This is digital planet.

FacebookGoogleTech News

Facebook Photos နဲ့ Videos ကို Google Cloud Service ဆီ Transfer လုပ်နိုင်ပြီ

ဖေ့ဘုတ်က ဓာတ်ပုံနဲ့ ဗီဒီယိုတွေ Google Cloud Services တစ်ခုဖြစ်တဲ့ Google Photos မှာ Transfer လုပ်နိုင်တာနဲ့ ပတ်သက်လို့ DTP ခေါ် Data Transfer Project အကြောင်း အရင် ပြောချင်ပါတယ်။

ဒီ Project ကို စတင်ခဲ့တာ ၂၀၁၈ နှစ်လယ်ပိုင်း လောက်ကဖြစ်ပြီး Google ၊ Microsoft ၊ Facebook နဲ့ Twitter တို့လို နည်းပညာ Giant ကုမ္ပဏီကြီးတွေ အစပျိုးခဲ့တာပါ။

ရည်ရွယ်ချက်က

အင်တာနက် စာမျက်နှာတခွင် သုံးစွဲသူတွေရဲ့ အချက်လက်များကို လွယ်ကူစွာ ကူးပြောင်းနိုင်ရေး ပုံစံမျိုးနဲ့ Twitter အကြီးကဲ ဖြစ်သူ Damien Kieran ဆိုခဲ့တာပါ။

DTP

Image: The Hacker News

ဒိနောက်ပိုင်း White Paper ထုတ်ဝေခဲ့ပြီး Data Portability Ecosystem ဆောင်ပုဒ်နဲ့ Developers နဲ့ သုံးစွဲသူတွေ ပါဝင်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Data Transfer Project

အခုလို Cloud Services ဝန်ဆောင်မှုကတဆင့် Data Transfer လုပ်တဲ့အခါ စာဖတ်သူတွေ အတွေးဝင်မယ့် အချက်ကိုပဲ ကောက်နှုတ်တင်ပြရရင် DTP မှာ Main Adapters (သို့) Core Function နှစ်ခု ရှိပါတယ်။

ဒိထဲကမှ Import နဲ့ Export Data Adapter နှစ်မျိုးဟာ ပဓာနကျပြီး Authentication Adapter က နောက်လိုက်ဖြစ်နေလို့ သူတို့တတွေကို နောက်တနည်း Series of Adapters လို့လည်း ခေါ်ပါသေးတယ်။

Facebook Photos & videos

Image: Neil Patel

Series ဆိုတဲ့အတိုင်း အဆင့်ဆင့် ဖြတ်သန်းရမှာဖြစ်ပြီး Import ပဲလုပ်လုပ် Export ပဲလုပ်လုပ် Verification နဲ့ User Data Protection ကို Authentication Adapter က Analysis လုပ်မှာပါ။

Series of Adapters

သီအိုရီအရ သုံးစွဲသူဟာ Instagram ဓာတ်ပုံတွေကို Flickr (သို့) Google Photos မှာ Transfer လုပ်နိုင်မယ်၊ ဒိအတွက် Library တစ်ခုလုံး Mass-Download ချစရာ မလိုသလို Upload တင်စရာလည်း မလိုပါဘူး။

အခုလို Transfer Process အပြင် Data Models လို့ခေါ်တဲ့ မတူညီတဲ့ Data Type ကို စုစည်းပေးမယ့် Individual Data Type ပါဝင်ဦးမှာပါ။

Google Photos

Image: Google

ဒါကြောင့် email ၊ Contacts ၊ Calendars တို့ကိုပါ Collect လုပ်ပေးနိုင်ပြီး သူတို့အတွက် Data Type တမျိုး ၊ YouTube Music မှာကျ PlayLists နဲ့ Music Videos ကိုကျ Data Type တမျိုးစီနဲ့ Verticals (Tab တမျိုးဖြစ်နိုင်) မှာ ဖော်ပြပေးမှာပါ။

Data Models

အခုဆိုရင် Facebook ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Google Photos ဆီ Transfer လုပ်နိုင်ပြီလို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့် ရှိသူ Alexandru Voica က Google Cloud Services ကို Media Transfer လုပ်နိုင်မယ့် Tool Access ကို ကမ္ဘာတဝှမ်း သုံးနိုင်ပြီလို့ ဆိုထားပါတယ်။

ဒိအတွက် Facebook Setting ထဲဝင်ပြီး Your Facebook Information မှာ ဓာတ်ပုံနဲ့ ဗီဒီယိုအားလုံးကို Google ဆီ Transfer လုပ်ဖို့ ပြောင်းပေးဖို့တော့ လိုအပ်မှာပါ။ သို့ပေမယ့် တချိန်ထဲမှာ ဓာတ်ပုံနဲ့ ဗီဒီယို Transfer လုပ်ခွင့်မရှိပါဘူး။

အခုလို DTP ရဲ့ တစိတ်တဒေ တဖြစ်လည်း Facebook Data Transfer နဲ့ ပတ်သက်လို့ ဗဟုသုတ ဖြစ်စရာတစ်ခုက Antitrust Issue ပါ။

DTP lives on Google Photos

Facebook လို ကုမ္ပဏီမျိုးကို Investigate လုပ်နေတဲ့ AG (Attorney General’s Office) က စုံစမ်း၊ စစ်ဆေးလို့မရအောင် တမင်တကာ Lock-down လုပ်ထားတဲ့ Data အသုံးပြုထားလို့ ဘယ်လိုပြောမလဲ အရောမခံဘူးပေါ့။

ကြားခံ သုံးစွဲသူတွေ အနေနဲ့က ကိုယ့်ရဲ့ အဖိုးတန် Memories တွေ ၊ မိသားစုနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အကောင့် Hack ခံရလို့ ပျက်သွားတာ၊ နောက်တချက် Facebook Account ဖွင့်ထားပြီး ထိုင်ခိုင်းနေစရာ မလိုတဲ့ အကျိုးတွေတော့ ခံစားရသွားတာပါ။

Source: Engadget 123