fbpx

This is digital planet.

Articles

2020 မှာပဲ နှုတ်ဆက်သွားတော့မယ့် Essential နဲ့ BlackBerry

ကျွန်တော်တို့ဆီမှာတော့ ဒီဖုန်းလေးတွေက ရှားပါးပစ္စည်းတွေလို့ ပြောရမယ်ပေါ့။ တန်ဖိုးအားဖြင့် မကြီးလွန်း၊ မနည်းလွန်းတဲ့ အမျိုးစားထဲမှာ ပါဝင်ပေမယ့် စပယ်ရှာပတ်စ် (Spare Parts) ရှားပါတယ်။

ခရေဇီဖြစ်သူတွေသာ ဝယ်ကိုင်ကျတယ်ဆိုမယ့် ပေးရတဲ့စျေးခြင်းတူနေရင်တောင် ကွာခြားသွားပြီဖြစ်တဲ့ စမတ်ဖုန်းတစ်လုံး စွမ်းဆောင်ရည် ၊ ကင်မရာလုပ်ဆောင်ချက် (ကျွန်တော်တို့အတွက် အရေးပါဆုံး After Sale Service) တွေကြောင့် Essential နဲ့ BlackBerry တို့ ရပ်နားတော့မယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဒီလိုဆိုတော့ Background History ကနေ စပြောကြည့်တာပေါ့။

A New Journey

အတိကျပြောရရင်တော့ BlackBerry Comeback ဟာ ၂၀၁၇ ၊ ဇူလိုင်လမှာ TCL (Tele Communicaton Limited) Corporation နဲ့ ချုပ်ဆိုလိုက်တဲ့ သဘောတူညီမှုကနေ စတင်ခဲ့တာပါ။

BlackBerry Mercury

BlackBerry Mercury (Image: Android Community)

Partnership Program ကို ကြေညာပြီးတဲ့ နောက်ပိုင်း Android Ecosystem အသုံးပြုလာတဲ့ BlackBerry Mercury (KeyOne) ကို မိတ်ဆက်ခဲ့ပါတယ်။ TCL အနေနဲ့ ထုတ်လုပ်မှုအပိုင်းကို တာဝန်ယူခဲ့တာဖြစ်ပြီး Software ပိုင်းဆိုင်ရာမှာတော့ BlackBerry Ecosystem ကို အသုံးချခဲ့ပြီး Fans တွေ အကြိုက်တွေ့စေမယ့် Physical QWERTY Key ကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်။

2017 – 2018 ကာလဆိုတာ ပြန်တွေးကြည့်ရင် ဘေးဘောင်တွေ သေးသွယ်သွားပြီး မျက်နှာပြင်ကျယ် Full-screen Display ဆီ တက်လှမ်းနေချိန်ဖြစ်ပါတယ်။
အဲ့ဒီမှာ ၃ ပုံ ၁ ပုံစာ Display နေရာကို Physical Key အတွက် နေရာပေးလိုက်ပြီး သုံးစွဲသူတွေ အတွေ့ကြုံအရ Spacebar နေရာမှာ ထည့်သွင်းထားတဲ့ Fingerprint Sensor က Gimmick ဖြစ်တယ်။

Functional but not useful

လူကြိုက်များခဲ့တဲ့ Physical Key Signature ဒီဇိုင်းကိုပဲ ယူသုံးထားတာ Epic ဖြစ်ပေမယ့် ခေတ်အနေထားအရ Android ကို မှီခိုထားရတယ်။ ဒါကို ကျွန်တော့် Personal အမြင်ရ ပြောနေတာမဟုတ်သလို စာဖတ်သူတွေအနေနဲ့လည်း အခုလို အတွေးမျိုးဝင်မယ် ထင်ပါတယ်။

Android Central ရဲ့ ပြောရေးဆိုခွင့်ရှိသူက BlackBerry KeyOne ဟာ အရည်သွေးမြင့် စမတ်ဖုန်းကောင်းတစ်လုံးဖြစ်ပေမယ့် Daily Driver အနေနဲ့ မသုံးချင်ဘူး

BlackBerry Mercury

(Image: Tech Beasts)

Android ဖုန်းတွေနဲ့ ရင်ဘောင်တန်းဖို့ အတွေးကောင်းတာမှန်ပေမယ့် အခွင့်မသာခဲ့ဘူးလို့ပဲ ကျွန်တော်သုံးသပ်မိပါတယ်။ 2018 မှာ ရောင်းချခဲ့တဲ့ BlackBerry Key2 ကတော့ တစ်နှစ်လုံးရဲ့ အရည်သွေးမြင့် စမတ်ဖုန်း အလုံး ၂၀ ထဲမှာ ပါဝင်ခဲ့လို့ စာဖတ်သူတွေ ဘာထူးခြားနေလဲသိရအောင် အတိုလေး ဖော်ပြလိုက်ပါတယ်။

One of the Best Smartphone in 2018

ဒေါ်လာ ၆၅၀ ကျသင့်မယ့် BlackBerry Key2 မှာ Snapdragon 660 Processor နဲ့ 12MP Dual Camera ပါဝင်ပေမယ့် ထုံးစံအတိုင်း ဈေးတော့ကြီးနေပါတယ်။

