This is digital planet.

SamsungTech News

Galaxy A50, Galaxy A30 နဲ့ Galaxy A10 တို့ရဲ့ Spec အပြည့်အစုံထွက်ရှိလာခဲ့

Samsung အနေနဲ့ အိန္ဒိယဈေးကွက်မှာမကြာခင်မှာမိတ်ဆက်ပေးမဲ့ A-series စမတ်ဖုန်းတွေရဲ့အသေးစိတ်အချက်အလက်များထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ A-series စမတ်ဖုန်းတွေကတော့ Galaxy A10 နဲ့ Galaxy A30 တို့ဖြစ်ပြီး ဒီနှစ်ရဲ့ ပထမအပတ်မှာမိတ်ဆက်ပေးမှာဖြစ်ကာ Galaxy A50 ကိုတော့ ဒီနှစ် ဒုတိယအပတ်မှာမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ My Smart Price ကနေပြီးတော့ Galaxy A10, Galaxy A30 နဲ့ Galaxy A50 တို့ရဲ့ Spec အပြည့်အစုံကိုဖော်ပြသွားခဲ့ပါတယ်။

Samsung Galaxy A50 Specifications

6.4-inch AMOLED display နဲ့ 3D plastic body ပါဝင်လာမဲ့ Galaxy A50 ကိုတော့ Infinity-U display တပ်ဆင်ထားမှာဖြစ်ပြီး Full HD+ resolution နဲ့ထောက်ပံ့ပေးမှာဖြစ်ပြီး 19:5:9 aspect ratio ရှိပါတယ်။ Exynos 9610 chipset နဲ့မောင်းနှင်မှာဖြစ်ပြီး 4GB RAM + 64GB storage နဲ့ 6GB RAM + 128GB storage ဆိုပြီး ၂ မျိုးထွက်ရှိမယ်လို့သိရပါတယ်။

Galaxy A50 မှာတော့ကြီးမားတဲ့ 4000 mAh ဘက်ထရီပါဝင်လို့သိရပြီး 15W fast charging USB-C နဲ့ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ MicroSD card slot နဲ့အတူ Dual-SIM လည်းထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထူခြားချက်အနေနဲ့ ဒီဖုန်းမှာ In-display fingerprint ကိုသုံးလာမယ်လို့လည်းသိရကာ ရှေ့ကင်မရာ အနေနဲ့ 25MP ရှိပြီး ကျောဘက်ကင်မရာ အနေနဲ့ f/1.7 25MP autofocus, f/2.2 aperture 5MP focus lens နဲ့ 8MP ultra-wide angle lens f/2.4 aperture ဆိုပြီး ၃ လုံးပါဝင်မှာဖြစ်ပါတယ်။

Samsung Galaxy A30 Specifications

Galaxy A30 မှာတော့ 3D glossy polycarbonate, 6.4-inch AMOLED Infinity-U display, Dual-SIM support, MicroSD card slot နဲ့ 4000 mAh ဘက်ထရီ ကို 15W fast charging နဲ့ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ Galaxy M20 မှာပါဝင်တဲ့ Exynos 7904 ကိုသုံးလာမယ်လို့သိရပါတယ်။

Galaxy A30 ရဲ့ကျောဘက်မှာတော့ f/1.9 aperture 16MP နဲ့ f/2.2 aperture 5MP ultra wide-angle lens စတဲ့ ကင်မရာ ၂ လံညးပါဝင်မှာဖြစ်ကာ ရှေ့ဘက်ကင်မရာကိုတော့ f/1.9 aperture 16MP ကိုသုံးလာမှာဖြစ်ပါတယ်။ 3GB RAM + 32 GB storage နဲ့ 4GB RAM + 64GB storage ဆိုပြီး ၂ မျိုးထွက်ရှိမယ်လို့သိရပြီး fingerprint scanner အနေနဲ့ကျောဘက်မှာပါရှိမယ်လို့သိရပါတယ်။

Galaxy A30 နဲ့ Galaxy A50 မှာတော့ Samsung Pay Mini, Bixby assistant ခလုတ်, Pixel Detection, Smart Beauty, Selfie Focus, Pro Lighting, AR Stickers, Dolby Atmos, Dual Messager, Secure Folder, Samsung Health, Adaptive WiFi, Always-On Display, Smart Manager, Samsung Mall နဲ့ Dual VoLTE စတဲ့ features တွေတူညီစွာပါဝင်မှာဖြစ်ပြီး ကာလာ အနေနဲ့လည်း Black, White နဲ့ Blue တို့ထွက်ရှိမှာဖြစ်ပါတယ်။

Samsung Galaxy A10 Specifications

Galaxy A10 ရဲ့ကျောဘက်ကိုတော့ glossy plastic နဲ့ဖုံးအုပ်ထားမယ်လို့မျှော်လင့်ရပြီး 6.2-inch Infinity-V display ကို HD+ resolution နဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။ Low-end processor ဖြစ်တဲ့ Exynos 7884B octa-core processor ကိုသုံးထားမှာဖြစ်ပြီး RAM 3GB နဲ့ 32GB storage ထည့်သွင်းထားပေးထားမယ်လို့သိရပါတယ်။ 4000 mAh ဘက်ထရီပါဝင်မှာဖြစ်ပြီး fast charging တော့ ထောက်ပံ့မှာမဟုတ်ဘူးလို့သိရပါတယ်။ fingerprint scanner ကတော့ ကျောဘက်မှာပါ။

ကင်မရာပိုင်းအနေနဲ့ 13MP ကျောဘက်ကင်မရာ နဲ့ 5MP ရှေ့ကင်မရာ ၂ လုံးပါဝင်ပါတယ်။ Dual-SIM, Smart Manager, Samsung Mall နဲ့ Dual VoLTE စတဲ့ features တွေလည်းပါဝင်ပါတယ်။ ဒီဖုန်းတွေအတွက် ဈေးနှုန်းတွေအနေနဲ့ကတော့ မသိရသေးပဲ ပါဘူး၊ ကောလဟာလ တွေအရ Samsung အနေနဲ့ Galaxy A20 နဲ့ Galaxy A40 တို့ကိုပါထုတ်လုပ်လာနိုင်တယ်လို့ဖော်ပြနေကြပါတယ်။

Source

Leave a Reply

Your email address will not be published.