This is digital planet.

SamsungTech News

Galaxy Fold 2, S20 တို့နဲ့ပက်သက်ပြီး Leak လုပ်လိုက်တယ် ICE Universe

Samsung နဲ့ပက်သက်ပြီး Leak လုပ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ICE Universe က 2020 မှာ Samsung ကထုတ်မည့် နည်းပညာတွေနဲ့ပက်သက်ပြီး အထင်ကရပစ္စည်းတွေကို Leak လုပ်လိုက်ပါတယ်။ ပထမတစ်ခုကတော့ Galaxy S11 ပါ ဟုတ်ပါတယ် Galaxy S10 ရဲ့ Series အသစ်ဖြစ်တဲ့ Galaxy S11 ကို S11 လို့အမည်ခေါ်မှာမဟုတ်ပဲ Galaxy S20 လို့ခေါ်မှာ ICE Universe ကဖော်ပြလိုက်ပါတယ်။

ဒီလိုအခေါ်အဝေါ်နဲ့ပက်သက်ပြီး အများကစု မကြိုက်ကြသလို အနည်းစုက သဘောကျနေကြပါတယ်။ အကြောင်းက ၂၀၂၀ ပြည့်နှစ်ရောက်ပြီမို့ S20 လို့ခေါ်တာ လိုက်ဖက်တယ်ဆိုပြီး ပြောနေကြလို့ပဲဖြစ်ပါတယ်။ နောက်တစ်ခုက S20 နဲ့ပက်သက်ပြီး အများကြီး အဆင့်မြှင့်တင်ထားတယ်လို့လဲ Leak လုပ်ခဲ့ပါတယ်။

နောက်တစ်ခုက Galaxy Fold 2 နဲ့ပက်သက်ပြီး ဖော်ပြခဲ့တာက အရင်ရက်တွေက Galaxy Fold 2 နဲ့ပက်သက်ပြီး ပုံတွေထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ပက်သက်ပြီး Samsung Fan တွေက Fold 2 အပေါ် အားရမှုမရှိဘူးလို့ ဆူညံခဲ့ပါတယ်။ Galaxy Fold 2 က Galaxy Fold လို့ လိပ်ပြာ အတောင်ပံခတ်သလို ရင်ကွဲပုံစံ ခေါက်ချိုးတဲ့ ဖုန်းမျိုးမဟုတ်ပဲ ဟိုအရင်က ခေါက်ဖုန်းတွေကို ခါးတပိုင်းချိုးချတဲ့ပုံစံ ဖြစ်နေလို့ပဲဖြစ်ပါတယ်။ Galaxy Fold 2 မှာ Ultra Thin Glass Material ကို သုံးထားတာ အမှန်တကယ်ဖြစ်ကြောင်းကိုလည်း Leak လုပ်ခဲ့ပါတယ်။

Samsung Galaxy Fold 2 appears in a live photo, the Galaxy S11 could be called S20

Galaxy Fold 2 ပုံကို အနီးကပ်ကြည့်လိုက်မယ်ဆိုရင် သုံးထားတဲ့ UI က လတ်တလော ထွက်ရှိထားတဲ့ One UI 2.0 နဲ့ တူနေပြီး Galaxy Fold 2 မှာ Note10 Series လို့ Punch-Hole Design သုံးထားတယ်ဆိုတာ တွေ့မြင်ရပါတယ်။ အဆိုပါပေါက်ကြားမှုတွေနဲ့ပက်သက်ပြီး မှန်ကန်မှုရှိလားဆိုတာတော့ Samsung ကတရားဝင်မိတ်ဆက်မှပဲ သိရမှာဖြစ်ပါတယ်။

Ref: GSMArena