fbpx

This is digital planet.

AppleTech News

DxOMark မှာ 117 မှတ်ရရှိခဲ့တဲ့ iPhone 11 Pro Max

ထွက်ရှိတာ နှစ်လကြာနေပြီဖြစ်တဲ့ iPhone 11 Pro Max ရဲ့ Camera Review ကို DxOMark က ထုတ်ပြန်လိုက်ပါပြီ။ ဖုန်းရဲ့ အမှတ်ဟာ မြင့်ပြီး ဒီနှစ်ထွက်ခဲ့တဲ့ Flagship ဖုန်းတော်တော်များများကို ကျော်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် Huawei Mate 30 Pro နဲ့ အသစ်စက်စက်သာရှိသေးတဲ့ Xiaomi Mi CC9 Pro Premium Edition ကို မကျော်နိုင်ဘဲ နံပါတ်သုံး နေရာကို 117 မှတ်နဲ့ရခဲ့ပါတယ်။

iPhone 11 Pro Max ရဲ့ 117 Scores ဟာ Photo Score 124 နဲ့ Video Score 102 တို့ပေါင်းထားတာပါ။ သူ့ရဲ့ Video Score ဟာ Mate 30 Pro ကိုကျော်ခဲ့ပြီး Xiaomi အတွက် Video recording မှာ အကောင်းဆုံးဖုန်းဖြစ်ခဲ့တဲ့ Mi CC9 Pro Premium Edition နဲ့ အမှတ်တူခဲ့ပါတယ်။ ဒါပေမယ့် Photos မှာတော့ Mate 30 Pro နဲ့ Mi CC9 Pro Premium Edition တို့ထက်နည်းခဲ့ပါတယ်။

iPhone 11 Pro Max DxOMark

Photo Score မှာ iPhone 11 Pro Max ဟာ exposure ၊ color accuracy နဲ့ autofocus တို့မှာကောင်းခဲ့သော်လည်း low-light photos မှာတော့ အားနည်းခဲ့ပါတယ်။ အကြောင်းက Mate 30 Pro နဲ့ Mi CC9 Pro တို့လို Image Sensor ကြီးတာတွေ မသုံးထားလို့ပါ။ Wide-angle photos ‌တွေရိုက်ရာမှာတော့ iPhone ဟာ Huawei flagship နဲ့ Xiaomi premium mid-range phone တို့ထက် ပိုကောင်းနေပါတယ်။

တင်းတိတ် ၊ အိမ်မွေးတိရိစ္ဆာန်ရဲ့ အမွေး နဲ့ ဝေးကွာတဲ့‌နေရာမှာရှိတဲ့ သစ်ရွက် စတဲ့ တိကျတဲ့ Details တွေကို တွေ့နိုင်ဖို့ Deep Fusion feature အသစ်ကို DxOMark က ချီးမွန်းထာပါတယ်။ အဲ့အတွက် ဖုန်းဟာ landscape နဲ့ portrait photograph ရိုက်ရာမှာ ကောင်းပါတယ်။ Noise Reduction ဟာ iPhone XS Max ထက်‌ပိုကောင်းသော်လည်း တစ်ခြား ပြိုင်ဘက်တွေနဲ့တော့ မယှဉ်နိုင်ခဲ့ပါဘူး။

Low Light မှာ Mate 30 Pro နဲ့ Xiaomi CC9 Pro ထက် အမှတ်နည်း‌သော်လည်း iPhone 11 Pro Max နဲ့ ညမှာ ပုံတွေရိုက်တဲ့အခါ အလွန်းကောင်းအောင် လုပ်နိုင်ပါတယ်။ Night photos တွေရိုက်တဲ့အခါ overexposed photos တွေမဖြစ်အောင် flash auto mode ကို ပိတ်ပြီး ရိုက်သင့်တယ်လို့ DxOMark က ဖော်ပြထားပါတယ်။

Videos မှာတော့ iPhone 11 Pro Max ဟာ ရောင်တွေကို သရုပ်ကောင်းကောင်းဖော်နိုင်ပြီး သူ့ရဲ့ Video HDR ဟာ Details တွေကို ထူးကဲစွာ ဖမ်းယူပေးနိုင်ပါတယ်။ Video stabilization မှာလည်း ကောင်းပါတယ်။ ဒါပေမယ့် အံဩစရာကောင်းတာက iPhone XS Max ထက် video stabilization မကောင်းပါဘူးလို့ ဖော်ပြထားပါတယ်။ နည်းနည်းတော့ စဥ်းစားစရာပဲ…

Overall အနေနဲ့ iPhone 11 Pro Max ဟာ Camera အကောင်းဆုံး Top Five ဖုန်းထဲမှာ နေရာရယူနိုင်ခဲ့ပါတယ်။ သူ့မှာ ပိုကြီးတဲ့ Sensor နဲ့ ပိုကောင်းတဲ့ zoom သာရှိခဲ့ရင် စာရင်းထဲမှာ ထိပ်ဆုံးကနေရပ်တည်လာနိုင်ပါတယ်။

Ref: Gizmochina