This is digital planet.

SamsungTech News

Single Take ၊ Night Mode Hyperlapse ကင်မရာ Feature ရပြီဖြစ်တဲ့ Galaxy S10 နဲ့ Note10 Series

Galaxy S20 စီးရီး မိတ်ဆက်သွားတုန်းက မျိုးဆက်သစ် စမတ်ဖုန်းတွေဟာ ကင်မရာပိုင်း ပြောင်းလဲလာသလို Hardware လုပ်ဆောင်ချက် အသစ်တချို့ Samsung ထည့်သွင်းပေးခဲ့ပါတယ်။ S20 နဲ့ S20+ ဖုန်းတွေမှာ Telephoto Lens ပြောင်းသုံးသွားတာကလွဲလို့ ကျန်တဲ့ Wide Sensor ၊ Ultra-wide Lens တွေက မော်ဒယ်ဟောင်းတွေနဲ့ အတူတူပဲ။

Sensor Size ပိုကြီးသွားပြီး Performance ပိုကောင်းလာတာမှန်ပေမယ့် သုံးရတာက S10 ၊ Note10 တို့နဲ့ အတူတူလောက်ပါပဲ။ ပြောရရင် Hardware Improve ဖြစ်လာပေမယ့် Generation Changes မရှိဘူး။ S20 Ultra တစ်လုံးပဲ Primary Sensor နဲ့ Periscope Lens တွေပဲ သိသိသာသာ ကွာသွားတဲ့အတွက် Hype ပါတယ်ဆိုတဲ့ Camera Features တွေကို မော်ဒယ်ဟောင်းတွေအတွက် Drop-off လုပ်ပေးပါတော့မယ်။

S20 Series like Features

Galaxy S10 နဲ့ Note10 Series အသုံးပြုသူများအနေနဲ့ အသစ် ဖြန့်ချီမယ့် Update မှာ Single Take ၊ Night Hyperlapse စတဲ့ Camera Function သုံးလို့ရလာမယ်။ ပြီးသွားရင် New Gallery နဲ့ Sharing လုပ်ဆောင်ချက်တွေ ပါလာမယ်။

Galaxy S20 Camera Feature

Single Take (Image:TheVerge)

Single Take ဆိုတာကတော့ ရိုးရှင်းစွာနဲ့ပဲ Camera Lens တစ်ခုချင်းစီရဲ့ ရိုက်ချက် ဥပမာ Ultra-wide Shot ၊ Telephoto Shot တွေအပြင် Video ရိုက်ချက်အကုန်လုံးကို ၁၀ စက္ကန့်လောက် Shutter ဖိထားလိုက်တာနဲ့ ရိုက်နိုင်တာပါ။

အလွယ်ပြောရင်တော့ တစ်ပုံချင်းစီ Manual ရိုက်တာထက် တစ်ခါတလေ အချိန်မရတဲ့အခါ ဒါမှမဟုတ် ပုံတစ်ပုံထဲကိုပဲ Shot ၂ မျိုး ၃ မျိုး တစ်ခါထဲ ဖမ်းချင်တဲ့အခါမျိုးမှာ အသုံးဝင်တယ်။ Shutter Button တစ်ခုချင်းစီ ပြောင်းစရာ မလိုတဲ့အတွက် အချိန်ကုန် သက်သာတယ်ပေါ့။

Single Take on Galaxy S10 & Note10

ဒါပေမယ့် Quality ကောင်းကောင်း လိုချင်ရင်တော့ Single Take Mode က အသုံးမတည့်ပါဘူး။ S20 သုံးရသလောက်ဆိုရင် တစ်ခါတလေ Over-exposed ဖြစ်တယ်၊ Highlight များတယ်၊ Over-saturate ဖြစ်တဲ့ခံစားချက်မျိုး ပေးတဲ့အတွက် များသောအားဖြင့် Pro Mode သို့တည်း Manual နဲ့ပဲ ရိုက်ဖြစ်ပါတယ်။

Galaxy S20 Series Feature

Image: TheVerge

ဒီလိုပဲ S10 ၊ Note10 စီးရီးတုန်းကလည်း Auto Mode နဲ့ ရိုက်တာ သဘောမခွေ့တဲ့အတွက် Manual ပဲ သွားတယ်။ အယ်…ဒါမယ့် ခုနပြောသလို အချိန်ကုန် သက်သာဖို့နဲ့ အမှတ်တရ ဖန်တီးဖို့အတွက် Single Take Mode က အသုံးဝင်တာပါ။ ဘာလို့လဲဆိုတော့ ဒီ Mode နဲ့ဖမ်းတဲ့ ဘယ် Footage မဆို Auto Gallery လုပ်ပေးသွားတာမလို့ပါ။

Hyperlapse function for Low-light

Night Mode နဲ့ ပတ်သက်လို့က S10 Series မှာ တစ်ခါ Update ရပြီးသွားပြီ။ ဒါပေမယ့် S20 Series မှာပါတဲ့ Hyperlapse Function က Night Mode မှာလည်း သုံးလာတယ်၊ Low-light Condition မှာလည်း အလုပ်ဖြစ်အောင် ထည့်ပေးလာတဲ့အတွက် Nevertheless Function ပိုင်း Enrich ဖြစ်လာတယ်လို့ ပြောရမှာပါ။

Galaxy S10 Series

Galaxy S10 Series (Image: Cnet)

Minor Improvements အနေနဲ့ကတော့ S10 ၊ Note10 Series အားလုံးမှာ Clean View Mode ပါလာဦးမယ်။ တခြား Feature တွေနဲ့မတူတဲ့အချက်က Wide ၊ Ultra-wide ၊ Tele အစရှိတဲ့ Camera Lens တွေနဲ့ ရိုက်သမျှ Shot တွေအားလုံးကို Thumbnail တစ်ခုထဲနဲ့ တစ်စုတစည်းထဲ ဖော်ပြပေးမယ်။

Same function despite the Price tag

Gallery မှာ Album တွေ သီးသန့် Create လုပ်တာထက် ပိုအသုံးဝင်မယ့် အနေထားရှိပြီး Quick Crop Mode ၊ Quick Share နဲ့ Music Share Feature တွေလည်း Samsung Device တွေဆီ ရောက်လာဦးမယ်လို့ သိရပါတယ်။

Galaxy Note10

Galaxy Note10 (Image: PhoneArena)

ကျနော့်အထင်တော့ OneUI 2.1 Update နဲ့အတူ Major Software Update ပေးသွားနိုင်ပြီး Camera Functionality ပိုင်း သိပ်မကွာတဲ့ Galaxy S20 နဲ့ S10 ၊ Note10 တို့ Features စုံလာပြီလို့ ပြောရမှာပါ။

Source: TheVerge