fbpx

This is digital planet.

Tech News

PlayStation 5 မှာ ပါဝင်လာမယ့် ထူးခြားချက် ၇ ချက်

Sony ကတော့ Super Console အသစ်နဲ့ ဂိမ်မာတွေကို အရူးလုပ်ထားပြီဆိုတာ သိပြီးပြီထင်ပါတယ်။ ဒါပေမယ့် ဒီတခါမှာတော့ PlayStation 5 ကို တကယ်မြင်တွေ့ရတော့မှာပါ။ CES 2020 မှာ Logo အသစ်ထုတ်ကြွားလာသလို ပေါက်ကြားထားတဲ့ သတင်းတွေအရ ဘာတွေထူးခြားလာမလဲ လေ့လာကြည့်ရအောင်။

Graphics ပိုကြမ်းလာမယ်

ကယ်..အရေးကြီးဆုံးလို့လည်း ပြောနိုင်သလို မဖြစ်မနေ Upgrade လုပ်ရမယ့်အပိုင်းကတော့ Processor နဲ့ Graphics Power ပါဝါပါပဲ။ သိရသလောက်ဆိုရင် Custom NAVI GPU ပါဝင်လာမှာဖြစ်ပြီး Ray Tracing Support နဲ့ 8K TV တွေကိုပါ ထောက်ပံ့နိုင်ပါတယ်။

Final Fantasy 7 Remake

Final Fantasy 7 Remake (Square Enix) (Image Credit: Game Spot)

8-core Ryzen CPU

ဒုတိယ အဆင့်အနေနဲ့ကတော့ PS5 မှာ AMD ကိုယ်တိုင် Customized လုပ်ထားတဲ့ 8-core Ryzen Processor အသုံးပြုထားမှာဖြစ်ပြီး PS3 ၊ PS4 စီးရီးမှာ အသုံးပြုခဲ့တဲ့ Jaguar စီးရီးတွေထက် Performance Improve ဖြစ်လာတာ တွေ့ရဦးမှာပါ။

God of War 2018

God of War (Santa Monica Studio) [Image Credit: Sony]

Ray Tracing and More

လက်ရှိ AAA ဂိမ်းတွေက Screen Space Reflection နည်းပညာသစ်ဖြစ်တဲ့ Ray Tracing ကို ထောက်ပံ့နေပြီဖြစ်တဲ့အတွက် PS5 မှာလည်း AMD ရဲ့ Ray Tracing နည်းပညာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Ghost of Tsushima

Ghost of Tsushima (SuckerPunch Production) [Image Credit SuckerPunch]

သိရသလောက် PS ရဲ့ Ray Tracing ဟာ Hollywood ရုပ်ရှင်ကားတွေမှာ အသုံးပြုနေတဲ့ Big Budget CGI နည်းပညာနဲ့ သွားဆင်မှာပါ။ (Developer ကြီး Nvidia ကတော့ Real Life ဖက်သွားပြီး Screen Space ထဲမှာပဲ Ray Trace လုပ်တယ်ဆိုတော့ ကွဲပြားမှုတော့ရှိနိုင်ပါတယ်)

8K Visual

ဒါကတော့ PS5 Graphics ပါဝါဟာ အမြင့်ဆုံး 8K@30fps ထောက်ပံ့နိုင်မယ်လို့ ရည်ညွန်းတာဖြစ်ပြီး ဂိမ်းနဲ့ရုပ်ရှင်တွေက နည်းပညာပိုင်း ထောက်ပံ့ရင် ထောက်ပံ့သလိုက် 8K အထိ Scale Up လုပ်နိုင်တယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။

Uncharted 4 A Thief's End

Uncharted 4 A Thief’s End (Image Credit Naughty Dog)

လတ်တလော ပြောနေတာတော့ PS5 ရဲ့ 7nm NAVI GPU ဟာ Consumer Class ထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံး RTX 2070 S ထက် ပိုသာတယ်ဆိုတဲ့အတွက် ဘယ်လောက်ထိ Powerful ဖြစ်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

SSD နဲ့ Loading Time ပိုနည်းလာမယ်

Solid State က အမှန်တိုင်းပြောရရင် Gaming PC မှာ OS နဲ့ Loading Time အတွက် အလျံပယ် ထည့်သုံးနေတယ်ဆိုတော့ အထူးဆန်တော့ မဟုတ်တော့ပါဘူး။ 7200 RPM လောက်သွားနေတဲ့ Hard Disk ထက်စာရင်တော့ သိသိသာသာပိုမြန်လာမှာကတော့ ငြင်းရက်စရာမရှိပါဘူး။

Backward Compatible

ဒီလိုမျိုးဆိုကျတော့လည်း PS5 ရှိနေရင် ကစားစရာဂိမ်းလည်း မရှားတော့ပါဘူး။ အရင် Generation တွေတုန်းက Game ဟောင်းတွေနဲ့ အဆင်မပြေတာ၊ ကစားမရတာရှိခဲ့လို့ Compatibility Mode ထည့်ပေးလိုက်တာ ကျေးဇူးတင်ရဦးမှာပါ။

Marvel's Spider-Man

Marvel’s Spider-Man (Insomniac Games) [Image credit Sony]

တခုရှိတာက Original PlayStation အထိပါ Backward ရမယ်ဆိုရင်တော့ လုံးဝအလန်းဖြစ်လာမှာပါ၊ PS5 နဲ့ ၉၀ ဝန်းကျင်ကာလကို သူငယ်ပြန်လို့ရပါပြီ။

3D Audio and VR

3D Audio နဲ့ VR က ထုံးစံအတိုင်း PlayStation ရဲ့ အနှစ်ဖြစ်တာမို့ PS5 မှာ Higher Fidelity Version ပါဝင်လာမယ်လို့ သိရပါတယ်။ ဘယ်လိုထူးခြားချက်တွေရှိဦးမလဲဆိုတာကိုတော့ အတိကျမသိရသေးသလို PS4 တွက်ထွက်ရှိထားတဲ့ PlayStation VR နဲ့လည်း Compatible ဖြစ်မယ်လို့သိရပါတယ်။

The Last of Us

The Last of US (Naughty Dog) [Image Credit: Sony]

၂၀၂၀ နောက်ပိုင်းမှပဲ မြင်တွေ့ရမှာပါ

CEO “Shawn Layden” အဆိုရပြောရင်တော့ PS5 ကို မြင်တွေ့ရဖို့မရှိသေးပါဘူး။ Financial Times နဲ့ တွေ့ဆုံပွဲမှာသာ Next Gen Console လုပ်နေပြီလို့ ထုတ်ပြောလိုက်ပြီဖြစ်ပေမယ့် အစောဆုံးအနေနဲ့ ၂၀၂၀ ကုန်တဲ့အထိ စောင့်ရဖွယ်ရှိပါတယ်။

A new PS5 Logo

Sony Press Conference (CES 2020) [Image Credit: Engadget]

ရောင်းချမယ့် စျေးနှုန်း

Sony ကတော့ စျေးနှုန်းဘာညာ တစ်ခုမှ ပြောထားခြင်း မရှိသေးပါဘူး။ ကျွမ်းကျင်သူတွေကတော့ ဒေါ်လာ ၄၉၉ ခန့်မှန်းထားတဲ့အတွက် PS5 ဟာ အရင် Generation တွေထက် ဒေါ်လာ ၁၅၀ – ၂၀၀ (ခန့်မှန်း) စျေးပိုကြီးနိုင်ပါတယ်။

Source: Tech Radar