fbpx

This is digital planet.

SamsungTech News

Galaxy S20 ရဲ့ ကင်မရာ အချက်လက်တွေ ပေါက်ကြားလာပြီ

ဖေဖော်ဝါရီလ ၁၁ ရက်လောက်ဆိုရင်ပဲ လူသိရှင်ကြား ကြေညာခံရတော့မယ့် Galaxy S20 အချက်လက်တွေက အတော်လေး အခက်လက် စုံနေပြီလို့ ပြောလို့ရနေပါပြီ။ အခုဆိုရင်လည်း မိုဘိုင်း Photography မှာ HUAWEI P40 စီးရီးနဲ့ ယှဥ်ဖို့ အသုံးပြုလာမယ့် ကင်မရာ အချက်လက်တွေကို Ice Universe ထုတ်ဖော်လိုက်ပါပြီ။

ထွက်ပေါ်လာတဲ့သတင်းအရ Samsung အနေနဲ့ Galaxy S20 စီးရီးမှာ ကင်မရာပိုင်း အကြီးကျယ် ပြောင်းလဲထားတယ်လို့ ယူဆရပြီး ၂၀၂၀ မှာ Trend တစ်ခုလိုဖြစ်နေတဲ့ Quad Bayer စနစ်ကိုလည်း အသုံးပြုထားပြီ ဖြစ်ပါတယ်။

Galaxy S20 Family

Galaxy S20 Family (Image Credit: TweakTown)

S20 Ultra

အထူးသဖြင့် Main Sensor ကို Mi Note 10 မှာ အသုံးပြုခဲ့တဲ့ 108MP ကိုပဲ အဆင့်မြင့်လိုက်ပြီး S20 Ultra မှာတော့ S5KHM1 (S5KHMX in Mi Note 10) Sensor ဖြစ်သွားပါပြီ။ ဒါကို ISOCELL 1/2.65″ with 0.7µm Pixels ရှိ 44MP ISOCELL Ultra-wide Sensor နဲ့ တွဲဖက်မှာ ဖြစ်ပါတယ်။

Zoom အတွက် Sony ရဲ့ IMX586 48MP Sensor နဲ့ Coupling လုပ်မှာဖြစ်ပြီး ဒီ Sensor ဟာ 1/2″ with 0.8µm Pixels ရှိပါတယ်။ ဒါကြောင့် Samsung အနေနဲ့ Quad Bayer နည်းပညာကို S20 စမတ်ဖုန်းမှာ အသုံးပြုနေပြီလို့ ခန့်မှန်းရပြီး နောက်ဆုံး Sensor ကတော့ Sony IMX518 ToF Sensor ဖြစ်တယ်လို့ သိရပါတယ်။

Galaxy S20 Ultra
Galaxy S20+
Galaxy S20
Primary
108MP S5KHM1 12MP IMX555, 1.8µm 12MP IMX555, 1.8µm
Zoom
48MP IMX586, 1/2″, 0.8µm 64MP S5KGW 64MP S5KGW
Ultra-wide
44MP S5KGH1, 1/1.26″, 0.7µm 12MP S5K2LA 12MP S5K2LA
ToF
IMX518 IMX516
Selfie
10MP IMX375, 1/3.2″, 1.22µm

S20+/S20

iPhone တုန်းက 11 Pro Max နဲ့ 11 Pro ကင်မရာပိုင်းမှာ စကားပြောသလို S20 စီးရီးမှာလည်း ဒီအထာမျိုးလုပ်ထားပါတယ်။ သုံးထားတဲ့ Sensor သိသိသာသာ ကွာသွားသလို S20+ နဲ့ S20 ဖုန်းတွေမှာ Sony IMX555 (1.8µm) 12MP Sensor [No Pixel Binning] ၊ 64MP S5KGW [ISOCELL GW1] Zoom Camera နဲ့ 12MP S5K2LA Sensor [1.25µm ~ 1.4µm pixels] တွေ သုံးထားပါတယ်။

Galaxy S20+ မှာတော့ Sony IMX516 ToF Sensor သုံးထားပြီး S20 မှာ မပါဝင်ပါဘူး။ Selfie အတွက်ကိုတော့ S20 မော်ဒယ် ၃ မျိုးစလုံးမှာ Galaxy S10 ၊ Note10 ဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ Sony IMX375 10MP (1/3.2″ with 1.22µm) Dual PDAF Sensor ကိုပဲ ဆက်သုံးထားတာ တွေ့ရပါတယ်။

ဒါကြောင့် Galaxy S20 Ultra ကို ကင်မရာပိုင်း ပိုကောင်းလာမယ်လို့ သုံးသပ်ရပြီး ဖေဖော်ဝါရီလ ၁၁ ရက်ဆိုရင်ပဲ မြင်ရတော့မယ့် Galaxy စမတ်ဖုန်းသစ်ကို စောင့်ကြည့်လိုက်ရအောင်။

Source: GSMArena