This is digital planet.

ArticlesSamsung

Galaxy S20 က ၂၀၂၀ ရဲ့ အကောင်းဆုံး စမတ်ဖုန်း ဖြစ်လာနိုင်မလား?

Samsung အနေနဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Galaxy S20 စီးရီးတွေကို မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း Mid-range ဖုန်းတွေဖြစ်တဲ့ Galaxy S10 Lite နဲ့ Note10 Lite ၂ မျိုး ကြေညာထားသလို S20 စီးရီးမှာ ဘာထူးခြားလာဦးမလဲ?

အသေချာဆုံး ပြောနိုင်တာက S10 Lite နဲ့ Note10 Lite ဒီဇိုင်းနဲ့ မြင်တွေ့ရမှာဖြစ်ပြီး S20 စီးရီးမှာ ပြောင်းလဲသွားမှာက Display ၊ Performance နဲ့ ကင်မရာပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒါဆိုရင် အရင်ဆုံး Display ပိုင်းကနေ အရင်ပြောကြည့်တာပေါ့။

Samsung New Infinity Display

New Infinity Display Concept (Image Credit: Forbes)

OLED Display with 120Hz

မှန်ပါတယ်၊ 120Hz Refresh Rate ရှိတဲ့ OLED Display ဆိုတာ Industrial Leading နည်းပညာလို့ သုံးသပ်နိုင်ပါတယ်။ လက်ရှိ OLED Display အများစုဟာ 60Hz Refresh Rate ထက် ပိုမတွန်းသလို Resolution အနေနဲ့လည်း 4K အထိပဲ ထောက်ပံ့ထားပါသေးတယ်။

Samsung ကတော့ 3200 x 1440p Resolution ရှိတဲ့ 3K OLED Panel ကို 120Hz ထောက်ပံ့မယ်လို့ သိထားရပေမယ့် Just in Case (သိထားရုံလို့ပဲ သဘောထားပါ) ဘာလို့လဲဆိုတော့ Galaxy S20 စီးရီးမှာ အသုံးပြုလာမယ့် 120Hz Refresh Rate ဟာ WQHD (May be) Resolution အထိပဲ အသုံးပြုနိုင်တယ်လို့ Ice Universe က ထုတ်ပြောထားလို့ ဖြစ်ပါတယ်။

ဒါဆိုရင် WQHD+ 120Hz ကို Samsung Abandon လုပ်လိုက်ပြီလား? အတိကျ မပြောနိုင်သေးသလို Industrial Leading နည်းပညာ ဖြစ်တဲ့အတွက် ပါလည်းပါနိုင်တယ်

မပါလာမယ့် အကြောင်းပြချက်က High Pixels + High Refresh Rate = Battery Drain ဖြစ်တဲ့အတွက် 3K Resolution အထက်မှာ 60Hz Refresh Rate ကို Panel က Lock လုပ်ထားနိုင်ပါတယ်။

သဘောက S20 Panel ဟာ WQHD+ Resolution မှာ 120Hz နဲ့ အလုပ်လုပ်တယ်လို့ ယေဘူယျသုံးသပ်နိုင်ပြီး Display ဒါမှမဟုတ် GPU Firmware မှာ 60Hz Cap လုပ်ထားမယ်လို့ ပြောနိုင်ပါတယ်။

ပြဿနာက OnePlus 8 မှာတောင် 120Hz Refresh Rate သုံးမယ့်အချိန် Galaxy User တွေရော အပြည့်ဝ ခံစားရနိုင်ပါ့မလား? (No Comments)

The Screen Sizes

မျက်နှာပြင် အရွယ်အစားအနေနဲ့ကတော့ Galaxy S20 Ultra မှာ 6.9″ ၊ S20+ မှာ 6.7″ နဲ့ S20 မှာ 6.2″ အသီးသီး ရှိမှာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Resolution နဲ့ Infinity-O Panel တွေလည်း အတူတူဖြစ်တဲ့အတွက် PPI အားဖြင့်ပြောရရင် 511 PPI ၊ 525 PPI နဲ့ 563 PPI ရှိမှာပါ။

