fbpx

This is digital planet.

ArticlesFlashbackNokiaTech News

Flashback: တစ်ချိန်တုန်းက Gaming Phone ဖြစ်ခဲ့တဲ့ Nokia N-Gage

Flashback အစီအစဥ်လေးနဲ့ အတိတ်ကို ခဏလောက်ပြန်သွားရအောင်…

တစ်ခါတစ်လေ Company တွေအနေနဲ့ Product ကောင်းတစ်ခုကို မထုတ်သင့်တဲ့အချိန်မှာ ထုတ်တတ်လေ့ရှိပါတယ်။ အဲ့လိုထုတ်လုပ်ခဲ့တဲ့ Product တွေထဲမှာ Nokia N-Gage Gaming Phone ကတော့ ကျဆုံးခဲ့တယ်လို့ဆိုရမှာပါ။ 2019 မှာ Smartphone Company တွေတော်တော်များများက သူတို့ကိုယ်တိုင် Gaming ဖုန်းတွေကို ထုတ်လုပ်ရင်း ခရီးရောက်နေပါပြီ ဒါမဲ့ Nokia ရဲ့ N-Gage Gaming Phone သာ အောင်မြင်ခဲ့ရင် ဒါက အံသြစရာတစ်ခုမဟုတ်ပါဘူး။

N-Gage ဟာ 2003 တုန်းက Nintendo ရဲ့ Game Boy Advance (2001) ကိုပြိုင်တဲ့အနေနဲ့ထုတ်ခဲ့ပါတယ်။ သာလွန်တဲ့ Product ဖြစ်ခဲ့ပြီး အမှားများခဲ့တဲ့ Product ဆိုရင်လည်း မမှားပါဘူး။ အဲ့အမှားကတော့ $100 Game Boy Advance (2001) ထက် $300 ပိုများတဲ့ ဈေး နဲ့ရောင်းချခဲ့လို့ပါ။

Nokia အနေနဲ့ Portable console ကိုပဲ ရောင်းချတာမဟုတ်ဘဲ Nokia 3650 နဲ့ Hardware တူတဲ့ ဖုန်းကို Fully-featured Gaming console ပါ၀င်တဲ့ Symbian smartphone ကို 400$ ထိ ဈေးတင်ပြီးရောင်းချခဲ့ပါတယ် (တစ်နည်းအားဖြင့် ဂျင်းထည့်ခဲ့ပါတယ်)။ Nokia 3650 မှာ Camera ပါဝင်ထားပြီး N-Gage မှာတော့ Camera မပါဝင်ခဲ့ပါဘူး။ Telephony ၊ Messaging နဲ့ Apps တွေပါဝင်ဖို့အတွက် Game Boy Advance ထက် $200 ပေး၀ယ်ရသလိုဖြစ်နေပါတယ်။

Console တစ်ခုအနေနဲ့ N-Gage ဟာ Nintendo ရဲ့ Game Boy Advance (2001) ထက် ပိုမြန်တဲ့ Processor ရှိခဲ့ပြီး Screen မှာတော့ Game Boy GBA (2.9” 240 x 160px screen) ထက်ပိုသေး Screen နဲ့ ပိုနည်းတဲ့ (Resolution 2.1” 176 x 208px) ပဲ Nokia N-Gage မှာပါ၀င်ပါတယ်။ ပိုကောင်းတာဆိုလို့ Nintendo console မှာ သက်တောင့်သက်သာရှိတဲ့ Controls တွေပါဝင်လာခဲ့တာပါ။

အဲ့ခေတ်တုန်းက Nokia N-Gage ကရှေ့ကိုရောက်လွန်းနေခဲ့ပါတယ်။ ချိတ်ဆက်ဆော့ဖို့ Local multiplayer ကို ဘာအပို Hardware ကိုမှ မလိုအပ်ဘဲ Bluetooth နဲ့ချိတ်လို့ရခဲ့ပါတယ်။ Game Boy Advance consoles မှာတော့ GameLink ကနေ Cable ဒါမှမဟုတ် Wireless adapter နဲ့ Connect လုပ်မှရခဲ့ပါတယ်။ အဲ့တာက သိပ်အဆင်မပြေခဲ့ပါဘူး။

N-Gage မှာ Internet ကနေ Multiplayer ကစားလို့ရခဲ့ပါတယ်။ 2004 တုန်းက ရောင်းအားအကောင်းဆုံး Game ဖြစ်တဲ့ Pocket Kingdom: Own the World multiplayer online game က လူအဆော့အများဆုံး Multiplayer Gaming အမျိုးအစားဖြစ်ပါတယ်။ အဲ့နှစ်မှာပဲ World of Warcraft ထွက်လာခဲ့ပြီး US မှာတင် 24 hours အတွင်း 240,000 copies ထိ စံချိန်တင်ရောင်းချနိုင်ခဲ့ပါတယ်။

Battle Royal Games တွေဆိုတာ အဲ့တုန်းက နာမည်မရှိသေးပါဘူး။ World of Warcraft ဟာ ဒီနေ့ခေတ်ရဲ့ Fortnite လိုလူဆော့အများဆုံးဖြစ်ပါတယ်။ Pocket Kingdom ကတော့ WoW လို မ Hot ခဲ့ပါဘူး။ ပြီးတော့လည်း Nokia console ရောင်းအားကောင်းလာဖို့ အသုံးမဝင်ခဲ့ပါဘူး။ ဒီနေ့ Fornite ကို ဖုန်းနဲ့ကစားသူ Million ကျော်နေတဲ့အတိုင်း WoW ဟာအဲ့တုန်းက ကစားသူ Million ကျော်ရှိခဲ့ပါတယ်။ WoW သာမထွက်ခဲ့ပဲ Pocket Kingdom ပဲရှိခဲ့မယ်ဆိုရင် N-Gage က ကမ္ဘာမှာ Top Smartphone ဖြစ်လာနိုင်ပါတယ်။

Reality မှာတော့ ပြောင်းပြန်ဖြစ်ခဲ့ပါတယ်လို့ပြောရမှာပါ။ Nokia အနေနဲ့ ဂိမ်းတွေရောင်းဖို့ လည်း ခက်ခဲခဲ့ပါတယ်။ 3 နှစ်အတွင်း 6 million games ထိရောင်းနိုင်မယ်လို့ The Finns (Finland နိုင်ငံသား) တွေမျှော်လင့်ခဲ့ပေမယ့် 3 million အထိသာ Manage လုပ်နိုင်ခဲ့ပါတယ်။

Ref: GSMArena & The Verge