fbpx

This is digital planet.

Tech NewsSamsung

Galaxy A51 ၊ A71 ၊ A01 ဖုန်းတွေနဲ့ Note10 Lite ကိုပါ မိတ်ဆက်လိုက်ပြီ

Mid-range တန်းမှာ ရွေးချယ်စရာ ဖုန်းတွေလိုပြောနိုင်တဲ့ Galaxy A စီးရီးသစ်တွေနဲ့ Note10 Lite မော်ဒယ်ကိုပါ ဖေဖော်ဝါရီလ ၈ ရက်နေ့ Junction Square (Outdoor Area) မှာ မိတ်ဆက်သွားပြီဖြစ်ပါတယ်။ Infinity-O Display ၊ ပိုမိုကောင်းမွန်လာတဲ့ ကင်မရာနဲ့ ဘက်ထရီ ထုပ်ပိုးထားတဲ့ Samsung ဖုန်းသစ်တွေဟာ ခေတ်လူငယ်တွေအတွက် အဓိက ရည်ရွယ်ထားတယ်။

Note10 Lite ကတော့ Upper Mid-range တန်းမှာ အရည်သွေးမြင့် စမတ်ဖုန်းလို့ ပြောနိုင်သလို A စီးရီးတွေဟာလည်း လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ထွက်ရှိခဲ့တဲ့ပုံစံနဲ့ လုံးဝမတူ၊ Display ၊ (Awesome) Camera ကအစ ဒီဇိုင်းပြောင်းသွားတဲ့အတွက် ထူးခြားလာတာတွေကို ထပ်ဆင့် ဖော်ပြပေးလိုက်ပါတယ်။

Galaxy A51

မြန်မာငွေ ၅၀၉,၀၀၀ ကျသင့်မယ့် Galaxy A51 ကတော့ ၆ လက်မခွဲ sAMOLED Display သုံးပေးထားပြီး ကျောဘက် ကိုယ်ထည်ကို Diamond Cutting နဲ့ ခပ်ဆင်ဆင် သုံးမြောင့်ဖန်တုံးလို တြိဂံကွက်တွေနဲ့ ပုံဖော်ထားပါတယ်။

Cameras

2020 A စီးရီးတွေမှာ အဓိက ပြောင်းလဲလာတာ ကင်မရာလို့ ယေဘူယျ သုံးသပ်နိုင်ပါတယ်။ Mid-range Level မှာ Quad Camera Setup ကို ထည့်သုံးလာပြီး စျေးအသင့်တင့်ဆုံးဖြစ်တဲ့ A51 မှာ

48MP (Wide) f/2.0, 26mm, 1/2.0″, 0.8µm PDAF
12MP (Ultra-wide) f/2.2
5MP (Macro) f/2.4
5MP (Depth) f/2.2 ဆိုပြီး Back Camera ၄ လုံး သုံးထားပါတယ်။ 32MP Lens တစ်လုံးကို Inifinity-O အပေါက်ထဲ ထည့်ထားပေမယ့် Ultra-wide ရမရ မသိရသေးပါဘူး။ A51 ကင်မရာ လုပ်ဆောင်ချက် အသေးစိတ်ကိုတော့ ကြုံမှပဲ ဆွေးနွေးပါတော့မယ်။

နောက်ဆုံးအနေနဲ့ကတော့ Under Display Fingerprint Sensor ၊ 15W Fast Charging နဲ့ အားသွင်းနိုင်မယ့် 4,000 mAh Battery တို့ပါဝင်ပါတယ်။

Galaxy A71

6.7″ အရွယ်စားနဲ့ ရရှိနိုင်မယ့် Galaxy A71 ကတော့ မျက်နှာပြင်အကျယ်ဆုံး ဖုန်းတစ်လုံးလို့ ပြောနိုင်သလို Infinity-O Display နဲ့ ကြွရွနေတဲ့ Galaxy A လို့လည်း ပြောနိုင်ပါသေးတယ်။

ကင်မရာပိုင်းအနေနဲ့ A71 မှာ

64MP (Wide) f/1.8, 26mm, 1/1.7″, 0.8µm PDAF
12MP (Ultra-wide) f/2.2
5MP (Macro) f/2.4
5MP (Depth) f/2.2 ၄ လုံး အသုံးပြုထားပါတယ်။

Selfie ပိုင်းအတွက် 32MP Sensor ကပဲ တာဝန်ယူထားပြီး ထူးခြားတဲ့ လုပ်ဆောင်ချက်အနေနဲ့ A71 မှာ Ultra Steady Video Feature ပါဝင်မှာ ဖြစ်ပါတယ်။ A51 နဲ့မတူတာက 25W Speed နဲ့ အားသွင်းနိုင်မယ့် 4,500 mAh Battery ပါဝင်လာတာဖြစ်ပြီး Under Display Fingerprint Sensor အသုံးပြုထားဦးမယ့် Galaxy A71 ကို မြန်မာငွေ ၆၆၉,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာပါ။

Quick Comparison Galaxy A51 Galaxy A71
OS Android 10 with OneUI 2.0 Android 10 with OneUI 2.0
Display 6.5″ (1080 x 2400) 6.7″(1080 x 2400)
Processor Exynos 9611 Snapdragon 730
RAM 6GB 8GB
Storage 128GB (USF 2.0) 128GB (USF 2.1)
Battery 4,000 mAh (15W) 4,500 mAh (25W)

Galaxy A01

Samsung ဖုန်းထဲမှာ အထူးဆန်းနာမည်နဲ့ ထွက်ရှိလာတဲ့ A01 က Budget ဘက်သွားထားတဲ့ ဖုန်းတစ်လုံးပါ။ ၁၇၉,၀၀၀ ကျပ်နဲ့ မိတ်ဆက်လိုက်တဲ့ အငယ်ဆုံး Galaxy A စမတ်ဖုန်းမှာ 5.7″ HD+ Display ၊ 2GB RAM နဲ့ 16GB Storage ပါဝင်မှာ ဖြစ်ပါတယ်။

Galaxy Note10 Lite

ကျွန်တော်တို့ Exclusive အနေနဲ့ ဖော်ပြလိုတာက Upper Mid-range Class မှာ ရွေးချယ်စရာဖြစ်စေတဲ့ Note10 Lite ပါ။ အိန္ဒိယစျေးကွက်မှာ OnePlus ကို ဖိအားပေးခဲ့သလို Galaxy S/Note ဖုန်းတစ်လုံးလို စွမ်းဆောင်ရည် ၊ Experience ရစေမယ့် Lite စမတ်ဖုန်းကို မြန်မာငွေ ၈၅၉,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာပါ။

Quick Specification

6.7″ sAMOLED Display (1080 x 2400 Resolution)
Exynos 9810 (10nm), 6GB RAM ၊ 128GB Storage, 4,500 mAh (25W)
12MP f/1.7, 27mm, 1/2.55″, 1.4µm, Dual Pixel
12MP (Tele) f/2.4, 52mm
12MP (Ultra-wide) f/2.2, 12mm
32MP (Selife) f/2.2

Note10 မှာတုန်းက နှစ်သက်ရာ အပန်းရောင်နဲ့ ရရှိခဲ့သလိုပဲ Note10 Lite မှာ Sexy Red အနီရောင်ကို မြန်မာနိုင်ငံမှာ ရောင်းချပေးသွားမှာပါ။

Photo: Samsung

Samsung Myanmar Press Release ကို ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်။