုင်အနေနဲ့ ဒီ Color Standard တွေကို တိုင်းတာနိုင်စွမ်းမရှိလို့ GSMArena က Result တွေကို အားကိုးရပါတယ်။ Color Standard တွေမှာ Total Result ကို ကိန်းဂဏန်းနဲ့ ဖော်ပြပြီး < 2 ရတဲ့ Display တွေကို Color Accurate ဖြစ်တယ်လို့ မှတ်ယူကြတယ်။ Result တွေအရ iPhone LCD တွေဟာ Color Accuracy ပိုင်းမှာ အတော့်ကိုမြင့်မားခဲ့တာတွေ့ရပြီး AMOLED Display တွေမှာတော့ Galaxy S9+, Note 9, iPhone Xs and Xs Plus, Google Pixel 3, OnePlus 6T နဲ့ Xiaomi Mi 8 တို့ဟာ Normal Mode မှာ Color Accurate ဖြစ်တာကို တွေ့ကြရမှာပါ။

Related image

Brightness

ဘယ်သူဖြစ်ဖြစ် မှုန်စုတ်စုတ်နဲ့ ပြူးပြဲကြည့်ရတဲ့ Display မျိုးကို Display ကောင်းလို့ သတ်မှတ်ကြမှာမဟုတ်ပါဘူး။ GSMArena မှာတော့ Review တစ်ခုရဲ့ Display Category မှာ Brightness ကို White Level နဲ့တိုင်းတာပြီး Result ကိုတော့ Nits နဲ့ ဖော်ပြကြတယ်။ LCD တွေရဲ့အားသာချက်က Backlight ပါလို့ အလင်းကောင်းကောင်းထုတ်ပေးနိုင်တာပါ။ ဒါကြောင့် LCD Display ကောင်းတွေရဲ့ Maximum Brightness ဟာ များသောအားဖြင့် 600nits အထက်မှာ ရှိတတ်ကြတယ်။ (LG G7 ThinQ မှာဆို 900nits အထိထုတ်ပေးနိုင်တာ တွေ့ရတယ်)

Backlight မပါပဲ LED တွေရဲ့အလင်းအားကိုသုံးတဲ့ AMOLED Display တွေအတွက်တော့ သာမန်အခြေအနေမှာ LCD တွေထက် အလင်းအားပိုနည်းပြီး 450nits ဝန်းကျင်ပဲ အများဆုံးထုတ်ပေးနိုင်ကြတယ်။ အဲဒီအားနည်းချက်ကိုကျော်လွှားဖို့ တစ်ချို့ Company တွေက AMOLED Display တွေမှာ Layer တစ်ခု ထပ်ထည့်ပေးကြပြီး အဲလို Display တွေမှာ Maximum Brightness ကို 600nits ကျော်တဲ့အထိ ထုတ်ပေးနိုင်တာ တွေ့ကြရမှာပါ။ လက်ရှိ AMOLED Display တွေထဲမှာတော့ iPhone ရဲ့ Super Retina Display တွေက Brightness အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။

ညဘက် အလင်းနည်းတဲ့နေရာ၊ အခန်းမီးပိတ်ထားချိန်မျိုးမှာ မျက်စိမစူးတဲ့အလင်းမျိုးရနိုင်ဖို့ Minimum Brightness Level ဟာလည်း အရေးပါပါတယ်။ ဒီနေရာမှာ AMOLED Display တွေက Brightness Level ကို ပိုပြီးလျှော့ချပေးနိုင်တာတွေ့ရတယ်။

Related image

Contrast Ratio

Contrast Ratio ဆိုတာ Display တစ်ခုရဲ့ White နဲ့ Black ကြားက အချိုးကို ဆိုလိုတာပါ။ အပေါ်မှာပြောခဲ့သလို LCD တွေက White Level (Brightness) ပိုမြင့်ပေမယ့် LED တွေကို လိုသလို အဖွင့်အပိတ်လုပ်ပေးနိုင်တဲ့ AMOLED Display တွေက True Black ကို ပေးစွမ်းနိုင်တာကြောင့် Contrast Ratio မှာ 1,000,000:1 (ပိုင်းခြေ သုညမို့ Infinity Level) ကို ပေးစွမ်းနိုင်တာ တွေ့ရတယ်။ Contrast Ratio ကောင်းမွန်ခြင်းက Color စိုပြေတာ၊ နေရောင်အောက်မှာ ကောင်းကောင်းမြင်ရတာ စတဲ့နေရာတွေမှာ တစ်စိတ်တစ်ပိုင်း အထောက်အကူပေးနိုင်ပါလိမ့်မယ်။

Related image

Color Shifting

ဘယ်သူမှတော့ ဖုန်း Screen ကို တစ်စောင်းထားပြီး မသုံးကြပါဘူး။ သို့ပေမယ့် တစ်ခါတစ်လေ ကိုယ့်ဖုန်းကို ခပ်စောင်းစောင်းအနေအထားကနေ ရုတ်တရက်လှမ်းကြည့်တဲ့အခါမျိုးမှာ Display က Color Shifting ဖြစ်နေတာမျိုးဆိုရင်တော့ Feel ကျဲတာပေါ့။ ဒီနေရာမှာတော့ AMOLED ရော LCD မှာပါ Color Shifting အနဲအနဲ့အများရှိတတ်ပါတယ်။ ဒီတော့ အရမ်းအရေးကြီးတဲ့အချက်မဟုတ်သည့်တိုင် ကိုယ်ရွေးချယ်မယ့် Smartphone Display ဟာ Color Shifting နဲလေ ကောင်းလေပါပဲ။

ဒါတွေကတော့ Display တစ်ခုကို ကောင်းမကောင်းဆုံးဖြတ်တဲ့အခါမှာ ကျွန်တော့်ရဲ့ စံသတ်မှတ်ချက်တွေပါ။ လူအမျိုးမျိုး စိတ်အထွေထွေမို့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ Display တွေအပေါ်ခံယူချက်ဟာလည်း ကွဲပြားမှုတွေရှိနိုင်ပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ Display နဲ့ Smartphone တစ်လုံးကို ပိုင်ဆိုင်ချင်သူတွေအတွက်တော့ ဖော်ပြခဲ့တဲ့အချက်တွေက အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Fan တွေအနေနဲ့ရော Display ကောင်းတစ်ခုဖြစ်ဖို့ ဘာတွေလိုအပ်တယ်လို့ သတ်မှတ်သလဲ? Comment မှာ လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်။

Photos: Internet

Related posts
Articles

Smartphone Camera တွေပေါ်က အသုံးအများဆုံး Ratio တွေအကြောင်း

ArticlesRealmeRedmiSamsungXiaomi

Smartphone Camera တွေမှာ Megapixel တွေဘာလို့များများသုံးလာသလဲ?

ArticlesGoogleHuawei

စိတ်ဝင်စားဖို့ကောင်းသော Monster နဲ့ Evil

AppleArticlesMicrosoft

လွန်ခဲ့ တဲ့ နှစ် ၂၀ ကျော်လောက်က Apple ကို Microsoft က ဘယ်လိုကူညီခဲ့လဲ