fbpx

This is digital planet.

AndroidEssentialTech News

Essential ရဲ့ ထူးခြားတဲ့ Design နဲ့ Project GEM ဖုန်း

ကျွန်တော်တို့အနေနဲ့ ‌ဒီနှစ်တွေအတွင်းမှာ အရွယ်အစားနဲ့ ပုံစံအမျိုးမျိုးရှိတဲ့ ဖုန်းတွေကို တွေ့မြင်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ အခုလည်း နောက်ထပ် ထူးဆန်းတဲ့ ပုံစံနဲ့ ဖုန်းကို မြင်တွေ့ရဦးမှာပါ။ Android ဖခင်ကြီး ကိုယ်တိုင်တည်ထောင်ထားတဲ့ Essential ရဲ့ နောက် Device (သို့) ဒုတိယမြောက်ဖုန်းဖြစ်လာနိုင်တဲ့ ဖုန်းက တစ်ခြား ပုံစံမှာ ဦးတည်ဖို့ရှိနေပါတယ်။ Android ကိုပူးတွဲတည်ထောင်သူ အခုလက်ရှိ Essential Company ရဲ့ CEO ဖြစ်သူ Andy Rubin ဟာ 2014 တုန်းက Google ကနေထွက်လိုက်ပါတယ်။

Image result for essential project gem

အဲ့အတွက် Google ဟာ Andy Rubin ကို $90 million ခွဲပေးလိုက်ပြီး Essential ဆိုတဲ့ ဖုန်း Company အသစ်ကို ထူထောင်ခဲ့ပါတယ်။ Essential PH-1 လို့ အမည်တွင်တဲ့ဖုန်းတစ်ခုကို ထုတ်လုပ်ခဲ့သလို အခုအခါမှာလည်း Andy Rubin ဟာ ၄င်းကောင်းရဲ့ Twitter မှ Essential ရဲ့ ဖုန်းအသစ်နဲ့ ပက်သက်ပြီး ပုံတွေကိုတင်ထားပါတယ်။

ပုံတွေအရ ဖုန်းဟာ ကျွန်တော်တို့မြင်နေကျ ဖုန်းတွေထက် ပိုရှည်ပြီး ပိုသေးနေပါတယ်။ ဒီပုံစံကိုမြင်တော့ ဟိုးအရင် ခေါက်ဖုန်းတွေကိုတောင် သတိရမိတယ်။ Tweet မှာ “new UI for a radically different formfactor” ဆိုတဲ့ စာနဲ့တင်ထားပါတယ်။

Image result for essential project gem

နောက်ပုံနဲ့ Video မှာ ဖုန်းရဲ့ နောက်ဘက်ကိုပြထားပြီး ရှုထောင့်အမျိုးမျိုးမှာ အလင်းအမှောင်ပြောင်းမယ့် “colorshift” material ပါကြောင်းကို Tease ထားပါတယ်။ အရင် December တုန်းက Essential ဟာ PH-1 ဖုန်းနဲ့ပက်သက်ပြီး (ဒုတိယမြောက် PH-2) Model အသစ်ကို ထပ်မထုတ်ဖြစ်တော့ဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့် အခုအခါ PH-1 နေရာကိုဆက်ခံမယ့် ဖုန်းအသစ်တွေထပ်ထုတ်မယ်လို့ ဂတိပေးထားပြီး PH-1 အတွက် လည်း Software updates တွေကို ဆက်လက်ပြီး ပေးသွားမှာပါ။

အခုအခါမှာ ဖုန်းတွေရဲ့ Screens တွေပိုကြီးပြီး ကျယ်လာပါတယ်။ အဲ့ထဲမှာ ခေါက်ချိုးလို့ရတဲ့ ဖုန်းတွေနဲ့ Second Screens ပါ၀င်လာတဲ့ဖုန်းတွေလည်း ပါ၀င်ပါတယ်။ ဖုန်းတွေကို အရမ်း ရှည်အောင် အသုံးပြုတာက အရေးကြီးတဲ့ Info နဲ့ Notification placement အတွက် အဆင်ပြေသော နည်းလမ်းတစ်ခုပဲဖြစ်တယ်လို့ သိရပါတယ်။ အရင်နှစ်တုန်းက Rubin ဟာ ဖုန်းစွဲလန်းမှုကို ဖြေရှင်းဖို့ သေးတဲ့ Screen နဲ့ အများစုသော Software တွေကိုအသံနဲ့သာအသုံးပြုဖို့နည်းလမ်းကို ‌ဖော်ပြခဲ့ပါတယ်။

Image result for essential project gem

Essential Products Twitter account မှာ ဖုန်းရဲ့ ပုံအသစ် နှစ်ပုံကို hashtag #ProjectGem နဲ့တွဲပြီး တင်ထားပါတယ်။ ဖုန်းဟာ အစောပိုင်းစမ်းသပ်မှုမှာသာ ရှိသေးတယ်လို့ ပြောထားပြီး Mobile လောကမှာ ရှုထောင့်အသစ်ပေးလာမယ့် Device အသစ်ကို ပြုလုပ်နေတယ်လို့ Post မှာ ရေးထားပါတယ်။

Ref: Engadget