fbpx

This is digital planet.

HuaweiTech News

Entry Level ထဲက Huawei Y5 2019 က ဘယ်လိုဖုန်းမျိုးလဲ

ကျွန်တော်တို့ ဖုန်းတွေရွေးကြတဲ့အခါမှာ Budget တို့ Mid Range တို့ Flagship တို့ Killer တို့ Premium တို့ စသဖြင့် အဆင့်တွေသတ်မှတ်ထားလေ့ရှိပါတယ်။ စာရေးသူ၊ စာဖတ်သူတို့ လူငယ်တွေကြားထဲမှာတော့ ဖုန်းရွေးတဲ့အခါ အနည်းဆုံး Budget လောက်ကနေ စတင်ရွေးကြပါတယ်။ ပုံမှန် ၁ သိန်းဝန်းကျင်လောက်နဲ့ ကိုင်ဖြစ်ကြတဲ့သူ နည်းပါတယ်။ အိမ်မှာနေကြတဲ့ လူကြီးတွေ (သို့) ဖုန်းကို ဖုန်းလိုပဲ သဘောထားတဲ့သူတွေ ဖုန်းနဲ့ပက်သက်ပြီး ဘာ Functions မှစိတ်မဝင်စားတဲ့သူတွေအတွက် ငွေ ၁ သိန်းဝန်းကျင်လောက်ကိုပဲ စဉ်းစားလေ့ရှိပါတယ်။

Image result for huawei y5 2019

ငွေ ၁ သိန်း ဝန်းကျင်လောက်မှာ ဘာဝယ်ရမလဲလို့မေးရင် စာရေးသူကိုယ်တိုင်လဲ ဖြေရခက်ပါတယ်။ အထူးသဖြင့် ဒီလိုအချိန်မှာ Huawei ရဲ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကြောင့် သူရဲ့ Products တွေအပေါ်မှာ Customer တွေက ကြောက်လန့်နေကြပါတယ်။ ဒီလိုအခါမျိုးမှာ PX က Huawei ဖုန်းဝယ်ဖို့ ညွှန်နေတယ်ထင်ရင် စာဖတ်သူ ပြန်န်သတိရပေးပါ ဒါက Entry Level ဖုန်းဖြစ်တဲ့အပြင် ငွေကျပ် ၁ သိန်းခွဲတန်ဖုန်းလေးဖြစ်ပါတယ်။ ဒီလိုငွေကျပ် ၁ သိန်းခွဲဝန်းကျင်မှာ ဘယ်ဖုန်းတွေ Update ရနိုင်လဲမေးရင် Redmi ကလွဲလို့ အခြားဖုန်းမရှိနိုင်သလို Redmi တောင်မှ Android Update ထက် Security နဲ့ UI update လောက်ပဲ ရနိုင်ခြေရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်ထဲမှာ Google Service တို့ Android Update တို့က သင့်ဖုန်းကို ပြောင်မြောက်သွားစေလောက်တဲ့အထိ မထူးခြားပါဘူး။ အခြား Brand တွေမှာဆိုရင်လည်း Update တွေက ကြွေလောက်တဲ့အထိ မရတာများပါတယ်။ ဒီတော့ ငွေကျပ် ၁ သိန်းခွဲဝန်းကျင်မှာ Huawei ဖုန်းကို ဝယ်ဖို့ မဝယ်ဖို့ ငြင်းတာက သင့်အနေနဲ့ လေကုန်တာပဲအဖတ်တင်ပါမယ်။ ဒီ Huawei Y5 2019 ကလည်း ထွက်ပြီးသားဖြစ်တဲ့အတွက် အခြား Entry Level ဖုန်း (Redmi ကလွဲလို့) နည်းတူ Update ကိုမျှော်လင့်လို့မရတာ သေချာပါတယ်။ ဆိုတော့ ဖုန်းကိုဆက်ရအောင်…

