fbpx

This is digital planet.

SamsungTech News

Galaxy A-series ရဲ့တတိယမြောက် Galaxy A20 ကို ရုရှားမှမိတ်ဆက်

Leak တွေအတန်ကြာထွက်ရှိပြီးနောက် Samsung အနေနဲ့ Galaxy A20 ကို Russia မှာတရားဝင်ထုတ်ဖော်ပြသခဲ့ပါတယ်။ Samsung အနေနဲ့ ပြီးခဲ့တဲ့ MWC 2019 တုန်းက Galaxy A30 နဲ့ Galaxy A50 ကိုမိတ်ဆက်ပေးခဲ့တဲ့အတွက် ယခုနှစ်မှမိတ်ဆက်ခဲ့တဲ့ တတိယမြောက် A-series စမတ်ဖုန်းဖြစ်လာခဲ့ပါတယ်။

Samsung Galaxy A20 Specifications

A-series ရဲ့နောက်ဆုံးထွက် A20 မှာတော့ 6.4-inch HD+ Super AMOLED ကိုသုံးထားပြီး 720 x 1560 pixels resolution ရှိပါတယ်။ Processor ကိုတော့ ကိုယ်ပိုင် Chipset Octa-core Exynos 7884 processor ကိုအသုံးပြုထားကာ RAM 3GB နဲ့ 32GB internal storage ပါဝင်ပြီး 512GB အထိတိုးချဲ့အသုံးပြုနိုင်ဖို့ microSD slot ကိုလည်းထည့်သွင်းပေးထားပါတယ်။

ကင်မရာပိုင်းအနေနဲ့ 12MP f/1.9 primary sensor နဲ့ 5MP f/2.2 secondary sensor တို့ပါဝင်ပြီး ရှေ့ဘက်မှာတော့ 8MP f/2.0 selfie camera ကိုသုံးထားပါတယ်။

Fingerprint sensor ကိုတော့ ကျောဘက်မှာသုံးထားပြီး Samsung Play အတွက်လည်းထောက်ပံ့ပေးထားပါတယ်။ 4000 mAh ဘက်ထရီပါဝင်ပြီး Charging မလိုပဲ တနေ့ကုန်အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ Andriod 9.0 Pie အခြေပြု OneUI ကိုသုံးထားပါတယ်။

Galaxy A20 ရဲ့အရွယ်အစားအနေနဲ့ 158.4 x 74.7 x 7.8 mm ရှိပြီး တရုတ်ယွမ် ၁၄၃၅ (မြန်မာငွေ ၃ သိန်း ၃ သောင်းဝန်းကျင်) သတ်မှတ်ထားပါတယ်။ အရောင်အနေနဲ့ အမဲ နဲ့ အပြာ နှစ်မျိူးရှိပြီး အခြားဈေးကွက်တွေမှာတော့ ဘယ်အချိန်ထွက်ရှိမလဲဆိုတာတော့ မသိရသေးပါဘူး။

Ref: Gizmochina