fbpx

This is digital planet.

SamsungTech News

February 2020 မှာ မိတ်ဆက်လာနိုင်တဲ့ Samsung Galaxy S11

Galaxy Note 10 lineup ကိုထုတ်ပြီး နောက်မှာ Samsung အနေနဲ့ ဒီနှစ်အတွက် flagship ဖုန်းကို ထုတ်လို့ ပြီးသွားခဲ့ပါပြီ။ အဲ့အတွက် Galaxy S10 နေရာကို ဆက်ခံလာမယ့် Galaxy S11 အတွက် စောင့်ကြည့်ရတော့မှာပါ။ ဖုန်းဟာ နောက်နှစ်စောပိုင်းမှာ ထွက်လာဖို့မရှိဘူးဆို ဆိုထားသော်လည်း SamMobile တင်ထားတဲ့ သတင်းအရ ဖုန်းထွက်လာမယ့် တိကျတဲ့အချက် တစ်ချို့ကိုသိထားရပါတယ်။

သတင်းအရ Galaxy S11 ဟာ February လ သုံးပတ်မြောက်မှာ စတင်မိတ်ဆက်ဖို့ရှိနေပြီး အဲ့ရက်ဟာ S10 ကိုမိတ်ဆက်တဲ့ ရက်နဲ့ တူညီနေပါတယ်။ မျှော်လင့်စောင့်စားစရာဖုန်းဖြစ်တဲ့ S11 ကို San Francisco မှာပြုလုပ်မယ့် ပွဲမှာမိတ်ဆက်လာနိုင်ပါတယ်။ တိတိကျကျပြောရရင် Galaxy S11 lineup ဟာ February 18 2020 မှာထွက်ရှိလာနိုင်ပါတယ်။

Image result for galaxy s11

အပေါ်ကရက်မှာ ဖုန်းကို စောမိတ်ဆက်တာက 24th နဲ့ 27th February ကြားမှာ ကျင်းပဖို့ရှိနေတဲ့ MWC 2020 ထက် ပိုပြီးစောနေပါတယ်။ ကြည့်ရတာ သတင်းတွေနဲ့ Media တွေရဲ့ အာရုံစိုက်မှုကို Samsung အနေနဲ့ အရင်ဆုံး ဖမ်းဆုပ်ယူဖို့လည်းဖြစ်နိုင်ပါတယ်။

Galaxy S11 lineup ကိုမိတ်ဆက်ဖို့ လတွေလိုသေးသော်လည်း သတင်းတွေနဲ့ ပေါက်ကြားမှုတွေကတော့ စတင်ပေါ်ထွက်လာနေပါပြီ။ Galaxy S11 lineup ဖုန်းတွေမှာ Android ကိုအခြေခံထားတဲ့ One UI 2.1 ကို ပထမဆုံး Run လာနိုင်ပါတယ်။

Image result for galaxy s11

အဲ့အပြင် ပိုမြန်တဲ့ Fingerprint Scanner နဲ့ 5X optical zoom sensor နဲ့ 108 MP primary sensor ပါ၀င်မယ့် ပိုတိုး‌‌တက်ကောင်းမွန် လာတဲ့ Camera Setup ပါ၀င်လာနိုင်တယ်လို့ သိထားရပါတယ်။ နောက်ထပ် ပိုကောင်းလာမယ့် Exynos 9825 နဲ့ December 2019 မှာ မိတ်ဆက်လာဖို့ရှိနေတဲ့ Snapdragon 865 Chipset တို့ကို အသုံးပြုလာနိုင်ပါတယ်။

Ref: Gizmochina