ဒါကြောင့် S20 Ultra ဟာ Samsung ရဲ့ မျက်နှာပြင် အရွယ်စားအကြီးဆုံး စမတ်ဖုန်းဖြစ်လာသလို 6.9″ ဆိုတာဟာ အသေးစား Tablet တစ်လုံးရဲ့ Screen Size နဲ့တောင် သွားတူနေပါတယ်။ S20+ ကတော့ Galaxy Note10+ နဲ့ သိပ်မကွာတဲ့အတွက် Screen ကြီးကြီးသုံးလိုသူတွေအတွက် ပိုသင့်တော်မယ် ထင်ပါတယ်။

Galaxy S20 Family

Galaxy S20 Concepts (Image Credit: TweakTown)

S20 ကတော့ မော်ဒယ် ၃ မျိုးထဲမှာ အရွယ်စား အသေးဆုံးနဲ့ အပေါ့ဆုံးလည်း ဖြစ်ပါတယ်။ 6.2″ ပဲ ရှိတဲ့အတွက် ပိုပြီးတော့လည်း Portable ဖြစ်ပါတယ်။ ခြုံငုံပြီး ပြန်ပြောရရင်တော့ S20 ဟာ Price to Performance အပိုင်းမှာ S10e တုန်းကလိုပဲ ရွေးချယ်စရာ ဖုန်းတစ်လုံးဖြစ်နေမယ်လို့ သုံးသပ်မိပါတယ်။

Performance

ဒါဆိုရင် စွမ်းဆောင်ရည်ပိုင်း ဆွေးနွေးကြည့်တာပေါ့။ Galaxy S20 စီးရီးတွေမှာ 12GB RAM သုံးလာမယ်လို့ ကျွန်တော်တို့ သိထားရပါတယ်။

နောက်တစ်ခု ပြောလို့ရသေးတာက လက်ရှိစမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ LPDDR4X (Low Power Double Dynamic RAM) ထက် ပိုမြန်တဲ့ LPDDR5 RAM သုံးလာမယ့်အချက်ဖြစ်ပါတယ်။

When Smartphone has more RAM than your PC

Samsung အနေနဲ့ 12GB LPDDR5 RAM Chip တွေကို ၂၀၁၉ နှစ်လယ်ပိုင်းကတည်းက Mass-production ထုတ်နေတာဖြစ်ပေမယ့် စမတ်ဖုန်းတွေဆီ ရောက်ရှိလာခြင်း မရှိသေးပါဘူး။

Specification အရ ပြောရမယ်ဆိုရင်တော့ LPDDR5 Chip တွေဟာ ၁ ဆခွဲ ပါဝါစား သက်သာမှာ ဖြစ်ပါတယ်။

Samsung LPDDR5 Mobile RAM

Image Credit: Samsung

Random Access Speed အနေနဲ့ 5,500MB/s ရှိတဲ့အတွက် 44GB အရွယ်စားရှိတဲ့ ဗီဒီယိုဖိုင်ကူးမယ်ဆိုရင် 12GB x 5,500MB/s ကြောင့် တစ်စက္ကန့်၊ နှစ်စက္ကန့်မျှသာ ကြာမှာဖြစ်ပါတယ်။ 4,266 MB/s မြန်နှုန်းရှိ LPDDR4X နဲ့ ယှဥ်ရင်တော့ ၁.၃ ဆ ကွာသွားပြီလို့ ကျွန်တော်တို့ သုံးသပ်နိုင်ပါတယ်။

လက်ရှိအနေထားတိုင်းဆိုရင်တော့ 12GB LPDDR5 Package ကို Galaxy S20 မှာ အရင်ဆုံးမြင်ရနိုင်ပြီး Samsung NewsRoom ကြေညာချက်အရ ၂၀၂၀ နှစ်လယ်ပိုင်းမှာ 16GB RAM ကိုလည်း မြင်ရနိုင်ပါတယ်။

