This is digital planet.

SamsungTech News

Stylus Pen Support နဲ့အတူ Galaxy Tab S6 Lite က တမူထူးခြားတဲ့ Tablet ဖြစ်လာနိုင်မလား

Galaxy Tab S6 Lite ဆိုလို့ Android Tablet မသေဆုံး (သို့) မပျောက်ကွယ်သေးတာ Samsung လို Premium ၊ Mid-range Class နဲ့ Entry Level ထုတ်ကုန်တွေ ကြောင့်ပါ။ တချို့သော Manufacturer တွေ Tablet ဖက် လိုင်းပြောင်းကျပေမယ့် Android အမျိုးစားကိုမှ User Experience ကောင်းကောင်း ပံ့ပိုးထားတာ မြင်ရခဲပါတယ်။

လက်ရှိအချိန်မှာ HUAWEI Tablet တချို့နဲ့ Galaxy Tab တွေကို iPad တွေနဲ့တန်းတူ အများဆုံး ထုတ်လုပ်ရောင်းချနေတော့ အကယ်၍ စာဖတ်သူတွေ အနေနဲ့ Tablet တလုံး ဝယ်ယူဖို့ စဥ်းစားနေရင် ဘယ်လို ရွေးချယ်နိုင်မလဲ?

ဒိအတွက် စျေးကွက်ထဲ ဝယ်ယူနိုင်ပြီဖြစ်တဲ့ Galaxy Tab S6 Lite နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ဦးဆုံး Design & Display ပိုင်းက စလိုက်ကြတာပေ့ါ။

Galaxy Tab S6 Lite

Lite Version ဟာ အမြင်အားဖြင့် ဆုံးဖြတ်ရမယ်ဆိုရင် Tab S6 နဲ့ အတော်လေး ဆင်တူပါတယ်။ Tablet ကိုယ်ထည် ကျောဘက်ကိုယ်ထည်ကို အလူမီနမ် သတ္ထုကိုယ်ထည်နဲ့ ထုပ်ပိုးထားပြီး Stylus Pen Support ပါဝင်တာကို တွေ့ရမှာပါ။

Build Quality ပိုင်းမှာ မဆိုသာပေမယ့် Display ပိုင်းမှာတော့ စကားပြောပါတယ်။ Lite Version မှာ 10.4” Screen ကိုပဲ ဆက်သုံးထားပေမယ့် တမူထူးခြားသွားတာ TFT (Thin Film Transistor) Display ဖြစ်သွားတာပါ။

Galaxy Tab S6 Lite

Image: Samsung

Resolution အနေနဲ့လည်း Tab S6 လို 16:10 Format မသုံးတော့ဘဲ 5:3 Aspect Ratio ဖြစ်တဲ့ 1,200 x 2,000p Resolution တပ်ဆင်ပေးထားပါတယ်။ Full HD+ ဖြစ်တဲ့အတွက် 10.4” Screen ဟာ Pixelated ဖြစ်မနေစေသလို 224ppi ရှိတဲ့အတွက် ညက်ညောတဲ့ ရုပ်ထွက်ကို မြင်တွေ့ရမှာပါ။

with Exynos Chipset

စွမ်းဆောင်ရည် အပိုင်းမှာတော့ Exynos 9611 သုံးစွဲထားတဲ့အတွက် စျေးကွက်ထဲ မြင်ရနေတဲ့ Galaxy A51 ၊ A50s တို့နဲ့ မတိမ်းမယိမ်း ဖြစ်နေမယ်လို့ သုံးသပ်ရပါတယ်။ အဆိုပါ Chipset နဲ့အတူ Tablet မှာ 4GB RAM ပါဝင်လာမှာဖြစ်ပြီး Storage Option ကို 64GB (သို့) 128GB အဖြစ် ရွေးချယ်နိုင်မှာပါ။

Data များများ သိုလှောင်ချင်သူအတွက် microSD Expansion ပါဝင်ပြီး လိုအပ်သလို တိုးချဲ့အသုံးပြုနိုင်မှာပါတယ်။ ကင်မရာပိုင်းမှာ HDR နဲ့ Panorama လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ 8MP Lens တစ်လုံးတပ်ဆင်ပေးထားပြီး Selfie အတွက် 5MP Sensor သုံးစွဲထားလို့ သာမန်ပဲ ရှိတယ်ဆိုရမှာပါ။

Galaxy Tab S6 Lite

Image: Samsung

Audio ပိုင်းမှာ Tab S6 နဲ့ Tab S5e တို့လို စွာတေးလန် ဖြစ်မယ်လို့ ပြောမရတဲ့အချက်က S6 Lite မှာ Stereo Speakers စနစ် သုံးစွဲထားလို့ပါ။ သို့ပေမယ့် Tuned by AKG ဖြစ်တဲ့အတွက် သာမန်ထက် အရည်သွေး ပိုမိုကောင်းမွန်တဲ့ အသံ Quality ကို ခံစားနားဆင်နိုင်မှာပါ။

