fbpx

This is digital planet.

HuaweiTech News

Dual Display နဲ့ Huawei Smartphone Design တစ်ချို့ ထွက်ပေါ်လာ

Leica နဲ့ ပူးပေါင်းပြီးနောက်ပိုင်းမှာ Huawei ဟာ သူ့ရဲ့ P Series နဲ့ Mate Series တွေကို Flagship Level ရောက်အောင် ပို့ဆောင်နိုင်ခဲ့ရုံမကပဲ ကမ္ဘာ့ Smartphone ဈေးကွက်ရဲ့ ထိပ်ပိုင်းကိုတက်ရောက်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တယ်။

ဒါပေမယ့် Market Leader ဖြစ်လာဖို့အထိ ရည်ရွယ်ထားတဲ့ Huawei ရဲ့ ဖန်တီးတီထွင်မှုတွေကတော့ ရပ်တံ့မသွားခဲ့ပါဘူး။ MWC ရဲ့ စိတ်ဝင်စားမှုအခံရဆုံး Foldable Smartphone ဖြစ်တဲ့ Mate X ကို ချပြနိုင်ခဲ့သလို ခုချိန်မှာလည်း Dual Displays Smartphone နဲ့ပတ်သက်ပြီး ပုံရိပ်တွေထပ်မံထွက်ရှိလာခဲ့ပြန်ပါတယ်။

EUIPO (European Union Intellectual Property Office) နဲ့ WIPO (World Intellectual Property Office) တို့မှာ 2018, November 28th က တင်သွင်းခဲ့တဲ့ Design ပိုင်းမူပိုင်ခွင့်အရ Smartphone နောက်ကျောမှာ ဒုတိယမြောက် Display တစ်ခုကို ထပ်မံထည့်သွင်းမယ့် Smartphone Design မူကြမ်းကို မြင်တွေ့ခဲ့ရပြီး LetsGoDigital ရဲ့ကျေးဇူးကြောင့် အဲဒီဖုန်းရဲ့ 3D ခန့်မှန်း Design ပုံကိုပါ မြင်တွေ့ခဲ့ရပါပြီ။

ပုံမှာတော့ Camera ၃လုံးကို ဖုန်းနောက်ကျောရဲ့ အလယ်နားမှာ အလျားလိုက်တွေ့ရှိရပြီး LED Flash Light နဲ့ Laser Autofocus တို့လည်း ပါဝင်မှာပါ။ Camera Module မှာတော့ P30 Series နဲ့အတူ ရေပန်းစားနေတဲ့ Periscope Lens လဲ ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

Camera တွေရဲ့အောက်ဘက်မှာ Selfie နဲ့ Portrait Shot ကောင်းကောင်းကို Main Camera နဲ့ ရိုက်ကူးနိုင်ဖို့ Display အသေးတစ်ခု ပါဝင်မှာဖြစ်ပြီး ခုလို Design မျိုးကို ရှေ့က Meizu Pro 7, Vivo Nex 2 နဲ့ ZTE Nubia X တို့မှာ တွေ့ခဲ့ရပြီးမို့ သိပ်အထူးအဆန်းတော့ မဟုတ်လှပါဘူး။

Secondary Display ကို အသုံးပြုခြင်းရဲ့ အဓိကကောင်းကျိုးတွေကတော့ Quality ကောင်းတဲ့ Selfie Photo တွေ ရိုက်နိုင်တာ၊ Notch တွေ၊ Punch Hole နဲ့ Slider တွေ သုံးဖို့မလိုပဲ FullView Display ကို သုံးနိုင်တာ စတဲ့အချက်တွေဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Huawei အနေနဲ့ March လ 26, France မှာမိတ်ဆက်မယ့် P 30, P 30 Pro, P 30 Lite တို့အပေါ် အာရုံရောက်နေချိန်မို့ ဒီ Dual Display ဖုန်းကိုမြင်ရဖို့တော့ အချိန်တစ်ခု ထပ်စောင့်ရနိုင်ခြေရှိနေပါတယ်။

Ref: Gizmochina