Android OS နဲ့ မောင်းနှင်ထားတယ်၊ ၄ လက်မခွဲ Display နဲ့ Physical Keyboard ထည့်လိုက်တာက စာရိုက်ရ ပိုအစဉ်ပြေပေမယ့် မလိုအပ်ဘူးလို့ ထင်တာပဲ။ Fingerprint Sensor ကို Spacebar နဲ့ တွဲထည့်ထားလို့ ဖုန်း Unlock လုပ်ရင် တစ်ခါတရံ ကသိကအောက်နိုင်တာမျိုးတော့ ဖြစ်တတ်ပါတယ်။

BlackBerry Key2

BlackBerry Key2 (Image: CG Magazine)

Dual 12MP နှစ်လုံးသုံးထားလို့ စွမ်းဆောင်ရည်က Google Pixel နဲ့ Samsung နီးနီးကာင်းတယ်လို့ ပြောနိုင်ပေမယ့် Selfie ရိုက်ကူးဖို့ကျ သာမန်လောက်ပဲ စွမ်းဆောင်နိုင်ပါတယ်။

အခုဆိုရင်တော့ BlackBerry ကို ၂၀၂၀ ၊ သြဂုတ်လ ၃၁ ရက်နေ့မှာ ရပ်နားသွားတော့မယ်လို့ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ TCL နဲ့ ၂ နှစ်တာ ချုပ်ဆိုခဲ့တဲ့ Partnership သက်တမ်းကုန်ဆုံးသွားတာနဲ့အညီ ရပ်နားမယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဖုန်းတွေကို ၂၀၂၃ အထိ Support ပေးသွားမယ်လို့ ပြောထားပြီ ဖြစ်ပါတယ်။

Partnership with TCL has ended

ဆိုတော့ ခရီးဆုံးပြီလား? လုံ့လစိုက်ထုတ်မှုဟာ BlackBerry အပေါ်မှာပဲ မူတည်မယ်လို့ TCL ပြောတဲ့အတိုင်း တဖက်ကုမ္ပဏီက စမတ်ဖုန်း ဒီဇိုင်းသစ် ၊ အိုင်ဒီယာအသစ် မထုတ်နိုင်တော့ဘူးလို့ ဆိုတဲ့အတွက် ကိုယ်တိုင်ထုတ်ရင်ထုတ် ၊ မထုတ်နိုင်ရင် တခြားလူရှာရမယ့် သဘောဖြစ်သွားပါတယ်။

BlackBerry Key2

BlackBerry Key2 (Image: Android Authority)

Essential is not essential now

နောက်ပုဂ္ဂိုလ်တစ်ယောက်ကတော့ ခေတ်စကားပြောရရင် ခြေရှုပ်တဲ့အထဲမှာ ပါပါတယ်။ ဒီနေရာမှာ ရှုပ်တယ်ဆိုတဲ့ အသုံးနှုန်းက သက်မဲ့ Essential ကို ဆိုလိုတာ မဟုတ်ပါဘူး။
Android Creator တဖြစ်လည်း Andy Ruby ပျိုးထောင်ခဲ့တဲ့ Startup လုပ်ငန်းဟာ ၂၀၂၀ ထဲမှာပဲ ရပ်နားသွားတော့မယ်၊ အကြောင်းပြချက်ကိုတော့ ရိုးရှင်းစွာနဲ့ပဲ Mixed Reviews တွေပဲ ရရှိခဲ့ပြီး ရောင်းအားမကောင်းလို့ ပြောခဲ့ပါတယ်။

First Ever!!

Notch ကို စမန်ထခဲ့တာ Apple (iPhoneX) မဟုတ်ပါဘူး။ 2017 မှာ PH-1 ဖုန်း မိတ်ဆက်တဲ့အချိန်တုန်းက မျက်နှာပြင်တစ်ခုလုံးမှာ Selfie Camera တစ်ပေါက်စာပဲ နေရာယူထားတဲ့ Notch Display နဲ့ Essential ဦးဆောင်နိုင်ခဲ့ပါတယ်။

5.71″ Displya မှာ 1312 x 2560 Resolution အထိ အသုံးပြုခဲ့ပြီး Revolutionary Item လို့တောင် တင်စားနိုင်တဲ့ Essential PH-1 ဟာ 27W Fast Charging စသုံးခဲ့တဲ့ဖုန်းလည်း ဖြစ်ပါတယ်။

Essential PH-1

Essential PH-1 (Image: Tech Radar)

ဒါပေမယ့် တစ်လသားငယ်တဲ့ iPhone X (သြဂုတ် – စက်တင်ဘာ) ထွက်လာတဲ့အချိန် ရုပ်ဆိုးဆိုး Notch အထူကြီးကို တန်းတန်းစွဲဖြစ်ခဲ့ကြပြီး ၂၀၁၈ Android ဖုန်းတွေအပေါ် သြဇာအာဏာရှိရှိ လွှမ်းမိုးနိုင်ခဲ့ပါတယ်။

