fbpx

This is digital planet.

FacebookGlobalizationTech News

Facebook မှာ သင့်ရဲ့ Post Likes အရေအတွက်ကို ဖုံးကွယ်လာဖို့ရှိနေ

July လတုန်းက Instagram ဟာ Posts တွေရဲ့ Likes အရေအတွက်ကို စတင် Hide ပေးလာခဲ့ပါယ်။ အကြောင်းက Followers တွေကို သင် ဝေမျှ ထားတဲ့ ပုံတွေနဲ့ Videos ကို အာရုံစိုက်ဖို့ဖြစ်ပြီး သင် Likes ဘယ်လောက်ရလဲဆိုတာကို မကြည့်‌ဖို့ပါ။ အဲ့လိုလုပ်ခဲ့တဲ့အတွက် Instagram ဟာ ကောင်းတဲ့ Feedback တွေရခဲ့ပါတယ်။ အဲ့အကြောင်းကြောင့် Facebook မှာလည်း Likes အရေအတွက်ကို စတင် Hide လာနိုင်ပါတယ်။

အဲ့အချက်အလက်ကိုတော့ Reverse engineering expert Jane Wong ဆီကနေသိခဲ့ရပါတယ်။ သူကတော့ အဲ့လိုပြောင်းလဲဖို့ Facebook Android App ရဲ့ Source Code မှာနေရာရထားတာပါ။ Facebook ရဲ့  Like-hiding feature ဟာ Instagram လို စာရေးသူတစ်ဦးသာ သူ့ Post မှာ Likes စုစုပေါင်းကိုတွေ့နိုင်ပြီး တစ်ခြားသူတွေကတော့ အဲ့ Post ကို Like ထားတဲ့ Mutual Friends တွေရဲ့ နာမည်ကို သာမြင်ရမှာပါ။

Facebook ရဲ့ Like-hiding feature ဟာ လက်ရှိ Development အောက်မှာပဲရှိသေးတဲ့အတွက် Like/Reaction ပုံစံနဲ့ Comments တွေကိုတော့ မြင်ရသေးပါ‌တယ်လို့ Jane Wong ကသတင်းပို့ထားပါတယ်။ Facebook အနေနဲ့ Posts တွေရဲ့ Likes အရေအတွက်ကို ဖယ်ဖို့ စဉ်းစားနေတယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် အဲ့ Feature ကို ဘယ်တော့ရမလဲဆိုတာတော့ ဘာသတင်းမှထုတ်ထားခြင်းမရှိပါဘူး။

Ref: GSMArena