fbpx

This is digital planet.

SamsungTech News

Galaxy Earbuds ကို Reverse Wireless Charging နဲ့ အားသွင်းနိုင်မယ့် Samsung

Samsung တို့ရဲ့ထုံးစံအတိုင်း Feb 20 Launch Event မှာ မိတ်ဆက်မယ့် Galaxy S10 Series Leaked News တွေကတော့ တစ်ခုပြီးတစ်ခုကို ထွက်ပေါ်လို့နေပါတယ်။ (ပွဲရက်ကျရင် မသိသေးတာရော ရှိပါဦးမလားပဲ) အခုလည်း WinFuture ကနေ Galaxy S10 Series မှာ အသုံးပြုမယ့်အရောင်တွေနဲ့အတူ Reverse Wireless Charging လို့ ခန့်မှန်းရတဲ့ ပုံရိပ်တွေ ထွက်ရှိလာခဲ့ပါတယ်။

ပုံအရ Galaxy Earbuds မျိုးဆက်သစ်ဟာ အရင်ထွက်ရှိခဲ့တဲ့ Gear Icon X ရဲ့ Successor ဖြစ်လာနိုင်ပြီး ဘူးအောက်ဖက်နားမှာ အစိမ်းရောင် LED လေး လင်းနေပုံထောက်ရင် Wireless Charging Support ပါဝင်လာမယ်လို့ ယူဆထားကြပါတယ်။

ဒီပုံဟာ Samsung ရဲ့ Galaxy S10 Plus မှာ Reverse Wireless Charging ပါဝင်မယ်ဆိုတဲ့သတင်းကို အတည်ပြုလိုက်သလိုပါပဲ။ ဒါ့အပြင် ဖုန်းရဲ့ ကျောဘက်ပုံရိပ်တွေအရ S10 Series ကို အနက်၊ အဖြူ ၊ အစိမ်းဆိုပြီး အရောင်သုံးမျိုးနဲ့ မြင်တွေ့ရနိုင်သလို သူ့မှာသုံးမယ့်အဖြူ ကလည်း ပုလဲနှစ်ရောင်ဆန်ဆန်ဆိုတော့ အတော်နန်းဆန်တဲ့အရောင် ဖြစ်လာနိုင်ပါတယ်။

အနက်မှာလည်း Ceramic Black နဲ့ Prism Black ဆိုပြီး အရောင်ကွဲပြားနေပြန်တာကြောင့် Ceramic Version ပါဝင်လာမလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။ ခန့်မှန်းဈေးတွေအရ Galaxy Earbuds ရဲ့တန်ဖိုးဟာ €149 နီးပါးရှိနိုင်ပြီး Apple ရဲ့ Airpod ကို ယှဉ်ဖို့ ရည်ရွယ်ပုံရပါတယ်။ Galaxy Smartphone တွေနဲ့အတူ Galaxy Foldable Smartphone, Galaxy Sport Smartwatch တွေပါ မိတ်ဆက်ဖို့သတင်းထွက်နေတာကြောင့် Fan တွေအနေနဲ့ ဒီနှစ် Samsung ရဲ့ Product Launch Event ကို တစ်ဝကြီးကြည့်ရဖို့ ရှိနေပါတယ်။

Source