fbpx

This is digital planet.

AudioTech News

DxOMARK ဟာ Smartphones တွေရဲ့ Audio Quality ကို စတင် Review လုပ်နေပြီး Huawei Mate 20X ဟာ ထိပ်ဆုံးမှာနေရာယူ

DxOMARK ဟာ Smartphone တွေရဲ့ Camera Reviews တွေမှာ နာမည်ကြီးပြီး တစ်ချို့သောသူတွေရဲ့ Reviews တွေမှာ DxOMARK Scores တွေကိုယုံကြည်ပြီး Reviews တွေလုပ်ကြပါတယ်။ အဲ့အပြင် တရုတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာလည်း DxOMARK Scores နဲ့သူတို့ရဲ့ ဖုန်းတွေကို ထုတ်ကြွားလေ့ရှိပါတယ်။ အရင်လ အနည်းငယ်တုန်းက DxOMARK ဟာ Smartphones တွေရဲ့ Selfie Cameras တွေကို စတင် အမှတ်ပေးခဲ့ပြီး အရင်လတုန်းကလည်း လက်ရှိဖုန်း‌တွေမှာ ရေပန်းစားလာတဲ့ night camera နဲ့ ultrawide-angle scores ကို သူတို့ရဲ့ Camera စမ်းသပ်မှု မှတ်တမ်းမှာ ထပ်ပေါင်းလိုက်ပါတယ်။

ဒီနေ့မှာတော့ DxOMARK ဟာ DxOMARL Audio Test Protocol လို့ခေါ်တဲ့ စမ်သပ်မှုမှတ်တမ်း အသစ်ကို စတင်မိတ်ဆက်လိုက်ပါပြီ။ ဖုန်းရဲ့ အတွင်းက Speakers ရဲ့ Playback Performance ကိုသာအခြေခံပြီး ဖုန်းရဲ့ audio recording နဲ့ output quality ကို DxOMARL Audio Test မှာစမ်းသပ်ပါတယ်။ နားကြပ်နဲ့တပ်ထားတဲ့ ဒါမှမဟုတ် အပြင် Speakers တွေနဲ့တွဲပြီး ထွက်တဲ့ အသံတွေဟာ စမ်းသပ်မှုထဲမှာ အကြုံးမ၀င်ပါဘူး။

Overall score မှာ ဖုန်းရဲ့ camera score မှာ photo နဲ့ video ကွဲသွားသလို အခု Test မှာ playback နဲ့ recording ဆိုပြီးကွဲသွားပါတယ်။ စမ်းသပ်မှုကို အထူးလက်‌တွေ့စမ်းသပ်မှုခန်းထဲမှာ Audio Engineers တွေက စမ်းသပ်ပြီး ဖုန်းတစ်လုံးအတွက် စမ်းသပ်ဖို့ တစ်ပတ်လောက်ကြာတယ်လို့ သိရပါတယ်။ စမ်းသပ်နေတုန်းမှာ အလုပ်များပြီး ဆူညံနေတဲ့ လမ်းပေါ်မှာရောက်နေသလို ရှုထောင့်တွေကို ဖန်တီးပြီး စမ်းသပ်ထားတယ်လို့ DxOMARK က ဆိုပါတယ်။ အဲ့လိုစမ်းသပ်နေချိန်မှာ ဖုန်းတွေကို အတူတကွယှဉ်ပြီး ရလာတဲ့ Scores တွေဟာ မျက်နှာလိုက်တယ်လို့ မထင်ရအောင်‌ သေချာ ပြုလုပ်ကြပါတယ်။

အခုလက်ရှိမှာတော့ DxOMARK အနေနဲ့ iPhone 11 Pro Max ၊ iPhone XS Max ၊ Galaxy Note10+ ၊ Galaxy S10+ ၊ Huawei Mate 20 X နဲ့ Sony Xperia 1 စတဲ့ဖုန်းတွေကိုသာ စမ်းသပ်ထားပါတယ်။ Results တွေအရ Stereo microphones တွေကြောင့် Audio Recording မှာ အမှတ်‌တော်တော်များများရခဲ့ Mate 20 X ဟာ စာရင်းရဲ့ ထိပ်ဆုံးမှာနေရာယူထားပါတယ်။

DxOMark Audio ranking

iPhone XS Max ကတော့ 74 Score (Playback: 75, Recording: 69) နဲ့ဒုတိယလိုက်ပါတယ်။ တတိယအနေနဲ့ iPhone XS Max နေရာကိုဆက်ခံထားတဲ့ iPhone 11 Pro Max က 71 Score ((Playback: 72, Recording: 68) ကလိုက်နေပြီး အောက်မှာတော့ Galaxy Note10+ နဲ့ Galaxy S10+ ဟာ score 66 နဲ့ 65 အသီးသီးရရှိထားပါတယ်။ Honor 20 Pro (53 score) နဲ့ Xperia 1 (45 score) တို့ဟာလည်း စာရင်းထဲမှာပါ၀င်နေကြပါတယ်။

DxOMARK အနေနဲ့ နောက်ထပ်ဖုန်းတွေကို Review လုပ်ဖို့ရှိနေပြီး စာရင်းကိုလည်း Update လုပ်သွားမယ်လို့ဆိုထားပါတဲ့အတွက် သင့်အကြိုက်ဖုန်းဟာ စာရင်းထဲမှာမပါဘူးဆိုရင် နောက် Update မှာ ပါ၀င်လာနိုင်ပါတယ်။

Ref: Gizmochina