fbpx

This is digital planet.

SamsungTech News


Zawgyi







Unicode

Exynos 9820 အသုံးပြုထားတဲ့ Samsung Galaxy S10 Plus ရဲ့ AnTuTu benchmark ထွက်ပေါ်လာ

လာမဲ့လ အနည်းငယ်အတွင်းမှာ Samsung အနေနဲ့ Galaxy S series အသစ်ကို စတင်မိတ်ဆက်ပေးတွေမှာဖြစ်ပြီး ယနေ့မှာတော့ အဆိုပါ S Series ထဲမှာပါဝင်တဲ့ S10 Plus ရဲ့ AnTuTu Benchmark ရလဒ်ထွက်ပေါ်လာခဲ့ပါတယ်။

Galaxy S10 Plus ရဲ့ Model Number ကတော့ SM-G975F ဖြစ်တယ်လို့ဖော်ပြခဲ့ပြီး အရင်ကကြေညာထားတဲ့အတိုင်း သူရဲ့ကိုယ်ပိုင် Processor ဖြစ်တဲ့ Exynos 9820 နဲ့မောင်းနှင်ထားတာလည်းဖြစ်ပါတယ်။

AnTuTu Benchmark တွေအရ Galaxy S10 Plus ရဲ့ Screen resolution ဟာ 2280 x 1080 ရှိကာ aspect ratio 19:9 ရှိတယ်လို့ဆိုပါတယ်.ဒီဖုန်းကိုတော့ Android ရဲ့နောက်ဆုံး Andriod 9 Pie ကိုအသုံးပြုထားပါတယ်။

Samsung ရဲ့ အဆိုပါ Flagship ဖုန်းဟာ 325,076 points ရရှိခဲ့ပြီး လက်ရှိရောင်းချလျက်ရှိတဲ့ Andriod ဖုန်းတွေရဲ့ ရလဒ်ထက်တော့ ပိုမိုကောင်းမွန်နေပါတယ်။ ဒါက 7 nm သုံးထားတဲ့ Mate 20 Pro Processor Kirin 980 ကို ရိုက်ချိုးခဲ့တဲ့ ရလဒ်ပါ။ သို့သော်လည်း Snapdragon 8150 ရလဒ်ကိုတော့ မကျော်နိုင်သေးပါဘူး။

Galaxy S10 Series မှာတော့ အနည်းဆုံး Model သုံးခုအပြင် 12 GB RAM နဲ့ 1TB storage ပါဝင်တဲ့ 5G model လည်းပါဝင်လာမှာဖြစ်ပါတယ်။

“Observe Here, Trust Yourself”