fbpx

This is digital planet.

SonyTech News

Foldable Device ကို စတင်ထုတ်လုပ်နေပြီးဖြစ်တဲ့ Sony

ဂျပန် Giant ကြီး Sony အနေနဲ့ ကိုယ်ပိုင် Foldable စမတ်ဖုန်းကို ကိုယ်ပိုင်ထုတ်လုပ်နေပြီးလို့ သိရပါတယ်။ ဒီဖုန်းရဲ့ နာမည်ကိုတော့ Xperia F လို့ နာမည်ပေးထားပြီး အခုမှ ထုတ်လုပ်မှုအပိုင်းမှာ Early Stage အဆင့်မှာပဲ ရှိနေတုန်းပဲလို့ သိရပါတယ်။ ဒီသတင်းတွေကတော့ တရုတ်က ထွက်ရှိလာတာဖြစ်ပြီး နောက်နှစ်လောက်မှာ မိတ်ဆက်ပေးဖွယ်ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

Image result for sony xperia foldable

Photo: INTERNET

Xperia F ရဲ့ Screen အနေနဲ့ Sony ရဲ့ Trademark အတိုင်း 21:9 aspect ratio ရှိမယ်လို့သိရပြီး Flexible OLED panel ကို Samsung ထံမှ ဝယ်ယူအသုံးပြုမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ Sony အနေနဲ့ ဒီဖုန်းရဲ့ Folding Design ကို ထောင့်လိုက်ပုံစံ ကွေးလို့ရအောင် ပြုလုပ်မယ်လို့ လည်းဆိုပါတယ်။ လက်ရှိ ထွက်ရှိထားတဲ့ Samsung နဲ့ Huawei တို့ရဲ့ Foldable Devices တွေကတော့ အလျားလိုက် ကွေးထားတဲ့ ပုံစံပါပဲ။

ထပ်မံပြီး ကြားသိရသလောက်က Sony အနေနဲ့ Xperia F မှာ 5G modem ကို ပထမဆုံး ထည့်သွင်းပေးမယ်လို့ သိရပြီး ဒါဟာ Sony ရဲ့ ပထမဆုံး 5G device လည်း ဖြစ်လာနိုင်ခြေရှိပါတယ်။ Foldable Devices တွေကိုတော့ လက်ရှိအချိန်မှာ Huawei နဲ့ Samsung တို့က အသီးသီးပိုင်ဆိုင်ထားပြီး Huawei အနေနဲ့ သူတို့ရဲ့ ပထမဆုံး Foldable Device ဖြစ်တဲ့ Mate X ကို လာမဲ့ June လမှာ ရောင်းချပေးမယ်လို့ သိရပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၆၀၀ ( မြန်မာငွေ သိန်း ၄၀ ) နီးပါးရှိနေပါတယ်။

Image result for sony xperia foldable

Photo: INTERNET

Samsung အနေနဲ့လည်း လက်ရှိအချိန်မှာတော့ သူတို့ရဲ့ Galaxy Fold မှာ Display Error အများအပြားဖြစ်ပွားနေတာကြောင့် ရောင်းချမဲ့ရက်ကို ဆိုင်းငံ့ထားသလို့ လာမဲ့ ရက်သတ္တပတ်အနည်းငယ် လောက်မှာ မိတ်ဆက်ပေးဖို့ ရှိနေတယ်လို့လည်း ထုတ်ပြန်ပေးထားကာ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၉၈၀ ( မြန်မာငွေ သိန်း ၃၀ နီးပါး ) တန်ကြေးရှိမှာဖြစ်ပါတယ်။ နောက်ထပ် Foldable Device သစ် တွေကို ထုတ်လုပ်နေတဲ့ စမတ်ဖုန်းကုမ္ပဏီထဲမှာ Final Stage ရောက်ဖို့ အနီးစပ်ဆုံးကတော့ Xiaomi နဲ့ Lenovo တို့ဖြစ်ကြပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ MWC 2019 မှာ ပြသသွားခဲ့တဲ့ Xperia 1 ကို တော့ လက်ရှိအချိန်မှာ ဥရောပမှာ စတင်ဝယ်ယူနိုင်ပြီးဖြစ်ပြီး US နဲ့ အခြား ဈေးကွက်တွေမှာလည်း July 12 ရက်နေ့မှာ မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။

Ref: GSMarena