fbpx

This is digital planet.

SamsungTech News

Galaxy A50s နဲ့ Galaxy A30s ကို မိတ်ဆက်လိုက်တဲ့ Samsung

Samsung အနေနဲ့ ဒီနှစ်အတွင်းမှာ Galaxy A-Series Smartphones Model 10 ခုကျော်ကို Launched လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ထုတ်လို့မပြီးသေးပါဘူး။ အခု ဒီနှစ်ထုတ် A50 နဲ့ A30 ကို Upgrade လုပ်ထားတဲ့ Galaxy A50s နဲ့ Galaxy A30s ကိုမိတ်ဆက်လိုက်ပါပြီ။

Galaxy A50s

Galaxy A50s မှာ A50 အတိုင်းပဲ 6.4-inch Infinity-U Super AMOLED Display ကို အသုံးပြုထားပါတယ်။ Selfie Camera မှာတော့ 25MP ကနေ 35MP ကို Upgrade ဖြစ်သွားပါပြီး f/2.0 aperture ပဲပါရှိလာမှာပါ။ Exynos 9610 processor နဲ့ 4GB of RAM and 64GB of storage ကိုဆက်သုံးထားပြီး Triple rear cameras ကတော့ 48MP + 8MP ultrawide + 5MP depth combo ဆိုပြီးသုံးလာမှာပါ။

A50s မှာ Realme 1 ရဲ့ Diamond-back design နဲ့ဆင်တဲ့ Design ကို ကျောဘက်မှာ ပြောင်းလဲပေးထားပါတယ်။ 4000mAh battery ပါရှိလာပြီး 15W fast charging ကိုပါရရှိလာမှာပါ။ Dimensions (အနံ၊အလျား၊အမြင့်) တွေကတော့ ပြောင်းလဲခြင်းမရှိဘဲ အလေးချိန်ကတော့ အနည်းငယ် 169 grams တိုးလာပါတယ်။ အရောင်တွေအနေနဲ့ Prism Crush Black ၊ Prism Crush White ၊ Prism Crush Violet နဲ့ Prism Crush Green ဆိုပြီးရရှိနိုင်ပါတယ်။

Galaxy A30s

Galaxy A30s မှာလည်း A30 လို 6.4-inch AMOLED display ကိုသုံးပေးထားပြီး Resolution မှာ FHD+ ကနေ HD+ (1560 x 720) ကိုလျော့သွားပါတယ်။ Display type ဟာ Infinity-U မဟုတ်တော့ဘဲ Infinity-V ဖြစ်သွားပါတယ်။ Resolution ကို Downgrade လုပ်လိုက်တာက စိတ်ပျက်စရာဖြစ်ပေမယ့် အကြောင်းက In-display fingerprint scanner ပါဝင်လာလို့ပါပဲ။

Exynos 7904 processor ကို 3GB or 4GB of RAM and 32GB or 64GB of storage နဲ့တွဲပေးထားပြီး MicroSD card ကို support ပေးလာပါတယ်။ A30 လို 16MP f/2.0 selfie camera ကိုပဲသုံးထားပါပြီး Back မှာတော့ Triple rear cameras (25MP f/1.7 primary sensor, 8MP ultrawide sensor, and a 5MP depth sensor) ကိုပြောင်းလဲအသုံးပြုထားပါတယ်။ 4000mAh battery ကိုသုံးပေးထားပြီး 15W fast charging ကို Support ပေးထားပါတယ်။ အရောင်အနေနဲ့ A50s လိုပဲ Prism Crush Black, Prism Crush White, Prism Crush Violet နဲ့ Prism Crush Green စတဲ့အရောင်တွေကိုရရှိလာနိုင်မှာပါ။ A50s နဲ့ A30s စျေးကိုတော့ အတိအကျမသိရသေးပါဘူး။

Ref: Gizmochina