fbpx

This is digital planet.

FacebookGlobalizationTech News

Facebook မှာ Dark Mode မကြာခင်ရရှိလာတော့မည်

Facebook အနေနဲ့ F8 2019 ကနေစပြီး Design အသစ်ဖြစ်တဲ့ “FB5” ကိုချပြဖို့ရှိနေပါတယ်။ FB5 မှာ App Bright ဖြစ်ပြီး နေရာတော်တော်များများမှာ အဖြူရောင်ကိုပဲသုံးထားမှာပါ။ ညမှာသုံးရင် သူရဲ့ Brightness က Flashlight ထက်နှစ်ဆလင်းတဲ့အတွက် မျက်စိကိုထိခိုက်လာစေနိုင်ပါတယ်။ ဒါပေမယ့် မကြာခင် FB5 မှာ Dark Mode ပါဝင်လာတောမှာဖြစ်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး။

Android Facebook App မှာပါတဲ့ Unreleased Dark Mode အရဆိုရင် Facebook မှာ Dark Mode ကို ပြီးစီးတော့မယ့် အနေအထားထိ ရောက်နေတာကိုတွေ့ရမှာပါ။ Dark Mode အနေနဲ့ကတော့ အစောပိုင်း Development ပဲရှိသေးတယ်လို့ ထင်ရနိုင်ပါတယ်။ Dark Background မှာပေါ်နေတဲ့ စာအနက်တွေစတဲ့ အရာတွေကိုတော့ ပြန်ပြုပြင်ဖို့လိုအပ်နေပါတယ်။ အဲ့လိုအခြေအနေအရဆို Dark Mode ကို ပြန်ပြုပြင်ပို့ အချိန်ပေးရဦးမှာပါ။ Edges တွေကလည်း အခြေအနေဆိုးနေတဲ့အတွက်ပြင်ရဦးမှာပါ။

လက်ရှိအချိန်မှာတော့ Facebook အနေနဲ့ ဒီ Feature ကို Public ကိုမချပြသေးပဲ develop အတွက် အချိန်ယူနေဆဲဖြစ်ပါတယ်။ ဒီလိုသာဆိုရင်တော့ Android ဖုန်းပေါ်က Facebook App တွေ သိပ်မလိုတဲ့ ကာလ တစ်ခုမှာ Dark Mode ရတော့မှာ ဖြစ်ပါတယ်။

Ref: GSMArena & wongmjane.com