fbpx

This is digital planet.

HuaweiSamsungTech NewsXiaomi

Galaxy Fold ရဲ့ဒီဇိုင်းဟာဆိုးရွားတယ်လို့ဝေဖန်လိုက်တဲ့ Huawei CEO

Foldable Phone တွေအပေါ် သူတို့စကားသံများ

Samsung

“Foldable ဖုန်းတွေနဲ့ပတ်သက်လို့ နည်းအမျိုးမျိုးကို စမ်းသပ်ခဲ့ပြီးမှ Display ကို ရေရှည်မှာ အပွန်းအစင်းနဲ့ ထိခိုက်မှုဒဏ်ကနေ ကာကွယ်ပေးမယ့် Design ကို ရွေးခဲ့တာပါ။ Display ကို အပြင်ဘက်ခေါက်တာက အတွင်းဘက်ခေါက်တာထက် ကွေးရတဲ့ပမာဏပိုနည်းပြီး ဖန်တီးမှုစရိတ် အကုန်အကျပိုနည်းပါတယ်။”

Huawei

“ရှေ့၊ နောက် Display နှစ်ခုထည့်သွင်းတာဟာ ဖုန်းရဲ့အလေးချိန်ကို ပိုတက်စေတယ်။ Huawei အနေနဲ့ Foldable Design Project ၃ ခုကို ပြိုင်တူလုပ်ကိုင်ခဲ့ပြီး သဘောမကျလို့ Cancel ခဲ့တဲ့ Inward Folding Design ကတောင် သူတို့ (Samsung) ထက် အများကြီးပိုကောင်းပါတယ်။”

Xiaomi

“Screen ကို Folding လုပ်တဲ့နည်းပညာဟာ Mature မဖြစ်သေးပါဘူး။ Xiaomi အနေနဲ့ ဒီနည်းပညာကို ခုထက်ပိုပြီး Stable ဖြစ်မယ့်အချိန်တစ်ခုထိ စောင့်ကြည့်ချင်ပါတယ်။ လက်ရှိမှာတော့ Screen ကို Fold လုပ်နိုင်မယ့် နည်းအမျိုးမျိုးကို စမ်းသပ်နေပါတယ်။”

ဒီနှစ် ဘာစီလိုနာမှာပြုလုပ်ခဲ့တဲ့ MWC ပွဲမှာတော့ Huawei ရဲ့ Mate X နဲ့ Samsung ရဲ့ Galaxy Fold တို့ကြီးစားခဲ့တာဖြစ်ပါတယ်။ နှစ်အနည်းငယ်ကြာစောင့်ဆိုင်းပြီးနောက်မှာတော့ ဘယ်လောက်ထိကောင်းမွန်မှာလဲ ကြိုတိုင်မျှော်လင့်ထားသလောက်ဖြစ်မှာလားဆိုတဲ့ သံသယပြောင်းများစွာ မေးခွန်များစွာနဲ့ Huawei နဲ့ Samsung တို့ဟာသူတို့ရဲ့ Foldable phones တွေကိုအသီးသီးပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီ စမတ်ဖုန်းလောက ရဲ့ထိပ်ဆုံးမှာရပ်တည်နေတဲ့ ကုမ္ပဏီကြီး ၂ ဟာပြိုင်ဆိုင်မှုပြင်းထန်သလောက် MWC မှာမိတ်ဆက်ပေးခဲ့တဲ့ Foldable စမတ်ဖုန်း ၂ ခုဟာလည်း ဒီဇိုင်းပိုင်းအရတော့ တော်တော်ကိုကွဲပြားခြားနားနေခဲ့ပါတယ်။ သို့သော် Huawei Mobile business ရဲ့ CEO Richard Yu ကတော့ သူတို့ရဲ့ Mate X ကတော့ Galaxy Fold ထက်စာရင် ဒီဇိုင်းပိုင်းအရ ပိုမိုနှစ်သက်ဖို့ကောင်းတယ်လို့ဆိုပါတယ်။

Image result for mate x
Businesses Insider နဲ့ အင်တာဗျူးတစ်ခုမှာတော့ Yu က Huawei အနေနဲ့ တစ်ချိန်ထဲမှာပဲ မတူညီတဲ့ ဒီဇိုင်း ၃ မျိုးနဲ့ Foldable phone ကိုထုတ်လုပ်ဖို့ကြိုးစားခဲ့ဖူးတယ်လို့ဆိုပြီး အဲ့ထဲက ဒီဇိုင်း ၁ ခုဟာ Samsung ရဲ့ Galaxy Fold နဲ့အလွန်ဆင်တူတယ်လို့ဆိုပါတယ်။ Yu အနေနဲ့ သူတို့ ပုံကြမ်းဒီဇိုင်း ကတောင် Galaxy Fold ထက်ပိုမိုက်သေးတယ်လို့ပြောဆိုခဲ့ပြီး သူ အနေနဲ့ဘာလို့ အဆိုပါ ဒီဇိုင်းကိုကိုမရွေးခဲ့တာလဲဆိုရင် အဆိုပါ ဒီဇိုင်းဟာ ကြည့်လို့မကောင်းဆိုးရွားလွန်းတာကြောင့်လို့ဆိုပါတယ်။

Richard Yu အနေနဲ့ Galaxy Fold နဲ့ပက်သက်ပြီး ရှေ့ဘက် Screen နဲ့ နောက်ဘက် Screen ကိုထည့်သွင်းထားတဲ့ကြောင့် ဖုန်းဟာ အရမ်းကြီးမားပုံပေါက်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်။

သင်အနေနဲ့ ဘယ် ဒီဇိုင်းကိုကြိုက်ကြိုက် ဒီ Foldable ဖုန်းတွေနဲ့ပက်သက်ပြီး ရှင်းလင်းတဲ့အချက်တစ်ချက်ကတော့ ဈေးနှုန်းအနေနဲ့ကြီးမြင့်လွန်းနေသေးတာပါပဲ။ Samsung Galaxy Fold အနေနဲ့ ယူရို ၂၀၀၀ (မြန်မာငွေ ၃၅ သိန်းဝန်းကျင်) နဲ့ Huawei Mate X အနေနဲ့ ယူရို ၂၂၉၉ (မြန်မာငွေ သိန်း ၄၀ နီးပါး) လောက်ထိကျသင့်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Foldable စမတ်ဖုန်းတွေဆိုတာ ပိုက်ဆံရှိလူတန်းစားတရပ်လာက်ကိုသာရည်ရွယ်ထားသလို့ဖြစ်နေပြီး နောက်နှစ်အနည်းငယ်အတွင်းမှာတော့ စမတ်ဖုန်းကုမ္ပဏီကြီးတွေအနေနဲ့ အခုထက်ပိုမိုနည်းပါပြီး အတော်အတင့်ရှိတဲ့ ဈေးနှုန်းနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ Foldable ဖုန်းတွေကို ထုတ်လုပ်နိုင်ပေးဖို့ကိုတော့မျှော်လင့်ရပါတယ်။

Image Source: Internet

Ref: Gsmarena