Image result for huawei y5 2019

Huawei Y5 2019 မှာ အလေးချိန် 146 grams ရှိတယ်။ ဒါက Redmi 7 တို့ Galaxy A10 တို့ထက် ပိုပေါ့တဲ့အနေအထားပါ။ Build Quality ပိုင်းမှာ ကျောဘက်ခြမ်းကို လက်ရာမထင် Anti-dirty ဖြစ်တဲ့ Faux Leather ပုံစုံ Plastic ကိုသုံးပေးထားပါတယ်။ အခြား ဈေးတန်းတူဖုန်းတွေနဲ့ယှဉ်ရင် အလှအပနဲ့ Hands-on feeling ကို အသားပေးထားတာပါ။

5.71-inch IPS LCD display ကိုအသုံးပြုထားပြီး Resolution မှာတော 720 x 1520 pixels ရှိပါတယ်။ ဖုန်းရဲ့ Chin ကအနည်းငယ်ထူပြီး Huawei ဆိုတဲ့စာကို Chin မှာရေးထိုးပေးထားပါတယ်။ အပေါ်ဘက်မှာတော့ DrewDrop Notch အသေးစားလေး ပါဝင်ပါတယ်။ Display ပိုင်းမှာဆိုရင် TUV Rheinland certified ဖြစ်တဲ့အတွက် blue light အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီ Function ကိုသုံးဖို့အတွက် Eye comfort mode ကိုဖွင့်ထားဖို့လိုအပ်ပါတယ်။

Related image

Performace Specs မှာဆိုရင် SoC ပိုင်းမှာဆိုရင် MediaTek Helio A22 (12nm) ကိုအသုံးပြုပေးထားပါတယ်။ RAM အနေနဲ့ 2 GB RAM + 32 GB storage ပါဝင်သလို Battery ပိုင်းမှာလဲ 3,020mAh ထိထည့်သွင်းပေးထားပါတယ်။ System ပိုင်းမှာဆိုရင်တော့ Android 9 Pie ကို အြခေခံထားတဲ့ EMUI 9 ကို ထည့်သွင်းအသုံးပြုထားပါတယ်။

Camera ပိုင်းမှာဆိုရင် ကျောဘက်ခြမ်းမှာ 13-megapixel f/1.8 aperture တစ်လုံးထဲ ထည့်သွင်းအသုံးပြုပေးထားသလို Low-light Photography တွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Selfie ပိုင်းမှာတော့ 5-megapixel camera ကိုပဲအသုံးပြုပေးထားတာပါ။

Image result for huawei y5 2019

စိတ်မကောင်းစရာကတော့ Fingerprint scanner ပါဝင်လာခြင်းမရှိပဲ face unlock ကိုပဲအသုံးပြုနိုင်မှာပါ။ အခြားသောအနေနဲ့ microSD card ထည့်သွင်းလို့ရမယ် 3.5mm audio jack တို့ပါဝင်ပါတယ်။ အရောင်အနေနဲ့ Modern Black, Sapphire Blue (နီလာအပြာ) နဲ့ Amber Brown (ပယင်းညို) စသဖြင့်ဝယ်ယူရရှိနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ မြန်မာငွေ ၁၄၉၀၀၀ ကျပ်ပါ။

Image result for huawei y5 2019

အချုပ်အားဖြင့်ပြောရရင် ဒီဖုန်းမှာ ဈေးတန်းတူဖုန်းနဲ့ ယှဉ်ရင် On-paper အရ ဘာတွေအားသာမလဲဆိုရင် Storage က 32GB ထိ ပါဝင်တာရယ်၊ 13MP f/1.8 Camera ရယ်၊ ပေါ့ပါးပြီး ကိုင်လို့ကောင်းတဲ့ BQ ရယ်ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာက ငွေကျပ် ၁ သိန်းခွဲတန် ဖုန်းဖြစ်လို့ Update ရသည်ဖြစ်ဖြစ် မရသည်ဖြစ်ဖြစ် အခြား Level တူဖုန်းတွေလိုပဲ ပြောင်မြောက်နေမှာမဟုတ်ပါဘူးလို့ ရေးသားရင်း…