fbpx

This is digital planet.

SamsungTech News

Galaxy S10 5G ရဲ့ DxOMark ရလဒ်က Huawei P30 Pro နဲ့တူညီနေ

DxOMark က Samsung Galaxy S10 5G ရဲ့ Camera Benchmarks ကိုထုတ်ပြန်ခဲ့ပါတယ်။ Samsung Galaxy S10 5G က ရိုးရိုး S10 Series ကွာခြားနေတာကတော့ သူမှာ 5G Connectivity ပါဝင်လာတာပါ။ အဲ့အပြင် ကျောဘက် Camera က ၄ လုံး၊ Selfie မှာ TOF Sensor တွေ၊ Battery ပိုင်းမှာ mAh ပိုများလာတွေ စသဖြင့် ကွာခြားသွားပါတယ်။

Related image
DxOMark ရလဒ်မှာ Galaxy S10 5G က 112 points ထိရရှိခဲ့ပြီး ဒီအမှတ်က မကြာခင်ကမှ ထွက်ရှိထားတဲ့ Huawei P30 Pro နဲ့တူနေပါတယ်။ ဘာကြောင့် 112 points ထိရရှိခဲ့သလဲဆိုတာကိုတော့ DxOMark ကရှင်းပြထားပါသေးတယ်။ Galaxy S10 5G က Photo segment ပိုင်းမှာဆိုရင် 117 points ရရှိပြီးတော့ Huawei P30 Pro ထက် 2 points လျော့နည်းပါတယ်။ Video ပိုင်းမှာဆိုရင်တော့ 100 points ထိရရှိပြီးတော့ Huawei P30 Pro ထက် 3 points သာလွန်နေပါတယ်။


Selfie ပိုင်းမှာတော့ Galaxy S10 5G က 97 points နဲ့ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ လက်ရှိအချိန်မှာ DxOMark ရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ဖုန်းတွေကတော့ Huawei P30 Pro နဲ့ Galaxy S10 5G က 112 points နဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး၊ Mate 20 Pro, P20 Pro နဲ့ Galaxy S10 Plus တို့က 109 points နဲ့ ဒုတိယနေရာ၊ Mi 9 က 107 points နဲ့ တတိယနေရာ၊ အဲ့နောက် iPhone XS Max ပြီးတော့ HTC U12+, Galaxy Note 9 နဲ့ Mi Mix 3 တို့က တူညီတဲ့အမှတ်တွေနဲ့ ထိပ်ဆုံး Points အများဆုံး ဖုန်းတွေအဖြစ်ရပ်တည်နေကျပါတယ်။

Ref: YugaTech

Photos: DxOMark and Internet