7nm Exnyos with 5G Modem

ဒုတိယ အနေနဲ့ ကျွန်တော်တို့ ဆွေးနွေးလို့ရတာက 5G ပါလာမယ့် Exynos နဲ့ တွေ့ဖူးနေကျ Exynos SoC (System on Chip) ၂ မျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရောက်လာဖြစ်ဖို့များတာက 5G မပါတဲ့ Exynos 9830 (ခန့်မှန်း) ဖြစ်ပြီး အနောက်နိုင်ငံတွေမှာတော့ 5G ပါတဲ့ Exynos 990 SoC ဒါမှဟုတ် Snapdragon 865 တွေနဲ့ ရောင်းချသွားနိုင်ပါတယ်။

Processor အပိုင်းနဲ့ ဆက်စပ်လို့ ပြောလို့ရတဲ့အချက်က Samsung အနေနဲ့ မျိုးဆက်သစ် Exynos SoC တွေမှာ Custom Mongoose Core တွေအစား ARM ရဲ့ Cortex Performance Core တွေ အသုံးပြုလာနိုင်ချေ ရှိပါတယ်။

Samsung Exynos 5G Modem

Image Credit: Samsung

အတိကျတော့ မဆိုလိုပေမယ့် အမေရိကန်မှာရှိတဲ့ CPU သုတေသန ဌာနတစ်ခုလုံးကို ရပ်နားလိုက်တယ်လို့ Reuters (Seoul) သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အကြောင်းပြချက်ကိုတော့ ဝယ်လိုအားနည်းလာတဲ့ စျေးကွက်အနေထားကြောင့် ၂၀၂၀ အတွင်းမှာ ရပ်နားမယ်လို့ သတင်းထွက်လာတာဖြစ်ပြီး Exynos Chip တွေမှာ အသုံးပြုနေတဲ့ Mongoose Architecture ကိုလည်း Abandon လုပ်မယ်လို့ သိထားရတာ ဖြစ်ပါတယ်။

ဒါကြောင့် Galaxy S20 စီးရီးမှာ အသုံးပြုလာမယ့် Exynos တွေဟာ အရင် Generation တွေထက ပိုကောင်းလာမယ်လို့ သုံးသပ်ရပြီး အထူးသဖြင့် Power Efficient ဖြစ်တဲ့အပိုင်းနဲ့ Heat Issue ကို ဖြေရှင်းသွားမယ်လို့ သုံးသပ်ရပါတယ်။
ဒါပေမယ့် ခုချိန်မှာပြောဖို့စောသေးပြီး မိတ်ဆက်သွားတဲ့အခါကျမှသာ ဘာထူးခြားဦးမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

S20! is all about the camera

အကြီးဆုံး စိန်ခေါ်မှုလို ဖြစ်နေတဲ့ Smartphone Photography အတွက် S20 မှာ အသားကုန်ကြုံးပစ်လိုက်တာ မဆန်းဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် HUAWEI ထုတ်ကုန်တွေက Galaxy တွေကို မျက်နှာငယ်စေသလို မနေ့တနေ့ကတင်ပဲ DxOMark အမှတ်ပေးဇယားရဲ့ တတိယ နေရာရောက်ရှိလာတဲ့ HONOR V30 Pro က ထပ်ဆင့် အားဖြည့်ထားသလို ဖြစ်နေပါပြီ။

Galaxy S10

S10 Camera (Image Credit: Android Headlines)

ထွက်ပေါ်လာတဲ့သတင်းအရ Samsung အနေနဲ့ Galaxy S20 စီးရီးမှာ ကင်မရာပိုင်း အကြီးကျယ် ပြောင်းလဲထားတယ်လို့ ယူဆရပြီး ၂၀၂၀ မှာ Trend တစ်ခုလိုဖြစ်နေတဲ့ Quad Bayer စနစ်ကိုလည်း အသုံးပြုထားပြီ ဖြစ်ပါတယ်။

S20 Ultra

အထူးသဖြင့် Main Sensor ကို Mi Note 10 မှာ အသုံးပြုခဲ့တဲ့ 108MP ကိုပဲ အဆင့်မြင့်လိုက်ပြီး S20 Ultra မှာတော့ S5KHM1 (S5KHMX in Mi Note 10) Sensor ဖြစ်သွားပါပြီ။ ဒါကို ISOCELL 1/2.65″ with 0.7µm Pixels ရှိ 44MP ISOCELL Ultra-wide Sensor နဲ့ တွဲဖက်မှာ ဖြစ်ပါတယ်။

