fbpx

This is digital planet.

RedmiTech News

Feb 28 မှာ မိတ်ဆက်ပေးတော့မယ့် Redmi Note 7 Pro

Redmi အနေနဲ့ Sub-brand အဖြစ်ခွဲထွက်ပြီးနောက် မိတ်ဆက်ပေးခဲ့တဲ့ Redmi Note 7 ရဲ့ Pro version ကို တရုတ်မှာ ယခုအပတ်မှာစတင်မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Redmi Note 7 Pro ရဲ့ အချက်အလက်တွေကတော့ တရုတ် TENAA မှာအပေါ်ထွက်လာခဲ့ပါတယ်။ Redmi Note 7 Pro ကို Feb 28 မှာမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒါအပြင် ယုံကြည်ရတဲ့ Tipster တစ်ဦးဖြစ်တဲ့ Ishan Agarwal ကလည်း Redmi Note 7 Pro ရဲ့အကြောင်းအရာတချို့ကိုမျှဝေထားပါတယ်။

Redmi Note 7 Pro ရဲ့ မော်ဒယ်နံပါတ်ကတော့ M1901F7BE ပါတယ်။ TENAA မှာမြင်တွေ့ရတဲ့ Redmi Note 7 Pro ရဲ့ ဒီဇိုင်းဟာ Redmi Note 7 ရဲ့ ဒီဇိုင်းနဲ့ဆင်တူပါတယ်။ ကျောဘက်မှာတော့ glass ကိုသုံးထားပြီး gradient ကာလာ နဲ့ ကင်မရာ ၂ လုံး အပြင် Fingerprint scanner ကိုမြင်တွေ့ရပါတယ်။ ရှေ့ဘက်မှာလည်း Note 7 အတိုင်း Water-drop notch ပါဝင်ပါတယ်။ အရွယ်အစားအနေနဲ့လည်း Redmi Note 7 ရဲ့ 159.2 x 75.2 x 8.1 mm အတိုင်းပဲဖြစ်ပါတယ်။ 6.3-inch display နဲ့ 4000mAh ဘက်ထရီတို့လည်းပါဝင်လာခဲ့ပါတယ်။

ကင်မရာပိုင်းကိုလည်း အရင်ထဲ ထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ IM586 48MP + 5MP ကိုသုံးထားပြီး Snapdragon 675 နဲ့ 6GB RAM + 128GB တို့ပါဝင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ခန့်မှန်းခြေ ယွမ် ၂၀၀၀ (ဒေါ်လာ ၃၀၀ ခန့်/မြန်မာငွေ ၄ သိန်းခွဲ) ကျော်လောက်ကျသင့်နိုင်ပါတယ်။ Redmi ရဲ့ Redmi Note 7 Pro အနေနဲ့ ဈေးကွက်အတွင်းမှာ မကြာခင်ထွက်ရှိလာတော့မယ် 48MP sensor ကိုအသုံးပြုလာဖွယ်ရှိနေတဲ့ Meizu Note 9 နဲ့ Realme 3 စတဲ့စမတ်ဖုန်းတွေနဲ့ယှဉ်ပြိုင်ရဖို့လည်းရှိနေပါတယ်။ လက်ရှိ Mobile လောက ရဲ့ Foldable device တွေနဲ့ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ MWC ပွဲပြီးတဲ့နောက်မှာလည်း အပြင်းထန်ဆုံး 48MP တိုက်ပွဲတွေကိုလည်းထပ်မံမြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref: Gizmochina