fbpx

This is digital planet.

SamsungTech News

Galaxy S11 နဲ့ပက်သက်ပြီး အချက်အလက်အချို့ပေါက်ကြား

Q1 2020 မှာ စတင်မထွက်လာခင် Samsung Galaxy S11 ဟာ တရုတ်ပြည်မှာ တရား၀င် မှတ်ပုံတင်တာပြီးစီးခဲ့ပါပြီ။ Galaxy S series ပရိတ်သတ်တွေအနေနဲ့ Galaxy S11 မှာ Powerful Cameras ၊ 120 Hz Display နဲ့ တစ်ခြားဆန်းသစ်မှုတွေပါ၀င်လာမယ်လို့ Tease ခံထားရပါတယ်။ တကယ့်အပြင်မှာတော့ သာမာန်လောက်ပဲဖြစ်လာနိုင်တယ်ဆိုရင် ဝမ်းနည်းစရာပါ။ ၂၀၂၀ ဖေဖော်၀ါရီလလောက်မှာ Samsung အနေနဲ့ သူတို့ရဲ့ Galaxy S11 Model အသစ်နဲ့ပက်သက်ပြီးမိတ်ဆက်နိုင်ပါတယ်။

သတင်းများအရ Galaxy S11 ရဲ့ဘူးထဲမှာ 25W charger ပဲ ပါ၀င်လာမယ်လို့ သိရပါတယ်။ ထိုအကြောင်းတွေကို @UniverseIce ကဖော်ပြထားတာပါ။ သူကပဲ Samsung Galaxy S11 ဟာ တရုတ်မှာ မကြာသေးခင်က မှတ်ပုံတင်ခဲ့ပြီးပီလို့ အတည်ပြုခဲ့ပါတယ်။ ရလဒ်အနေနဲ့ ပုံတစ်ပုံမှာ Galaxy S11 မှာ EP-TA800 ပါ၀င်လာမယ့်အကြောင်းကိုဖော်ပြထားပါတယ်။ ဆက်စပ်ပြောရရင် EP-TA800 ဟာ Galaxy Note 10+ မှာပါ၀င်တဲ့ Charger နဲ့တူနေပါတယ်။ EP-TA800 Samsung’s 25W charger ကို ChargerLab အနေနဲ့ Review တွေလုပ်ခဲ့ပါသေးတယ်။ Website မှာ လက်တွေ့ပြထားတဲ့ စမ်းသပ်မှုတွေအရ Charger ဟာ Galaxy S10+ အတွက် ကြော်ငြာထားသလို 25W ‌ပေးနိုင်ခြင်းမရှိဘဲ 14.7 W သာပေးနိုင်ပါတယ်။

(Image source: @UniverseIce)

Galaxy S11 မှာ Galaxy Note 10+ တုန်းကလို 45 W charger ကိုထောက်ပံ့ပေးလာမယ်လို့ UniverseIce ကဖော်ပြထားပါတယ်။ ဒါပေမယ့် ဖုန်း၀ယ်ကတည်းက 45W charger ပါ၀င်လာမှာ မဟုတ်ဘဲ Samsung က 45W EP-TA845 charger ကိုသီးခြားရောင်းချလာမှာပါ။ UniverseIce ရဲ့ followers တွေရဲ့ အကြံပြုချက်တွေမှာ Samsung ဟာသူ့ရဲ့ နောက် Flagship ဖုန်းမှာ 25W charger သာထည့်ပေးပြီး ကပ်စေးနဲတဲ့သဘောပြုလုပ်နေတယ်လို့ ပြောထားကြပါတယ်။ တစ်ချို့သောသူတွေပြောထားတာက Huawei ၊ OnePlus ၊ OPPO နဲ့ Realme တို့ရဲ့ ဖုန်းတွေမှာ Samsung ထက်ပိုများတဲ့ Wattage chargers တွေပါ၀င်တယ်လို့ ပြောထားကြပါတယ်။

25W charging ထက် 45W charging ကို ယူဆောင်လာတဲ့ကောင်းကျိုးအပေါ်မှာ သဘောမတူညီမှုတစ်ချို့ရှိနေပါတယ်။ 25W charger ဟာ ဖုန်းတစ်လုံးကို တစ်နာရီအတွင်းအားဖြည့်ပေးနိုင်တယ်လို့ ဖော်ပြချက်တွေအရသိရပါတယ်။ ထိုအမြန်နှုန်းဟာ လူတစ်ချို့ရဲ့ စိတ်ရှည်မှုအတွက် လုံလုံလောက်လောက်ရှိပါတယ်။ 25W charging နဲ့ 45W charging ကြားမှာ အလွန်ဆုံးကွာ 10 minutes လောက်သာကွာနိုင်တဲ့အတွက် အရမ်းကြီးလည်း မထူးခြားသွားနိုင်ပါဘူး။ တစ်ချို့သောသူတွေ ထင်တာက US$1,000 တန် ဖုန်းမှာ Samsung အနေနဲ့ အကောင်းဆုံး Hardware ခံစားပိုင်ခွင့်ပေးရမယ်လို့ ထင်ကြပါတယ်။ ဒါလည်း ဖြစ်သင့်တယ်လို့လဲ မြင်ပါတယ် သို့သော် ဆရာကြီးတွေက အထာကိုင်တာများပါတယ်။

Samsung ရဲ့ Flagship ဖုန်းတွေမှာ ဘယ် Wattage charger ပါ၀င်လာမလဲဆိုတဲ့ မေးခွန်းဟာ ဘယ်လို Android OEM ဖြစ်လာချင်လဲဆိုတာ အပေါ်မူတည်ပါတယ်။ Notebook Check Website က Samsung အနေနဲ့ နောက်ထပ် Flagship handsets မျိုးဆက်တွေမှာ 25W chargers တွေပါ၀င်လာပါက အခြားသော ဖုန်းနယ်ပယ်နဲ့ယှဥ်ရင် မတော်လှန်နိုင်တဲ့အတွက် ဝမ်းသာတယ်လို့ မှတ်ချက်ပေးသွားပါတယ်။ ဒါက ရွဲ့စောင်းတဲ့ မှတ်ချက်မျိုးဖြစ်နိုင်သလို ခနဲ့တာမျိုးလဲဖြစ်နိုင်ပါတယ်။

Ref: Notebook Check