fbpx

This is digital planet.

SamsungTech News

Galaxy S11+ မှာ ပါဝင်မည့် Camera Setup ပုံထွက်ပေါ်

Galaxy S11 နဲ့ပက်သက်ပြီး ပုံတွေစပေါ်တဲ့အခါ Fan တွေ၊ Smartphone Crazy တွေ လူတွေကြားမှာ အတော်လေး အငြင်းအခုံဖြစ်ခဲ့ပါတယ်။ အစောပိုင်းထွက်ခဲ့တဲ့ပုံတွေက အချို့ Tipsters တွေရဲ့  Camera Setup ကို ခန့်မှန်းထားသော Rendering ပုံများဖြစ်ပြီး အခုအခါမတူညီတဲ့ ပုံစံနဲ့ OnLeaks ကနောက်ဆုံးပုံတွေ ထွက်ပေါ်လာပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ ပုံက Galaxy S11 နဲ့ပက်သက်ပြီး အစစ်အမှန်ဖြစ်တယ်လို့လဲ သတင်းများထွက်ပေါ်နေပါတယ်။

ဘယ်ဘက်ခြမ်းက OnLeak ပုံ၊ ညာဘက်ခြမ်းက ခန့်မှန်း Render ပုံ

အခုနောက်ဆုံးထွက်လာတဲ့ ပုံအရ Quad Camera Setup ကိုတွေ့ရပြီး Camera Bump ရဲ့ ဘယ်ဘက်ခြမ်းမှာ Sensor ၃ ခု ညာဘက်ခြမ်းမှာတော့ Sensor ၁ ခုနဲ့ LED Flash ကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့ တပတ်လောက်က အခြား Leakster တစ်ဦးဖြစ်တဲ့ IceUniverse က Galaxy S11+ ရဲ့ Final Camera Configuration နဲ့ပက်သက်ပြီး ထုတ်ဖော်ပြခဲ့ပါတယ်။ IceUniverse အရ Galaxy S11+ မှာ 9 in 1 Bayer Technology ကိုအသုံးပြုထားမည့် 108MP Main Sensor ပါဝင်နိုင်တယ်လို့ သိရပါတယ်။

New Samsung Galaxy S11+ render shows actual camera positions

Camera Bump ရဲ့ ဘယ်ဘက်အပေါ်ထောင့်က Lens က Ultra-wide Sensor ဖြစ်နိုင်ပြီး 108MP Lens ရဲ့ အောက်ဘက်မှာ တည်ရှိတဲ့ Lens ကတော့ 5x Periscope Zoom Lens ပဲ ဖြစ်ပါတယ်။ ညာဘက်အပေါ်ထောင့်က Lens ကတော့ ToF Sensor ပဲဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်လာတဲ့ OnLeak က ပုံက Galaxy S11 Series ရဲ့ အစစ်အမှန် Camera Setup ပုံဖြစ်တယ်လို့ သတင်းများထွက်ပေါ်နေပြီး Samsung အနေနဲ့ ထို Flagship ဖုန်းကို မိတ်ဆက်ဖို့  ၂ လလောက်လိုသေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီရက်ပိုင်းကြားထဲမှာ ပိုတိကျတဲ့ သတင်းတွေကို ကြားနိုင်ရပါသေးတယ်။

Source: GSMArena