fbpx

This is digital planet.

SamsungTech News

Galaxy S10e ထက်ဈေးသက်သာတဲ့ Flagship ဖုန်းကို Samsung အနေနဲ့မိတ်ဆက်လာနိုင်မလား

ပြီးခဲ့တဲ့ Samsung အနေနဲ့ 2019 Galaxy S10 Flagship series ကို New York မှာစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Galaxy S10 series မှာတော့ Galaxy S10, S10 5G, Galaxy S10 Plus နဲ့ Galaxy S10e တို့ပါဝင်ခဲ့ပါတယ်။ ထို့အထဲမှာတော့ Galaxy S10e ကတော့ အနိမ့်ဆုံး Version ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၇၄၉ (မြန်မာငွေ ၁၁ သိန်း) ဝန်းကျင်နီးပါးဖြစ်ခဲ့ပါတယ်။ ဒါ့ဟာ Galaxy S10 နဲ့ Galaxy S10 Plus တို့နဲ့ယှဉ်ရင်ဈေးကြီးတယ်လို့တောင်ပြောလို့မရတဲ့အနေအထားဖြစ်နေပါတယ်။

Samsung အနေနဲ့ အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်ကုမ္ပဏီ တွေရဲ့ Flagship နဲ့ယှဉ်ရင် Galaxy S10e လို့အနိမ့်ဆုံး Version တောင် ဈေးနှုန်းအနေနဲ့ အနည်းငယ်မြင့်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် Samsung အနေနဲ့ Mid-range အထက်ပိုင်း ဈေးကွက်ကိုအဓိက အာရုံစိုက်လာဖွယ်ရှိနေပါတယ်။ ကောလာဟလ တွေအရ တောင်ကိုရီယား အခြေစိုက် ကမ္ဘာရောင်းအား အကောင်းဆုံးကုမ္ပဏီ ဟာ Flagship segment နဲ့ ပိုမိုဈေးသက်သာတဲ့ Flagship ဖုန်းကိုထုတ်လုပ်ဖို့ကိုနီးစပ်နေတယ်လို့သိရပါတယ်။ ဈေးနှုန်းအနေနဲ့လည်း လက်ရှိ Galaxy S10e ထက်ပိုမိုသက်သာဖွယ်ရှိနေတယ်လို့လည်းသိရပါတယ်။

ဒီ သတင်းကိုတော့ Tipster တစ်ဦးမှ Twitter မှာဖော်ပြခဲ့ပြီး Samsung အနေနဲ့ Snapdragon 855 Chipset သုံး Flagship ဖုန်းတွေကို ၆ လုံးထက်မက ထုတ်လုပ်မှာဖြစ်တယ်လို့ဆိုပါတယ်။ Samsung အနေနဲ့ Galaxy S10 series (Galaxy S10, S10+, S10e) နဲ့ နောက်ထွက်ရှိမဲ့ 5G Galaxy S10 နဲ့ Galaxy Fold စတဲ့ flagship ဖုန်း ၅ လုံးမှာ Snapdragon 855 chipset ကိုသုံးပေးထားတာဖြစ်ပြီး ဒီနှစ်ထဲမှာပဲ Galaxy Note 10 ကိုမိတ်ဆက်ဖို့ရှိနေပါသေးတယ်။ ဒါအပြင် တောင်ကိုရီးယား ကုမ္ပဏီကြီး အနေနဲ့ နောက်ထပ် Flagship ဖုန်းတွေကိုထွက်ရှိဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

Samsung အနေနဲ့လက်ရှိမှာတော့ Mid-range ကိုအဓိကအာရုံစိုက်နေပုံရပြီး ဒီ ကောလာဟလ ဟာ အမှန်တကယ်ဖြစ်လာဖွယ်ရှိနေတယ်လို့တော့ပြောလို့မရသေးပါဘူး။ Galaxy S10e အနေနဲ့ RAM 8GB, Snapdragon 855 စတာတွေပါဝင်ခဲ့ပေးမဲ့ အချို့ Flagship feature တွေဖြစ်တဲ့ In-display Fingerprint လိုမျိုးကျ ပါဝင်လာခဲ့ခြင်းတော့မရှိခဲ့ပါတယ်။ ယခုနှစ်မှာတော့ Snapdragon 855 SoC နဲ့ Galaxy S10 series, Galaxy Fold တို့အပြင် Xperia 1, Mi 9, Mi MIX 3 5G စတဲ့စမတ်ဖုန်းတချို့ထွက်ရှိထားပြီး အဲ့နောက်မှာတော့ Galaxy Note 10, OPPO Find Z နဲ့ OnePlus 7 စတဲ့စမတ်ဖုန်းတွေမှာလည်းပါဝင်လာဖို့ရှိနေပါတယ်။ လက်ရှိဈေးကွက်ထဲမှာတော့ ဈေးနှုန်းသက်သာတဲ့ Flagship ဖုန်းတွေအနေနဲ့ POCOPHONE, Meizu 16th Series နဲ့ iQOO တို့ရှိနေပြီး Samsung အနေနဲ့ Budget-flagship ဖုန်းကိုထုတ်မယ်ဆိုရင်တော့ အဆိုပါ Brand တွေကိုကျော်ဖြတ်ဖို့ကိုအတော်ကြိုးစားရဖွယ်ရှိနေပါတယ်။

Ref: Gizmochina