fbpx

This is digital planet.

NewsSamsung

Galaxy Fold ဟာ iPhone 11 ထွက်ရှိမယ့် September 18-20 လောက်မှာ ထွက်ရှိနိုင်တယ်လို့ သတင်းများထွက်

Samsung ရဲ့ Galaxy Fold ဟာ April လကတည်းက ထွက်ရှိဖို့ နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။ Samsung ကတော့ ပိုကောင်းတဲ့ Design ကို လုပ်နေရလို့ ကြာနေတာဖြစ်တယ်လို့ ဆိုပါတယ်။ သိပ်မကြာတော့ပဲ Galaxy Fold ကို September လထဲမှာ ထွက်ရှိမယ်လို့ အတည်ပြုလိုက်ပါတယ်။

Image result for galaxy fold

ထွက်ရှိမယ့်ရက်အတိအကျတော့ မသိရသေးပေမယ့် ကိုရီးယား Outlet media ဖြစ်တဲ့ The Investor  က Samsung Galaxy Fold ဟာ တောင်ကိုရီးယားမှာ September 18, 19, or 20 လောက်မှာ ထွက်ရှိနိုင်မယ်လို့ သတင်းတွေရေးသားခဲ့ပါတယ်။ Galaxy Fold ကို Launch လုပ်မယ့် Event က Apple ရဲ့ပုံမှန် iPhones အသစ်ကို မိတ်ဆက်မယ့် Event (September 15 ဝန်းကျင်) နဲ့ September 20 ကျော်ကျော်မှာ iPhones အသစ်ကို စတင်ရောင်းချမယ့် ရက်နဲ့ တိုက်နေနိုင်ပါတယ်။ Samsung အနေနဲ့ အသစ်ထွက်မဲ့ iPhone နဲ့အပြိုင် တမင်ထုတ်ရောင်းတာလားဆိုတာတော့ မပြောပြနိုင်သေးပါဘူး။

Image result for galaxy fold

သတင်းတွေအရ Samsung က Galaxy Fold ကို မကြာခင်မှာ ထွက်ရှိလာတော့မယ့် Note10 နဲ့ Note10+ လိုပဲ အများအပြားထုတ်လုပ် ရောင်းချဖို့ရှိနေပါတယ်။ တောင်ကိုရီးယားဈေးကွက်ကို စစ်ဆေးတဲ့သူတွေ ခန့်မှန်းတာကတော့ 100,000 units ကို Samsung ရဲ့ Home Market မှာရောင်းချဖို့ရှိနေပြီး Korea မှာ စပြီးမိတ်ဆက်တဲ့အခါမှာ 20,000 to 30,000 units ကိုဝယ်ယူရနိုင်မယ်လို့ ကြိုတင်ခန့်မှန်းထားကြပါတယ်။ Samsung အနေနဲ့လည်း 1 million units အထိရောင်းချနိုင်မယ်လို့ မျှော်လင့်ထားပုံပေါ်ပါတယ်။

Related image

Samsung အနေနဲ့ US နဲ့ South Korea အတွက် September မှာ စတင်မိတ်ဆက်ဖို့ မျှော်လင့်နေပြီး Germany ၊ UK ၊ France စတဲ့ နိုင်ငံတကာဈေးကွက်အတွက်လည်း သေချာပြင်ဆင်ထားမည့်ပုံပါပဲ။

Ref: GSMArena

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်