fbpx

This is digital planet.

Tech News

Falcon 9 Rocket ဆင်းသက်ရာမှာ Fail ဖြစ်ခဲ့

Zawgyi



Dragon



Unicode

ခေါင်းစဉ်ပေးလိုက်ရတာ တော်တော်စားတယ်။ လွန်ခဲ့တဲ့ Feb 2018 တုန်းက Elon Musk က သူရဲ့ Tesla Roaster Supercar ကို Starman နဲ့အတူ Mars(အင်္ဂါ) ဂြိုလ် သို့တင်လွှတ်လိုက်တာကိုသိလိုက်ကြမယ်ထင်ပါတယ်။ အဲ့ဒါတုန်းက Starman ကို အင်္ဂါဂြိုလ်ပတ်လမ်းထဲထိရောက်အောင် တွန်းပို့ဖို့ SpaceX ရဲ့ တန်ဖိုးကြီး Booster တွေကိုအသုံးပြုခဲ့ပါတယ်။

Starman ကိုလွှတ်တင်တုန်းက Falcon Heavy လို့ခေါ်တဲ့ Rocket ကိုအသုံးပြုခဲ့ကြတာပါ။ Starman ကို လွှတ်တင်ပြီး မြေပေါ်ပြန်ဆင်းတော့ ဘေး 2 ဖက် Slider Booster က ထောင်လိုက်အနေအထားနဲ့ ကောင်းကောင်းပြန်ဆင်းနိုင်ခဲ့ပေမဲ့ Main Booster ကတော့ာ သတ်မှတ်ထားတဲ့ပင်လယ်ထဲ Landing ground အနားသို့ရောက်ရှိပေမဲ့ ပျက်စီးသွားခဲ့ပါတယ်။

အခုတစ်ခေါက်ကျတော့ Falcon 9 ကပျက်စီးသွားခြင်းမဟုတ်ပဲ အဆင်းမှာ Fail ဖြစ်သွားတာပါ။ Falcon 9 Rocket ကို Dragon နဲ့တွဲပြီး pounds 5600 ရှိတဲ့ Supplies တွေကို International Space Station ကို လွှတ်တင်တာပါ။ Dragon ကို လိုအပ်တဲ့ပတ်လမ်းကြောင်းအရောက်ထိပို့ပြီး Rocket က Landing ပြန်လုပ်ရာမှာ Our of control ဖြစ်ပြီး လည်ပတ်ပြီး ရေပြင်ထဲကို ထောင်လိုက်ပြုတ်ကျတာပါ။

Landing လုပ်ရမှာ Grid fin hydraulic pump ရပ်တန့်ပြီး ပင်လယ်ထဲကျသွားတာလို့ Elon Musk ကပြောထားပါတယ်။ ဒီ Dragon Resupply Mission (CRS-16) ကို လွှတ်တင်တာကတော့ Florida ပြည်နယ်၊ Cape Canaveral Air Fore Station မှပဲဖြစ်ပါတယ်။

Photos & Video Credit : SpaceX, Spaceflight Now & Elon Musk