S20 Ultra Concept

Concept (Image Credit Global News)

Zoom အတွက် Sony ရဲ့ IMX586 48MP Sensor နဲ့ Coupling လုပ်မှာဖြစ်ပြီး ဒီ Sensor ဟာ 1/2″ with 0.8µm Pixels ရှိပါတယ်။ ဒါကြောင့် Samsung အနေနဲ့ Quad Bayer နည်းပညာကို S20 စမတ်ဖုန်းမှာ အသုံးပြုနေပြီလို့ ခန့်မှန်းရပြီး နောက်ဆုံး Sensor ကတော့ Sony IMX518 ToF Sensor ဖြစ်တယ်လို့ သိရပါတယ်။

S20+/S20

iPhone တုန်းက 11 Pro Max နဲ့ 11 Pro ကင်မရာပိုင်းမှာ စကားပြောသလို S20 စီးရီးမှာလည်း ဒီအထာမျိုးလုပ်ထားပါတယ်။ သုံးထားတဲ့ Sensor သိသိသာသာ ကွာသွားသလို S20+ နဲ့ S20 ဖုန်းတွေမှာ Sony IMX555 (1.8µm) 12MP Sensor [No Pixel Binning] ၊ 64MP S5KGW [ISOCELL GW1] Zoom Camera နဲ့ 12MP S5K2LA Sensor [1.25µm ~ 1.4µm pixels] တွေ သုံးထားပါတယ်။

Galaxy S20 Ultra
Galaxy S20+
Galaxy S20
Primary
108MP S5KHM1 12MP IMX555, 1.8µm 12MP IMX555, 1.8µm
Zoom
48MP IMX586, 1/2″, 0.8µm 64MP S5KGW 64MP S5KGW
Ultra-wide
44MP S5KGH1, 1/1.26″, 0.7µm 12MP S5K2LA 12MP S5K2LA
ToF
IMX518 IMX516
Selfie
10MP IMX375, 1/3.2″, 1.22µm

Galaxy S20+ မှာတော့ Sony IMX516 ToF Sensor သုံးထားပြီး S20 မှာ မပါဝင်ပါဘူး။ Selfie အတွက်ကိုတော့ S20 မော်ဒယ် ၃ မျိုးစလုံးမှာ Galaxy S10 ၊ Note10 ဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ Sony IMX375 10MP (1/3.2″ with 1.22µm) Dual PDAF Sensor ကိုပဲ ဆက်သုံးထားတာ တွေ့ရပါတယ်။

Last but not Least

နောက်ဆုံးအနေနဲ့ ပြောရရင် Galaxy S20 စီးရီးမှာ ကင်မရာပိုင်း Focus ထားလာတယ်လို့ မြင်မိပါတယ်။ အထူးသဖြင့် Optical Zoom ကို ၅ ဆအထိ ရိုက်ကူးလာနိုင်သလို Digital Zoom ကို အဆ ၃၀ ၊ Selfie မှာဆိုရင်လည်း 4K 60fps ရလာပြီ ဖြစ်ပါတယ်။

Samsung Galaxy S20

Galaxy S20 series (Image Credit: Notebookcheck)

လက်ရှိအနေထားတိုင်းဆိုရင်တော့ S20 စီးရီးကို တကယ်လန်းမယ့် Flagship စမတ်ဖုန်းလို့ မြင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်တန်ဖိုးနဲ့ ရောင်းချသွားနိုင်မလဲ? ပြိုင်ဖက်တွေကရော ဘယ်လို ထုတ်ကုန်မျိုးနဲ့ တုံ့ပြန်ဦးမလဲဆိုတာ ဆောင်းပါးလေး ဖတ်ရှုရင်းနဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ စောင့်ကြည့်လိုက်ရအောင်။

Source: GSMArenaSamsung NewsRoom ၊ Reuters (Seoul)