fbpx

This is digital planet.

SamsungTech News

DxO Mark မှာ ပူးတွဲပထမရသွားသော Galaxy S10 Plus

မနေ့ကပဲ ပူပူနွေးနွေးမိတ်ဆက်ထားတဲ့ Samsung Galaxy S10 Plus အနေနဲ့ ဒီနေ့မှာတော့ DXO Mark ရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါပြီ။

DxO Marks ရဲ့ ရမှတ်တွေအရ Galaxy S10 Plus ဟာ Photography ပိုင်းမှာ Huawei ရဲ့ Mate 20 Pro, P20 Pro တို့နဲ့ ရမှတ်တူ 114 Marks ကို ရရှိခဲ့ပါတယ်။ Video ပိုင်းရမှတ်မှာတော့ S10 Plus အနေနဲ့ 97 Marks ကို ရရှိထားပြီး Xiaomi Mi 9 ထက် ၂ မှတ်လျော့၊ P20 Pro ထက် ၁ မှတ်လျော့၊ Mate 20 Pro နဲ့ ရမှတ်တူမှာ ရပ်တည်နေပါတယ်။

အားရစရာက သူ့ရဲ့ Selfie Camera ဟာ DxO Mark Selfie မှာ 96 Marks နဲ့ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့တာပါ။ S10 Plus အနေနဲ့ Camera ပိုင်းမှာ Autofocus မြန်ဆန်မှု၊ Exposure ကောင်းမွန်မှု၊ Noise Handling ကောင်းမွန်မှုနဲ့ Flash Light ကို ကောင်းကောင်းအသုံးချနိုင်မှု စတာတွေကြောင့် ခုလို ရမှတ်ကောင်းတွေ ရရှိခဲ့တယ်ဆိုရပါလိမ့်မယ်။

Galaxy S10 Plus အနေနဲ့ ကျောဘက်မှာ 12MP (Wide)+12MP (Telephoto)+ 16MP (Ultra-Wide) တို့ကို တပ်ဆင်ထားပြီး Selfie Punch Hole မှာတော့ 10MP (Wide) ကို 8MP Depth Sensor နဲ့ တွဲဖက်အသုံးပြုထားပါတယ်။ Samsung ကတော့ 2018 Flagship တွေမှာ ထင်သလောက်အားမရခဲ့တဲ့ သူတို့ရဲ့ Camera ပိုင်းကို အလုပ်နဲ့သက်သေပြနိုင်ခဲ့တယ်ဆိုရမှာပါ။