fbpx

This is digital planet.

MotorolaTech News

Exynos 9610 နဲ့ တွဲထွက်လာနိုင်သော Moto One Vision

Samsung ရဲ့ Exynos Chipset တွေကို တခြား Brand တစ်ခုမှာယူသုံးတယ်ဆိုတာ ရှားပါးဖြစ်စဉ်လို့တောင် ပြောလို့ရပါတယ်။ အရင်ကတော့ Meizu ရဲ့ High End Pro Series နဲ့ Mid-range တစ်ချို့မှာပဲ Exynos Chipset တွေကို သုံးခဲ့ပေမယ့် အခုအခါမှာတော့ လက်ရှိ Lenovo ပိုင် Company ဖြစ်တဲ့ Motorola အနေနဲ့ သူတို့ရဲ့ အသစ်ထွက်ရှိမယ့် Mid-range Device နှစ်မျိုးမှာအသုံးပြုဖို့ Samsung ကနေ Exynos 9610 Chipset တွေ မှာယူနေတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့ပါတယ်။


အသစ်ထွက်ရှိမယ့် Motorola ရဲ့ Phone Model ကိုတော့ ခုထိမသိရပေမယ့် Calendar ကျ ခန့်မှန်းမှုတွေအရ မနှစ်ကထွက်ရှိထားတဲ့ Moto P30 ရဲ့ မျိုးဆက်သစ် P40 ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အခုအချိန်မှာ တခြား Specification တွေနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးပေမယ့် Geekbench မှာ ထွက်ပေါ်လာတဲ့ Motorola One Vision ဆိုတဲ့နာမည်ကြောင့် ဒီဖုန်းဟာ Android One Program အောက်က Android Pie ကို အခြေခံတဲ့ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ Chipset နေရာမှာတော့ Samsung ရဲ့ 10nm Mid-range SOC ဖြစ်တဲ့ Exynos 9610 ကို RAM 6GB နဲ့ တွဲဖက်မြင်တွေ့ခဲ့ရပါတယ်။

January လောက်က ကောလဟာလတွေမှာတော့ Moto P40 မှာ Snapdragon 675 ကို 48MP Camera နဲ့အတူ တွဲသုံးလာနိုင်တယ်လို့ သတင်းထွက်ခဲ့တာကြောင့် Exynos Chipset နဲ့ ဒီဖုန်းဟာ Moto P40 ရဲ့ Budget or Lite Version လည်း ဖြစ်နိုင်ခြေရှိနေပါတယ်။ တစ်ချို့ကလည်း Moto P40 မှာ Punch Hole Selfie Camera ကို သုံးလာနိုင်တယ်လို့ ခန့်မှန်းနေကြတာကြောင့် Motorola အနေနဲ့ Mid-range မှာ ဘယ်လောက်ထိကောင်းမွန်တဲ့ Android One Smartphone တွေကိုပွဲထုတ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref: Gizchina