Stylus Pen Support

အခုလို စွမ်းဆောင်ရည်နဲ့ ကင်မရာပိုင်းတွေမှာ ဝိတ်လျှော့ထားတာ မှန်ပေမယ့် S6 Lite အားသာချက် ဖြစ်နေတာ Styles Pen သုံးလို့ရတာပါ။ 7g အလေးချိန်ရှိတဲ့ အဆိုပါ S Pen ကို အဆင့်မြင့်တင် ပေးထားပြီး Latency နည်းနည်းနဲ့ အသုံးပြုနိုင်ဦးမှာပါ။

ဒါ့အပြင် စာရေးမှတ်ရာတွင်ဖြစ်စေ ၊ ပုံဆွဲတဲ့အခါ ဖြစ်စေ အထောက်ကူဖြစ်စေဖို့ S Pen Tip ကို 0.7mm ထိ သေးသွယ်ထားစေသလို 4,096 Pressure Level Support ပါဝင်တဲ့အတွက် တုံ့ပြန်အားနဲ့ Control ပိုင်းမှာ တိကျမှန်ကန်မှု ရှိစေမှာပါ။

Galaxy Tab S6 Lite

Image: Samsung

တခြား Function ပိုင်းအနေနဲ့ Auto Convert ဆောင်ရွက်ပေးမယ့် လုပ်ဆောင်ချက် ဖြစ်ပြီး S Pen နဲ့ Samsung Notes မှာ ချရေးထားသမျှကို စာတိုအဖြစ် ပြောင်းလဲပေးခြင်း ၊ ခေါင်းစဥ်အလိုက် ရှာဖွေနိုင်ခြင်း ၊ အရေးကြီးတဲ့ စာပိုဒ်များကို S Pen နဲ့ Highlight လုပ်နိုင်ခြင်း ၊ Page Zoom ကို 300% အထိ ချဲ့ကြည့်နိုင်ခြင်း အစရှိတဲ့ Function တွေ သုံးစွဲနိုင်မှာပါ။

အလားတူ စာတို ၊ စာပိုဒ်တွေကို PDF ၊ JPEG ၊ Text File (သို့) Microsoft Word Document အဖြစ် အလွယ်တကူ ပြောင်းလဲပေးနိုင်တာကြောင့် S Pen လုပ်ဆောင်ချက်က အရေးပါတယ် ဆိုရမှာပါ။

Samsung Kids

Stylus Pen အကြောင်း ပြောပြီးသွားရင် တစေ့တစောင်း ဖော်ပြလိုတာ S6 Lite မှာ ပါဝင်တဲ့ Samsung Kids ပါ။ အဆိုပါ Application က မိမိ ကလေးငယ်တွေကို အသုံးပြုချိန် ကန့်သတ်နိုင်ခြင်း ၊ သုံးစွဲနိုင်တဲ့ Apps များ ကန့်သတ်ခြင်းနဲ့ ကလေးသူငယ်တွေ နှစ်သက်သဘောကျမယ့် ဂိမ်းနဲ့ တခြားသော Applications များ ၊ Digital ခေတ်နဲ့ ဆက်သွယ်ပေးနိုင်မယ့် Apps တွေ ပါဝင်တဲ့အတွက် မိသားစုတစ်ခုအတွက် ဘက်စုံသုံး Tablet အဖြစ် ဖန်တီးပေးနိုင်မှာပါ။

အဆိုပါ Tab S6 Lite မှာ 7,040mAh Battery ပါဝင်ပြီး 15W Fast Charging စနစ်နဲ့ အသုံးပြုနိုင်မှာပါ။ Tablet ကို Oxford Gray နဲ့ Angora Blue နှစ်ရောင်အဖြစ် ရွေးချယ်နိုင်ပြီး ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ မြန်မာငွေ ၆၂၉,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

Galaxy Tab S6 Lite

Image: Samsung

လက်ရှိအချိန် Tab S6 Lite ဝယ်ယူသူများ အနေနဲ့ Samsung Book Cover ကို အရေတွက် ကျန်ရှိသေးသည်အထိ လက်ဆောင် ပေးအပ်သွားမှာဖြစ်ပြီး 20GB Mytel အင်တာနက် အသုံးပြုခွင့် ရရှိမှာပါ။

အလားတူ Mytel အချင်းချင်း မိနစ် ၂,၀၀၀ အခမဲ့ ပြောဆိုနိုင်မှာဖြစ်ပြီး အထူးအစီစဥ်အနေနဲ့ No Worry Crack ဝန်ဆောင်မှုကို Samsung ဘက်က ပေးအပ်ထားပါတယ်။

အဆိုပါ အစီစဥ်က Tablet ဝယ်ယူပြီးသည့် နောက် ၃ လအတွင်း မတော်တဆ ဖြစ်ရပ်ကြောင့် အရှေ့မှန် ကွဲအက် ၊ ပျက်စီးခြင်းအတွက် ပစ္စည်းနဲ့ လက်ခ 40% သက်သာခွင့်ကို တစ်ကြိမ် ခံစားခွင့်ရရှိမှာပါ။

Galaxy Tab S6 Lite Official Homepage
Samsung Myanmar သတင်းထုတ်ပြန်ချက်ကို တင်ဆက်ခြင်းသာ ဖြစ်ပါသည်