This is digital planet.

Tech NewsSamsung

မိတ်ဆက်ပွဲမတိုင်ခင် Specification အပြည့်စုံ ပေါက်ကြားလာတဲ့ Galaxy Note20 Ultra

Samsung ရဲ့ Premium Flagship စမတ်ဖုန်းသစ်က ထွက်ရှိဖို့ တာဆူနေပြီ ဖြစ်ပေမယ့် ကောလာဟလတွေက ပိုပြီးတော့ သတင်းမွေးပျံ့နေပါတယ်။ သြဂုတ်လ (၅) ရက်နေ့မှာ Galaxy Note20 Ultra ကို ကြေညာတော့မှာ ဖြစ်ပေမယ့် သေချာသလောက် ရှိနေပြီဖြစ်တဲ့ Leak News က ရှေ့ဦးစွာ ရောက်နှင့်နေပါပြီ။

နောက်ဆုံးရ သတင်းတွေအရ 6.9” အရွယ်စားရှိ Dynamic AMOLED Panel အသုံးပြုလာမှာ ဖြစ်ပြီး အဆိုပါ Screen Size က Galaxy S20 Ultra နဲ့ အတူတူပဲလို့ ပြောနိုင်ပါတယ်။

The Display

Aspect Ratio အနေနဲ့ 19.3:9 ပါဝင်မှာဖြစ်ပြီး Infinity-O Display နဲ့ QHD+ Panel မှာ 120Hz Refresh Rate အထောက်ပံ့ပါဝင်လာမယ်လို့ မျော်လင့်မိပါတယ်။

Note20 Ultra မှာ Selfie တစ်ပေါက်စား Infinity-O Hole ထဲမှာ 10MP Camera နဲ့ မြင်ရနိုင်ပြီး Dual-pixel Autofocus ရမယ်လို့ သိထားရပါတယ်။

Galaxy Note20 Ultra

Image: GSMArena

ဒိတခါ ထူးခြားလာနိုင်မယ့် အချက်က Gorilla Glass 7 Protection ပဲ ဖြစ်ပြီး Note20 စီးရီးနဲ့အတူ မြင်ရနိုင်ဖို့ အလားလာရှိနေပါတယ်။ ထုံးစံအတိုင်း Ultra Sonic Fingerprint Sensor အသုံးပြုထားမှာ ဖြစ်ပေမယ့် Performance ပိုင်းကိုတော့ ပွဲရောက်မှ သိနိုင်ပါမယ်။

ကျောဘက် ကင်မရာတွေနဲ့ ပတ်သက်လို့ 108MP Primary Sensor နဲ့ 12MP Ultra-wide တစ်လုံး ၊ Telephoto Lens တစ်လုံးစီ ပါဝင်မယ်လို့ ဆိုထားပါတယ်။

Note20 Ultra

ဒိ Setup က S20 Ultra နဲ့ မကွာဘူးလို့ဆိုနိုင်ပေမယ့် ထူးခြားသွားတဲ့အချက်က အပြောခံခဲ့ရတဲ့ 100x Space Zoom ကို ဖြုတ်ပစ်လိုက်ပြီး 50x Space Zoom ဖြစ်သွားတာပါ။

Primary Lens နဲ့ 8K ဗီဒီယို ရိုက်ကူးနိုင်သလို Omnidirectional နဲ့ Lase Autofocus တို့ပါဝင်လာမယ်၊ Telephoto Lens ကနေ 5x Optic Zoom ရိုက်ကူးနိုင်မယ်လို့ သိထားရပါတယ်။

Galaxy Note20 Ultra

Image: 9to5Google

စမတ်ဖုန်း စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ Exynos 990 SoC ကိုပဲ သုံးထားနိုင်ချေရှိပြီး Snapdragon 865+ ဖုန်းတွေနဲ့ ဘယ်လို Compete လုပ်မလဲ မပြောတတ်သေးပါဘူး။

အဆိုပါ SoC နဲ့အတူ 12GB RAM ၊ 256GB (သို့) 512GB Storage တို့ ရွေးချယ်နိုင်ပြီး microSD Expansion Slot လည်း ပါဝင်ဦးမှာပါ။

Xbox Phone

ဒါကတော့ ထုံးစံအတိုင်း ဖုန်းတစ်လုံးနဲ့ ပတ်သက်လို့ ကြိုသိထားရလေ့ရှိတဲ့ အနေထားမျိုး ဖြစ်ပေမယ့် Note20 စီးရီးမှာ ထူးခြားလာဦးမယ့် အရာက Project xCloud အတွက် OneNote Synchronization နဲ့ Cloud Gaming ဝန်ဆောင်မှု ရရှိလာတဲ့အချက်ပါ။

Galaxy Note20 Ultra Black

Image: Notebookcheck

အခုလို Microsoft နဲ့ Partnership လုပ်လိုက်တဲ့ Samsung ကြောင့် Xbox Game Pass Title တွေထဲက ဂိမ်းအမျိုးစား ၉၀ ကျော် ကစားလို့ရလာမှာဖြစ်ပြီး Portable Gaming Console ဖြစ်လာတယ်လို့လည်း ပြောနေကြပါတယ်။

တခြား Highlight တွေ အနေနဲ့က 4,500mAh Battery ပါဝင်လာတာဖြစ်ပြီး 9ms Latency ရှိ S Pen Stylus နဲ့ 5G Support တို့ပါ။

Note20 စီးရီးတွေဟာ Dual SIM နဲ့အတူ eSIM ထောက်ပံ့လာမယ်လို့ သိထားရပြီး Mystic Bronze အပြင် Mystic Black အရာင် (၂) မျိုးနဲ့ ထွက်ရှိလာနိုင်ပါတယ်။

အခုလို High-end ဖုန်းအတွက် အပြည့်စုံ ဖော်ပြနိုင်ပြီလို့ ဆိုရပေမယ့် ထုံးစံအတိုင်း ရောင်းစျေးက ဒေါ်လာ ၁,၀၀၀ အထက် သွားနိုင်ပါတယ်။

Source: GSMArena