This is digital planet.

GlobalizationTech News

COVID-19 တိုက်ဖျက်ဖို့အတွက် အသုံးပြုနေပြီဖြစ်တဲ့ ကမ္ဘာ့အမြန်ဆုံး Supercomputer

Riken နဲ့ Fujitsu တို့ ပူးတွဲ ဖန်တီးထားတဲ့ Supercomputer ဟာ ၂ နှစ်တကြိမ် သတ်မှတ်စမြဲဖြစ်တဲ့ Top 500 Ranking မှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ အဆိုပါ စူပါကွန်ပျူတာကို ဂျပန်နိုင်ငံရဲ့ သတ္တမမြောက် အကြီးဆုံး မြို့တော်ဖြစ်တဲ့ Kobe မှာ ဖန်တီးခဲ့တာ ဖြစ်ပြီး Fugaku လို့ အမည်ရပါတယ်။

Fugaku ဟာ ဖူဂျီယာမာတောင်လို့ အမည်ရသလို ဂျပန်နိုင်ငံရဲ့ “Need for Speed” လို့ တင်စားထားတာလည်း တွေ့ရပါတယ်။ အဆိုပါ စူပါကွန်ပျူတာကို ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ “COVID-19” ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ အသုံးပြုဖို့ အစိုးရ ထောက်ပံ့ငွေနဲ့ ဖန်တီးခဲ့တာပါ။

Fugaku aka Mount Fuji

အစောပိုင်း ကာလတွေမှာ ၆ နှစ်တာ စီမံကိန်းနဲ့ လျာထားပေမယ့် ကပ်ကာလ အနေထားကြောင့် အသုံးပြုဖို့ စွမ်းဆောင်ရည်ကို အတည်ပြုထားပြီ ဖြစ်သလို ISC High-performance 2020 Digital ပေးအပ်ထားတဲ့ ဆုကို ဇွန်လ ၂၂ ရက်နေ့မှာ ရရှိထားပြီ ဖြစ်ပါတယ်။

Fugaku SoC

Image: AnandTech

အဆိုပါ စူပါကွန်ပျူတာဟာ Fujitsu ရဲ့ 48-core ပါဝင်တဲ့ A64FX SoC တွေ အသုံးပြုထားလို့ ARM-based Processor သုံးစွဲထားတဲ့ အမြန်ဆုံး Supercomputer ဖြစ်လာတာပါ။

ဒိမတိုင်ခင် ထိပ်ဆုံးမှာ နေရာယူထားတဲ့ IBM’s Summit ထက် 2.8 ဆ မြန်ဆန်ပြီး 415.5 Petaflops (Fugaku) vs. 148.6 Petaflops (Summit) ရှိတယ်လို့ သိရပါတယ်။

Fastest Supercomputer

IBM Summit ကို ယှဥ်နိုင်တဲ့ Nearest Competitor လို့ သုံးနှုန်းထားသလို Graph 500 ၊ HPL-AL ၊ HPCG နဲ့ Top500 HPL တို့ရဲ့ Ranking စနစ် ၄ မျိုးစလုံးမှာ တပြိုင်နက် Top One ယူထားတဲ့ Supercomputer ရယ် မရှိသေးဘူးလို့ သိရပါတယ်။

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာတွေကို တရုတ်နဲ့ အမေရိကတို့ အများဆုံး ထုတ်လုပ်တာ မှန်ပေမယ့် လက်ရှိအနေထားအရ ၉ နှစ်တာ ကာလအတွင်း Top 500 စာရင်းထဲ ပါဝင်လာတာ ဖြစ်ပါတယ်။

ဒိမတိုင်ခင် Riken’s K Computer ဟာ အမြန်ဆုံး စူပါကွန်ပျူတာ ဖြစ်ခဲ့သလို Riken ဆိုတာဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး သုတေသန စင်တာပါ။

1917 ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ သုတေသနေ စင်တာမှာ HPC (High-performance Computing) နဲ့ Computational Science အပြင် ရူပဗေဒ ၊ ဓာတုဗေဒ ၊ ဇီဝဗေဒ ၊ ဆေးဝါးသိပ္ပံ ၊ Engineering နဲ့ Genomics တွေကို သုတေသန ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Less than a Second

အဆိုပါ Fugaku ကို ဖန်တီးရာမှာ Riken နဲ့ Fujitsu တို့အပြင် Kyushu တက္ကသိုလ်၊ Fixstars Corporation တို့ပါဝင်ခဲ့ပြီး 1.1 Trillion Nodes နဲ့ 17.6 Trillion Edges ပါဝင်တဲ့ Graph ကို 0.25s အတွင်း ရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စက္ကန့်ကို ဘာသာပြန်ရင် 70,980 GigaTEPS နဲ့ ညီမျှသလို K ရဲ့ 31,303 GigaTEPS ၊ တရုတ်နိုင်ငံရဲ့ အမြန်ဆုံး Sunway TaihuLight ရဲ့ 23,756 GigaTEPS ထက် ၃ ဆ မက မြန်ဆန်နေပါတယ်။ (TEPS = Traversed Edge per Second)

Fugaku, the fastest supercomputer

Image: CNN Business

The Verge အဆိုရ Top 500 စာရင်းဇယားမှာ တရုတ် စူပါကွန်ပျူတာ 226 လုံး ၊ အမေရိက 114 လုံးနဲ့ ဂျပန် အလုံး 30 နေရာယူထားတယ်လို့ သိရပါတယ်။ ဒိထဲကမှ အမေရိက စူပါကွန်ပျူတာတွေဟာ 644 Petaflops နဲ့ ညီမျှတဲ့ စုပေါင်း အင်အားရှိတယ်လို့လည်း ဆိုထားပါတယ်။

Fugaku ကို ယခုအခါမှာ ကိုရိုနာရောဂါ ရှာဖွေကုသရေး ၊ ရောဂါနဲ့ ပတ်သက်လို့ ကုထုံးသစ်နဲ့ ကိုရိုနာ ပျံ့ပွားမှုပုံစံ Simulation အစရှိတဲ့ COVID-19 တိုက်ဖျက်ရေးအတွက် အသုံးချနေပြီ ဖြစ်ပါတယ်။

Source: The VergeCNN BusinessRiken