မိအေး ၂ ခါနာ

ဒီလို Notch Display ကို Pioneer လုပ်ခဲ့တဲ့ Essential ၊ iPhoneX အောင်မြင်ပြီးတဲ့နောက် မကျော်ကြားတဲ့ US Carrier Sprint နဲ့ လက်တွဲခဲ့ပါတယ်။
အဲ့မှာ ရောင်းအားမကောင်းသလို ကင်မရာပိုင်းမှာလည်း Reviewer တွေ ပြောဆိုတာ ကောင်းကောင်းခံခဲ့ရတဲ့အတွက် မော်ဒယ်အသစ်ထုတ်ဖို့တောင် အခက်ဖြစ်ခဲ့တာပါ။

Software Update ကိုသာ ပုံမှန်ပေးပြီး 360° လှည့်နိုင်တဲ့ ကင်မရာ ၊ Headphone Adapter Accessory ၂ မျိုးကို ဒေါ်လာ ၁၄၉ နဲ့ ရောင်းချခဲ့ပါတယ်။ Accessories ၄ မျိုး ထောက်ပံ့သွားမယ်ဆိုမယ့် ၂ မျိုးနဲ့သာ အဆုံးသတ်ခဲ့ရတယ်။

Essential PH-1

Essential Phone (Image: 9to5 Google)

ပြောရမယ်ဆိုရင်တော့ ၃ နှစ်တာ ကျင်လည်ပြီးတဲ့နောက် အဆုံးသတ်ဖို့ အကြောင်းဖန်လာတယ်။ ဒါကလည်း ပဲ့ကိုင်ရှင်ရဲ့ Personality နဲ့ တနည်းမဟုတ်တနည်း ဆက်စပ်မယ်လို့ ထင်ပါတယ်။

The New Yorks Time အဆိုရ Essential ဖန်တီးရှင် Andy Rubin ဟာ လိင်ပိုင်းဆိုင်ရာ စွပ်ဆွဲမှုတွေနဲ့ Google ကုမ္ပဏီက ထွက်ခွာလိုက်ရသူ ဖြစ်ပါတယ်။

Ulterior Motives (ဖုံးကွယ်ထားတဲ့လှုပ်ရှားမှု)

၂၀၁၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်ကို Google က ပိုက်စိပ်တိုက် စစ်ဆေးခဲ့တာဖြစ်ပြီး Mr.Rubin နဲ့ အနေနီးလွန်းသူ အမည်မဖော်ပြလိုသူ မိန်းမတစ်ယောက်နဲ့ ဟော်တယ်မှာ Oral Sex ဆက်ဆံခဲ့တာလို့ ပေါ်လွင်ခဲ့ပါတယ်။

Google အနေနဲ့ Mr. Rubin ကို အလုပ်ထုတ်ပစ်လို့ ရပေမယ့် ၂၀၁၄ ၊ အောက်တိုဘာလ နှုတ်ထွက်စဥ်မှာ လျောကြေး ဒေါ်လာ သန်း ၉၀ အပြင် လစဥ် ဒေါ်လာ ၂ သန်းကို ၄ နှစ်ဆက် ထောက်ပံ့မှုနဲ့ နှုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။

The Father

Andy Rubin ဟာ Android ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့အတွက် The New York Times အဆိုရ မျက်နှာသာပေး၊ အကာကွယ်ပေးခံရတဲ့သူ (အကြီးကဲ ၃ ဦးထဲမှ တစ်ဦး) ပါ။

Andy Rubin

Andy Rubin (Image: 9to5 Google)

Google နဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်းမှာ Essential Startup ကို စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ မှာပဲ ရပ်နားတော့မယ်လို့ ကြေညာခဲ့တာပါ။

Everything comes and goes

အခုလို BlackBerry နဲ့ Essential တို့ နှုတ်ဆက်တော့မယ်ဆိုတော့လည်း တမျိုးခံစားရပါတယ်။ ဒိမတိုင်ခင် ၂၀၁၄ ကာလတွေမှာ နာမည်ကြီးခဲ့တဲ့ HTC ဆိုရင်လည်း သတိမထားမိတော့တဲ့ အခြေနေထိ ဖြစ်သွားပါပြီ။

လိမ်ဖယ်လိမ်ဖယ်နဲ့ Flagship ဖုန်းတွေ ထုတ်နေသေးပေမယ့် Exodus ကို ၂၀၁၈ မှာ မိတ်ဆက်ခဲ့တဲ နောက်ပိုင်း တော်တော်လေး တိတ်ဆိတ်သွားခဲ့ပါပြီ။

HTC Exodus

Blockchain Smartphone (Image: Business Insider)

ယိမ်းယိုင်တဲ့ အခြေနေမှာ ကျင်လည်နေရတဲ့ ကုမ္ပဏီတွေ (Sony ၊ LG ) များပေမယ့် ခေတ်အနေထားတစ်ခု (Price to Performance) ခေါင်းစဥ်အောက်မှာ တန်ဖိုးမြင့်ဖုန်းဆိုရင် စိတ်မဝင်စားကြတော့ပါဘူး။

Source: 9to5 Google 12The VergeThe New York Times