fbpx

This is digital planet.

Samsung

Galaxy Fold အတွက် Pre-order အားလုံးကို Cancel လုပ်သွားတဲ့ Best Buy

Samsung ရဲ့ ပထမဆုံး Foldable Device ဖြစ်တဲ့ Galaxy Fold အနေနဲ့ လက်ရှိအချိန်မှာတော့ Reviewer တွေကနေ Display Error တွေ တွေ့ရှိရတာကြောင့် လက်ရှိအချိန်ထိ ရောင်းချမဲ့ အချိန်ကို ဆိုင်းငံထားတာဖြစ်ပါတယ်။

တောင်ကိုရီးယား အခြေစိုက် Samsung အနေနဲ့ Galaxy Fold ကိုသေချာပြန်လည်ပြင်ဆင်ခဲ့ပြီး မကြာခင် အချိန်မှာ Release Date အသစ်ကို ပြန်လည်ကြေညာပေးမယ်လို့ ပြောဆိုထားခဲ့ပါတယ်။ သို့သော်လည်း Online Retailer Website တစ်ခုဖြစ်တဲ့ Best Buy မှ Samsung အပေါ် စိတ်ရှည်သည်းခံနိုင်မှု ကုန်ဆုံးသွားပြီး ဖြစ်တာကြောင့် သူတို့ Website မှာရှိတဲ့ Galaxy Fold အတွက် Pre-orders တွေကို အကုန် Cancel လုပ်သွားခဲ့ပါတယ်။

Image result for galaxy fold

Best Buy အနေနဲ့ Samsung ဘက်က Galaxy Fold ကို သေချာ ပြန်လည် ပြင်ဆင်ပြီးမှသာ ပြန်လည် လက်ခံမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး သေချာစစ်ဆေးပြီးမှာသာ အသုံးပြုသူတွေအတွက် ရောင်းချပေးသွားဖို့ရှိတယ်လို့သိရပါတယ်။ အကယ်၍ သူသာ Best Buy မှာ Galaxy Fold ကို pre-order ပြုလုပ်ထားပါကာ ပြန်လည်ရရှိနိုင်မဲ့အချိန်ကို သူရဲ့ Product Page မှာ Notified ပြုလုပ်ထားလို့ရပါတယ်။

Image result for galaxy fold

ဒါအပြင် Samsung အနေနဲ့ အဆိုပါ ကိစ္စ နဲ့ ပက်သက်ပြီး Android Authority မှ တဆင့်ထုတ်ပြန်ချက်ကြေညာခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်မှာတော့ သူတို့အနေနဲ့ လက်ရှိအချိန်မှာ Best Buy အပါအဝင်အခြား Distribution ပါတနာတွေနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်လျက်ရှိနေပါတယ်။ အသုံးပြုသူတွေ အနေနဲ့လည်း Best Buy ကနေပြီး Cancel ခံလိုက် ရရှိခဲ့ကြပေမဲ့ ပြန်လည်ရရှိမဲ့ အချိန်ကို Notified ပြုလုပ်ထားလို့ရပါတယ်။ နောက်လာမဲ့ အပတ်လောက်မှာ Galaxy Fold ထွက်ရှိမဲ့ ရက်စွဲ အသစ်ကိုပြန်လည်ကြေညာပေးပါမယ်။ Samsung အနေနဲ့ အသုံးပြုသူတွေရဲ့ ယုံကြည်ချက်တွေကို တန်းဖိုးထားပါကြောင်း နဲ့ အခုအချိန် စိတ်ရှည်ပြီး နားလည်ပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ပေးသွားခဲ့ပါတယ်။

Ref: GSMarena