fbpx

This is digital planet.

LenovoTech News

Ferrari နဲ့ပူးပေါင်းပြီး Lenovo မှ Z6 Pro Ferrari Edition ထွက်ရှိမည်

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Lenovo ရဲ့နောက်ဆုံးထွက် Flagship ဖြစ်တဲ့ Lenovo Z6 Pro ဟာ လက်ရှိဈေးကွက်ထဲမှာ ရလဒ်ကောင်းတွေ ရရှိထားပါတယ်။ ဒါအပြင့် Lenovo အနေနဲ့ နာမည်ကြီး Supercar Brand တစ်ခုဖြစ်တဲ့ Ferrari နဲ့ပူးပေါင်းပြီး Z6 Pro အတွက် Ferrari Edition ကို Lenovo ရဲ့ VP ဖြစ်သူမှ Weibo မှဖော်ပြထားပါတယ်။

Lenovo Z6 Pro Ferrari Edition မှာတော့ ဘာတွေပါဝင်လာမလဲဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။ သို့သော်လည်း အခြား Edition ဖုန်းတွေလို ပိုမိုကောင်းမွန်တဲ့ Fast Charging ပါဝင်လာမယ်လို့ယူဆရပြီး အခြား In-Box အတွင်းမှာလည်း Ferrari ရဲ့လိုဂိုပါ ပစ္စည်းများလည်း ထည့်သွင်းပေးထားမယ်လို့ယူဆရပါတယ်။

Image result for lenovo z6 pro ferrari

Photo Credit: Weibo

ပုံမှပြထားတဲ့ Lenovo Z6 Pro Ferrari Edition ကတော့ အနီရောင်ဖြစ်ပြီး ဖုန်းရဲ့ ကင်မရာ အောက်ခြေအတည့်တည့်မှာ Lenovo Logo ပါဝင်ပြီး အလည်တည့်တည့်မှာတော့ Ferrari Logo ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေ အနေနဲ့ သူတို့ရဲ့ နာမည်ကျော် Flagship ဖုန်းတွေကို SuperCar Brand တွေနဲ့ပူးပေါင်းပြီး Edition ဖုန်းတွေ ထုတ်လုပ်နေခဲ့တာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပဲအရင်ကလဲ Huawei Mate RS Porsche Design ၊ OPPO Find X Lamborghini ၊ OnePlus 6T McLaren နဲ့ အခုအခါမှာတော့ Lenovo Z6 Pro Ferrari Edition ပါ အဆိုပါ စာရင်းထဲ ပါဝင်လာခဲ့ပြီးဖြစ်ပါတယ်။

Lenovo Z6 Pro အကြောင်းအပြည့်အစုံကို ဒီ Link မှာဖတ်ရှု နိုင်ပါတယ်။

Ref: Weibo