fbpx

This is digital planet.

SamsungTech News

DxOMark မှာ Ultra Wide နဲ့ Night scores ကို ထပ်ပေါင်းလာပြီး ပြန်လည်တွက်ချက်ထားတဲ့ Result မှာ Samsung Galaxy Note10+ ထပ်ဆုံးမှာနေရာယူ

DxOMark အနေနဲ့ သူတို့ရဲ့ Review လုပ်ငန်းအတွက် ultra wide-angle cameras နဲ့ night mode အတွက် Score နှစ်ခုကိုထပ်ပေါင်းထည့်လာပါတယ်။ အဲ့ Scores အသစ်တွေကို လုပ်ထုံးလုပ်နည်းအသစ်‌တွေ နဲ့ အသုံးပြီးပြီး ဖုန်းတော်တော်များများမှာ စမ်းသပ်ထားပြီး Reviews တွေနဲ့ Scores တွေကို Update လုပ်ထားပါတယ်။

Samsung Galaxy Note10+ 5G Model ဟာ အရင်က 133 points မှာ 4 points တိုးလာပြီး ထိပ်ဆုံးမှာနေရာပြန်ယူထားပါတယ်။ အောက်မှာတော့ ပြောင်းလဲလာတဲ့ Scores တွေရဲ့ပုံပါ။

အဲ့အပြင် Night Mode test မှာ Huawei P30 Pro နဲ့ Galaxy S10 5G တိုနဲ့အတူ နံပါတ်တစ်ချိတ်နေပြီး ultra wide camera test မှာ ထိပ်ဆုံးကနေ တစ်လုံးတည်း ရပ်တည်နေပါတယ်။ အောက်မှာ အဲ့ Scores နှစ်ခုရဲ့ Rankings တွေပါ။

Ref: GSMARENA